Mytel တာဝါတိုင်ကို အဝေးထိန်း စနစ်ဖြင့် ဖောက်ခွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။
ဧရာဝတီတိုင်း ဒေသကြီး၊ ဘိုကလေးမြို့နယ်အတွင်းရှိ MyTel ဖုန်းတာဝါတိုင်တစ်ခု အောက်တိုဘာ ၇ ရက်နေ့ နံနက် ၃ နာရီကျော် အချိန်ခန့်က အဝေးထိန်းစနစ်ဖြင့် ဗုံးခွဲ ဖျက်ဆီးခံလိုက်ရသည်ဟု ဒေသခံများ က ပြောသည်။
ဘိုကလေးမြို့နယ် ရုပ်ဆိုင်ကျေးရွာအုပ်စု၊ မလော့ကျေးရွာရှိ တာဝါတိုင်အား လက်လုပ်ဗုံးသုံးလုံးကို အဝေးမှ ဖုန်းနှင့် ထိန်းပြီး ကွန်ထရိုးခလုတ်ဖြင့် ခွဲသွားခြင်းဖြစ်ပြီး၊ လူထိခိုက်ဒဏ်ရာ ရရှိ ခြင်း မရှိဘူးဟု ဒေသခံအုပ်ချုပ်ရေးအဖွဲ့ တစ်ဦး က ပြောသည်။
“ဆိုလာပြား၊ ဝါယာကြိုးတွေနဲ့ ထရန်စဖော်မာပုံးတွေ ပျက်စီးသွားတယ်” ဟု ၎င်းကပြောသည်။
ဘိုကလေး PDF က ယင်း MyTel ဖုန်းတာဝါတိုင်ကို အဆင့်မြင့်နည်းပညာသုံးပြီး ၂ မိုင်ကျော် အကွာအဝေးမှ နေ၍ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
ယခုတာဝါတိုင် ဗုံးခွဲမခံရခင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၃ နာရီ အချိန်ခန့်ကလည်း ဘိုကလေး မြို့နယ် စိန်ဟိုင်းကျေးရွာက MyTel ဖုန်းတာဝါတိုင် မီးရှို့ဖျက်ဆီးခံရကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရ သည်။
ယခုနောက်ပိုင်း ဒေသအတွင်းရှိ MyTel ဖုန်းတာဝါတိုင်များ ဗုံးမခွဲခံရရေးအတွက် စစ်ကောင်စီက လုံခြုံရေး အင် အားတိုးချခြင်း၊ ခြံစည်းရိုးများ ကာရံထားခြင်းများ ပြုလုပ်ထားရှိသည့်ကြားမှပင် အဝေးထိန်း ခလုပ်ဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။
နိုင်ငံအနှံ့ Mytel တာဝါတိုင်များ ဖျက်ဆီးမှုများ ရှိနေသဖြင့် စစ်ကောင်စီက တာဝါတိုင်များ လုံခြုံရေးအတွက် အင်အားအများအပြား အသုံးပြုထားရသည်။
တာဝါတိုင်အနီး နေထိုင်သူ အချို့သည် တာဝါတိုင်းဗုံးကွဲဖျက်ဆီးခံရလျှင် စစ်တပ်က ဖမ်းဆီးစစ်ဆေးမှုများ ရှိနိုင် သည့်အတွက် စိုးရိမ်နေကြသည်ဟုလည်း ဘိုကလေးမြို့ခံ တစ်ဦးက ပြောသည်။
ဧရာဝတီတိုင်းတွင် ပုသိမ်၊ ဘိုကလေး၊ မအူပင်၊ ညောင်တုန်း၊ ကြံခင်း၊ မော်လမြိုင်ကျွန်းနှင့် ကျိုက်လတ် မြို့နယ် များအတွင်းရှိ စစ်တပ်ပိုင် MyTel ဖုန်းတာဝါတိုင်များကို ဒေသခံမြို့ပြပြောက်ကျား တပ်ဖွဲ့များက စက်တင် ဘာ လ ဒုတိယ အပတ်လောက်မှစတင်၍ ဗုံးခွဲ မီးရှို့ဖျက်ဆီး တိုက်ခိုက်ခဲ့ကြသည်ဟု ဒေသခံများက ဆိုသည်။
*** ZAWGYI ***
Mytel တာဝါတိုင္ကို အေဝးထိန္း စနစ္ျဖင့္ ေဖာက္ခြဲ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၇ ရက္။
ဧရာဝတီတိုင္း ေဒသႀကီး၊ ဘိုကေလးၿမိဳ႕နယ္အတြင္းရွိ MyTel ဖုန္းတာဝါတိုင္တစ္ခု ေအာက္တိုဘာ ၇ ရက္ေန႔ နံနက္ ၃ နာရီေက်ာ္ အခ်ိန္ခန႔္က အေဝးထိန္းစနစ္ျဖင့္ ဗုံးခြဲ ဖ်က္ဆီးခံလိုက္ရသည္ဟု ေဒသခံမ်ား က ေျပာသည္။
ဘိုကေလးၿမိဳ႕နယ္ ႐ုပ္ဆိုင္ေက်း႐ြာအုပ္စု၊ မေလာ့ေက်း႐ြာရွိ တာဝါတိုင္အား လက္လုပ္ဗုံးသုံးလုံးကို အေဝးမွ ဖုန္းႏွင့္ ထိန္းၿပီး ကြန္ထ႐ိုးခလုတ္ျဖင့္ ခြဲသြားျခင္းျဖစ္ၿပီး၊ လူထိခိုက္ဒဏ္ရာ ရရွိ ျခင္း မရွိဘူးဟု ေဒသခံအုပ္ခ်ဳပ္ေရးအဖြဲ႕ တစ္ဦး က ေျပာသည္။
“ဆိုလာျပား၊ ဝါယာႀကိဳးေတြနဲ႔ ထရန္စေဖာ္မာပုံးေတြ ပ်က္စီးသြားတယ္” ဟု ၎ကေျပာသည္။
ဘိုကေလး PDF က ယင္း MyTel ဖုန္းတာဝါတိုင္ကို အဆင့္ျမင့္နည္းပညာသုံးၿပီး ၂ မိုင္ေက်ာ္ အကြာအေဝးမွ ေန၍ ေဖာက္ခြဲခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားသည္။
ယခုတာဝါတိုင္ ဗုံးခြဲမခံရခင္ ၿပီးခဲ့သည့္ စက္တင္ဘာလ ၁၅ ရက္ေန႔ နံနက္ ၃ နာရီ အခ်ိန္ခန႔္ကလည္း ဘိုကေလး ၿမိဳ႕နယ္ စိန္ဟိုင္းေက်း႐ြာက MyTel ဖုန္းတာဝါတိုင္ မီးရႈိ႕ဖ်က္ဆီးခံရေၾကာင္း ၿမိဳ႕ခံမ်ား၏ ေျပာျပခ်က္အရ သိရ သည္။
ယခုေနာက္ပိုင္း ေဒသအတြင္းရွိ MyTel ဖုန္းတာဝါတိုင္မ်ား ဗုံးမခြဲခံရေရးအတြက္ စစ္ေကာင္စီက လုံၿခဳံေရး အင္ အားတိုးခ်ျခင္း၊ ၿခံစည္း႐ိုးမ်ား ကာရံထားျခင္းမ်ား ျပဳလုပ္ထားရွိသည့္ၾကားမွပင္ အေဝးထိန္း ခလုပ္ျဖင့္ ေဖာက္ခြဲခဲ့ျခင္းျဖစ္သည္။
ႏိုင္ငံအႏွံ႔ Mytel တာဝါတိုင္မ်ား ဖ်က္ဆီးမႈမ်ား ရွိေနသျဖင့္ စစ္ေကာင္စီက တာဝါတိုင္မ်ား လုံၿခဳံေရးအတြက္ အင္အားအမ်ားအျပား အသုံးျပဳထားရသည္။
တာဝါတိုင္အနီး ေနထိုင္သူ အခ်ိဳ႕သည္ တာဝါတိုင္းဗုံးကြဲဖ်က္ဆီးခံရလွ်င္ စစ္တပ္က ဖမ္းဆီးစစ္ေဆးမႈမ်ား ရွိႏိုင္ သည့္အတြက္ စိုးရိမ္ေနၾကသည္ဟုလည္း ဘိုကေလးၿမိဳ႕ခံ တစ္ဦးက ေျပာသည္။
ဧရာဝတီတိုင္းတြင္ ပုသိမ္၊ ဘိုကေလး၊ မအူပင္၊ ေညာင္တုန္း၊ ႀကံခင္း၊ ေမာ္လၿမိဳင္ကြၽန္းႏွင့္ က်ိဳက္လတ္ ၿမိဳ႕နယ္ မ်ားအတြင္းရွိ စစ္တပ္ပိုင္ MyTel ဖုန္းတာဝါတိုင္မ်ားကို ေဒသခံၿမိဳ႕ျပေျပာက္က်ား တပ္ဖြဲ႕မ်ားက စက္တင္ ဘာ လ ဒုတိယ အပတ္ေလာက္မွစတင္၍ ဗုံးခြဲ မီးရႈိ႕ဖ်က္ဆီး တိုက္ခိုက္ခဲ့ၾကသည္ဟု ေဒသခံမ်ားက ဆိုသည္။