မွန်ပြည်နယ် ကိုဗစ်-၁၉ ကန့်သတ်မှုများ လျော့ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း လျော့နည်းကျဆင်းလာသည့် မွန်ပြည်နယ်အတွင်း ကန့်သတ်ချက် အချို့ကို အောက်တိုဘာလဆန်းတွင် စတင်ဖြေလျှော့လာ ခဲ့သည်ဟု ဒေသခံအချို့ ကပြော သည်။

“Stay at Home မှာ မပါတဲ့ မုဒုံ၊ ရေး၊ ကျိုက်မရော၊ ပေါင်နဲ့ ကျိုက်ထို အဲမြို့နယ်တွေမှာ ဆိုင်တွေအားလုံးကို ရောင်းခွင့်ပြုပေးလိုက်ပြီ။ ကျန်တဲ့ Stay at home မှာ ပါနေတဲ့ မြို့နယ်တွေကတော့ ဆေးဝါးနဲ့ စားသောက် ကုန်ဆိုင်တွေပဲ ရောင်းခွင့်ပေးထားသေးတယ်။ Stay at home ကနေ ဖြေလျှော့ပေးတဲ့အခါကျမှပဲ ဆိုင်တွေအားလုံး ပြန်လည် ဖွင့်ခွင့်ပြုရမှာဖြစ်ပါတယ်” ဟု စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စည်းကမ်းများကို ဇူလိုင်လအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်မားစဉ်က ချမှတ်ခဲ့ခြင်းဖြစ်သည်။

ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့ကျလာသည့်နောက် အောက်တိုဘာလဆန်းပိုင်းတွင် နေ အိမ်တွင် နေထိုင်ရန် (Stay at Home) မသတ်မှတ်ထားသည့် မုဒုံ၊ ရေး၊ ကျိုက်မရော၊ ပေါင်နှင့် ကျိုက်ထိုမြို့ နယ် အတွင်းရှိ ဆေးဝါးနှင့် အခြေခံစားသောက်ကုန်ဆိုင်များအပြင် စျေးဆိုင်များအားလုံးကို ပြန်လည်ဖွင့်လှစ် ရောင်း ချခွင့် ပြုခဲ့သည်။

ထို့အပြင် နေအိမ်တွင် နေထိုင်ရန် (Stay at Home) သတ်မှတ်ထားသည့် မော်လမြိုင်၊ သံဖြူဇရပ်၊ ဘီးလင်း၊ သထုံ နှင့် ချောင်းဆုံမြို့နယ်အတွင်းရှိ စျေးဆိုင်များကို ဆက်လက်ကန့်သတ်ထားမည်ဖြစ်ပြီး Stay at Home အစီအစဥ် ပယ်ဖျက်သည့်အခါမှသာ ပြန်လည် ဖွင့်လှစ်ခွင့် ပေးသွားမည်ဟု ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ထံမှ သိရ သည်။

မွန်ပြည်နယ်တွင် ရောဂါကူးစက်မှုနှုန်း မြင့်တက်ခဲ့သည့် ဇူလိုင်လဆန်းနောက်ပိုင်း ပြည်နယ်အတွင်းရှိ ဆေးဝါးနှင့် အခြေခံစားသောက်ကုန်များ ရောင်းချသည့်ဆိုင်ကများက လွဲ၍ အခြားစျေးဆိုင်များအားလုံးကို ရောင်းချခွင့် ကန့် သတ်လိုက်ခြင်းဖြစ်သည်။

စျေးဆိုင်များ ကာလကြာစွာ ရောင်းချခွင့်မရသည့်အတွက် စျေးဆိုင်များအပေါ် မှီခိုလုပ်ကိုင်စားသောက်နေကြရ သူများ အတွက် အခက်အခဲများစွာကြုံတွေ့နေကြရပြီး ဆိုင်များ အမြန်ဆုံး ပြန်လည်ဖွင့်ခွင့်ရရန် မျှော်လင့်နေကြ သည်။

“စျေးရောင်းတဲ့ အလုပ်ကိုပဲ လုပ်ကိုင်လာခဲ့တော့ အခုဆိုရင် နှစ်လ သုံးလလောက်ရှိသွားပြီလေ စျေး မရောင်းရ တာ။ အတော်ကို အခက်အခဲဖြစ်ပါတယ်။ ပြန်ရောင်းခွင့်ပေးဖို့ကိုပဲ မျှော်နေတာပေါ့” ဟု မော်လမြိုင်မြို့တွင် အထည်ရောင်းနေသူတစ်ဦး က ပြောသည်။

မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းမှ ဇူလိုင်လကုန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဆက်တိုက်မြင့်တက်လာခဲ့ ပြီးနောက် အတည်ပြုလူနာနှင့် သေဆုံးမှုနှုန်းများလည်း ဆက်တိုက်မြင့်တက်လာခဲ့သည်။

ဩဂုတ်လဆန်းပိုင်းခန့်မှစတင်ပြီး ကိုဗစ်-၁၉ ကူးစက်မှုနှင့် သေဆုံးမှု သိသိသာသာ ပြန်လည်လျော့ကျလာ သည် ဟု ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ကိုဗစ်-၁၉ အရေးကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ များက ဆိုသည်။

မွန်ပြည်နယ်ထဲတွင် အောက်တိုဘာလ ပထမ အပတ်အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ လူဦးရေ စုစုပေါင်း ၁၅၀၀၀ ကျော်ရှိပြီး သေဆုံးလူနာ ၁၃၀၀ ကျော်အထိ ရှိသည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။

*** ZAWGYI ***
မြန္ျပည္နယ္ ကိုဗစ္-၁၉ ကန႔္သတ္မႈမ်ား ေလ်ာ့ခ်

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၇ ရက္။

ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈႏႈန္း ေလ်ာ့နည္းက်ဆင္းလာသည့္ မြန္ျပည္နယ္အတြင္း ကန႔္သတ္ခ်က္ အခ်ိဳ႕ကို ေအာက္တိုဘာလဆန္းတြင္ စတင္ေျဖေလွ်ာ့လာ ခဲ့သည္ဟု ေဒသခံအခ်ိဳ႕ ကေျပာ သည္။

“Stay at Home မွာ မပါတဲ့ မုဒုံ၊ ေရး၊ က်ိဳက္မေရာ၊ ေပါင္နဲ႔ က်ိဳက္ထို အဲၿမိဳ႕နယ္ေတြမွာ ဆိုင္ေတြအားလုံးကို ေရာင္းခြင့္ျပဳေပးလိုက္ၿပီ။ က်န္တဲ့ Stay at home မွာ ပါေနတဲ့ ၿမိဳ႕နယ္ေတြကေတာ့ ေဆးဝါးနဲ႔ စားေသာက္ ကုန္ဆိုင္ေတြပဲ ေရာင္းခြင့္ေပးထားေသးတယ္။ Stay at home ကေန ေျဖေလွ်ာ့ေပးတဲ့အခါက်မွပဲ ဆိုင္ေတြအားလုံး ျပန္လည္ ဖြင့္ခြင့္ျပဳရမွာျဖစ္ပါတယ္” ဟု စည္ပင္သာယာေရးအဖြဲ႕ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

စည္းကမ္းမ်ားကို ဇူလိုင္လအတြင္း ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈ ျမင့္မားစဥ္က ခ်မွတ္ခဲ့ျခင္းျဖစ္သည္။

ျပည္နယ္အတြင္း ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈ ေလ်ာ့က်လာသည့္ေနာက္ ေအာက္တိုဘာလဆန္းပိုင္းတြင္ ေန အိမ္တြင္ ေနထိုင္ရန္ (Stay at Home) မသတ္မွတ္ထားသည့္ မုဒုံ၊ ေရး၊ က်ိဳက္မေရာ၊ ေပါင္ႏွင့္ က်ိဳက္ထိုၿမိဳ႕ နယ္ အတြင္းရွိ ေဆးဝါးႏွင့္ အေျခခံစားေသာက္ကုန္ဆိုင္မ်ားအျပင္ ေစ်းဆိုင္မ်ားအားလုံးကို ျပန္လည္ဖြင့္လွစ္ ေရာင္း ခ်ခြင့္ ျပဳခဲ့သည္။

ထို႔အျပင္ ေနအိမ္တြင္ ေနထိုင္ရန္ (Stay at Home) သတ္မွတ္ထားသည့္ ေမာ္လၿမိဳင္၊ သံျဖဴဇရပ္၊ ဘီးလင္း၊ သထုံ ႏွင့္ ေခ်ာင္းဆုံၿမိဳ႕နယ္အတြင္းရွိ ေစ်းဆိုင္မ်ားကို ဆက္လက္ကန႔္သတ္ထားမည္ျဖစ္ၿပီး Stay at Home အစီအစဥ္ ပယ္ဖ်က္သည့္အခါမွသာ ျပန္လည္ ဖြင့္လွစ္ခြင့္ ေပးသြားမည္ဟု ျပည္နယ္စည္ပင္သာယာေရးအဖြဲ႕ ထံမွ သိရ သည္။

မြန္ျပည္နယ္တြင္ ေရာဂါကူးစက္မႈႏႈန္း ျမင့္တက္ခဲ့သည့္ ဇူလိုင္လဆန္းေနာက္ပိုင္း ျပည္နယ္အတြင္းရွိ ေဆးဝါးႏွင့္ အေျခခံစားေသာက္ကုန္မ်ား ေရာင္းခ်သည့္ဆိုင္ကမ်ားက လြဲ၍ အျခားေစ်းဆိုင္မ်ားအားလုံးကို ေရာင္းခ်ခြင့္ ကန႔္ သတ္လိုက္ျခင္းျဖစ္သည္။

ေစ်းဆိုင္မ်ား ကာလၾကာစြာ ေရာင္းခ်ခြင့္မရသည့္အတြက္ ေစ်းဆိုင္မ်ားအေပၚ မွီခိုလုပ္ကိုင္စားေသာက္ေနၾကရ သူမ်ား အတြက္ အခက္အခဲမ်ားစြာႀကဳံေတြ႕ေနၾကရၿပီး ဆိုင္မ်ား အျမန္ဆုံး ျပန္လည္ဖြင့္ခြင့္ရရန္ ေမွ်ာ္လင့္ေနၾက သည္။

“ေစ်းေရာင္းတဲ့ အလုပ္ကိုပဲ လုပ္ကိုင္လာခဲ့ေတာ့ အခုဆိုရင္ ႏွစ္လ သုံးလေလာက္ရွိသြားၿပီေလ ေစ်း မေရာင္းရ တာ။ အေတာ္ကို အခက္အခဲျဖစ္ပါတယ္။ ျပန္ေရာင္းခြင့္ေပးဖို႔ကိုပဲ ေမွ်ာ္ေနတာေပါ့” ဟု ေမာ္လၿမိဳင္ၿမိဳ႕တြင္ အထည္ေရာင္းေနသူတစ္ဦး က ေျပာသည္။

မြန္ျပည္နယ္တြင္ ဇြန္လဆန္းပိုင္းမွ ဇူလိုင္လကုန္အထိ ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈ ဆက္တိုက္ျမင့္တက္လာခဲ့ ၿပီးေနာက္ အတည္ျပဳလူနာႏွင့္ ေသဆုံးမႈႏႈန္းမ်ားလည္း ဆက္တိုက္ျမင့္တက္လာခဲ့သည္။

ဩဂုတ္လဆန္းပိုင္းခန႔္မွစတင္ၿပီး ကိုဗစ္-၁၉ ကူးစက္မႈႏွင့္ ေသဆုံးမႈ သိသိသာသာ ျပန္လည္ေလ်ာ့က်လာ သည္ ဟု ျပည္နယ္ျပည္သူ႔ က်န္းမာေရးဦးစီးဌာနႏွင့္ ကိုဗစ္-၁၉ အေရးကူညီေပးေနသည့္ လူမႈကယ္ဆယ္ေရးအဖြဲ႕ မ်ားက ဆိုသည္။

မြန္ျပည္နယ္ထဲတြင္ ေအာက္တိုဘာလ ပထမ အပတ္အထိ ကိုဗစ္-၁၉ ကူးစက္ခံရသူ လူဦးေရ စုစုေပါင္း ၁၅၀၀၀ ေက်ာ္ရွိၿပီး ေသဆုံးလူနာ ၁၃၀၀ ေက်ာ္အထိ ရွိသည္ဟု ျပည္သူ႔က်န္းမာေရးဦးစီးဌာန၏ ထုတ္ျပန္ထားခ်က္အရ သိရသည္။