ကွတ်ခိုင် ကျေးလက်လူထုများ စားဝတ်နေရေး အခက်ကြုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။
အပြင်ထွက် အလုပ်မလုပ်နိုင်သည့်အတွက် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်က ကျေးရွာပေါင်း ၂၀ ကျော် စားဝတ်နေရေးအတွက် အခက်အခဲ များ ရှိနေသည်ဟု ဒေသခံများနှင့် ၎င်းတို့အား ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
ကွတ်ခိုင်မြို့နယ်ထဲက ကျေးရွာအသီးသီးက ဒေသခံရွာသားများသည် လက်ရှိနိုင်ငံရေးအခြေအနေ၊ ဒေသအတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကြောင့် အပြင်ထွက် အလုပ်လုပ်၍ မရ သည့်အတွက် စားဝတ်နေရေးပိုမိုခက်ခဲလာရသည်ဟု ဒေသခံများက ပြောသည်။
မန်ယန်ကျေးရွာက ဒေသခံတစ်ဦးက “တခြားအခက်အခဲတော့ ရှိတာပါ။ ဝင်ငွေမရှိဘူးလေ။ ကလေးတွေလည်း အလုပ်မလုပ်နိုင်သေးဘူးလေ။ အခုလိုရောဂါလာပြီဆိုရင် ဘယ်မှသွားလို့မရဘူးလေ” ဟု ပြောသည်။
ကွတ်ခိုင်မြို့နယ်အတွင်းရှိ မန်ယန်၊ မာန်အောင်စုစည်း၊ ကျောင်းပျဉ်၊ ပန်လုံ၊ ပန်ဆေး၊ မန်ပိန်း၊ ကောင်းလိန်၊ နားဝိုင်း၊ မန်လွယ်၊ ဖဝေါမ်တို့အပါအဝင် အခြားသော ကျေးရွာပေါင်း ၂၀ ခန့် က ပြည်သူများသည် တစ်ရက် ထက်တစ်ရက် စားဝတ်နေရေး အခက်အခဲများရှိနေသည်ဟု မန်ယန်ကျေးရွာက ဒေသခံ ရွာသူအမျိုးသမီး တစ်ဦးက ဆက်ပြောသည်။
“အခက်အခဲက အရင်ထက်စာရင်တော့ အများကြီးဖြစ်တာပေါ့။ အမျိုးသားက သူတစ်ယောက်ထဲ ရှာတာဆို သိပ်ပြီးမလောက်စားဘူးဖြစ်တာပေါ့။ အကြောက်ရဆုံးက ကွတ်ခိုင်စျေးပိတ်သွားမှာကို အရမ်းကြောက်တာ ပေါ့နော်။ စျေးဖွင့်နေသေးတယ်ဆိုရင်တော့ တစ်စျေးပြီးတစ်စျေး ဆားတွေ၊ ဟင်းချိုမှုန့်တွေ နည်းနည်းဝယ် စားလို့ ရသေးတယ်လေနော်။”
ထိုသို့အခက်အခဲဖြစ်နေသည့် ကျေးရွာပေါင်း ၂၀ ခန့်က ဒေသခံ ရွာသူရွာသားများအတွက် “ကွတ်ခိုင်လူငယ် အဖွဲ့-Freelance” က စားသောက်ကုန်အချို့ကို တတ်နိုင်သမျှ သွားရောက်လှူဒါန်းပေးလျှက်ရှိသည်ဟု အဖွဲ့ တာဝန်ရှိသူက ပြောသည်။
ကွတ်ခိုင်လူငယ် အဖွဲ့- Freelance က တာဝန်ရှိသူတစ်ဦး က “ကွတ်ခိုင်မြို့မှာ ရှိတဲ့ မန်ယန်ကျေးရွာမှာ လာပြီး တော့ အခြေခံစားသောက်ကုန်တွေကို လာပြီးတော့ လှူပေးတာဖြစ်ပါတယ်။ စားသောက်ကုန်တွေ အများကြီး အကူအညီလိုအပ်နေတယ်ဆိုပြီးတော့မှ ကျနော်တို့ Freelance အဖွဲ့ကို ဆက်သွယ်လာတယ်။ ဆက်သွယ်လာတဲ့ အခါကြတော့ ကျနော်တို့ Freelance ကလည်း ဒီအလှူရှင်တွေ အားလုံးဝိုင်းဝန်းပါဝင်ပေးထားတဲ့ အလှူငွေတွေ၊ ပစ္စည်းတွေကို ဝိုင်းဝန်းစုပြီးတော့မှာ ကျနော်တို့ ပေးလှူခြင်းဖြစ်ပါတယ်” ဟု ပြောသည်။
Freelance ကွတ်ခိုင်လူငယ်အဖွဲ့က ဩဂုတ်လတတိယအပတ် မှစတင်၍ အောက်တိုဘာလ ပထမအပတ်ထိ ကွတ်ခိုင်မြို့နယ်ထဲက စားဝတ်နေရေး ခက်ခဲနေကြသည့် ကျေးရွာပေါင်း ၂၀ ကျော်ကို အခြေခံစားသောက်ကုန် များ သွားရောက်လှူဒါန်းပေးနေသည်ဟု သိရသည်။
အောက်တိုဘာလ ၄ ရက်နေ့ကလည်း Freelance ကွတ်ခိုင်လူငယ်အဖွဲ့က ဖဝေါမ်နှင့် မန်လွယ်ကျေးရွာအတွင်းက ဒေသခံပြည်သူများအတွက် စားနပ်ရိက္ခာအချို့ကို သွားရောက်လှူဒါန်းပေးခဲ့သည်။
စက်တင်ဘာလ လကုန်ပိုင်းက ကွတ်ခိုင်မြို့နယ်အတွင်းရှိ မန်ယန်ကျေးရွာက အိမ်ထောင်မိသားစု ၂၅ စုအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် ငါးခြောက် စသည့် စားသောက်ကုန်အချို့ကို ကွတ်ခိုင်လူငယ်အဖွဲ့ – Freelance က သွားရောက်ပေးလှူခဲ့ကြသည်။
မန်ယန်ကျေးရွာက အသက် ၆၀ ကျော် အမျိုးသားတစ်ဦးက “အများကြီးကျေးဇူးတင် ပါတယ်။ အခုလို ဘယ်မှ လည်းသွားလို့မရ၊ ဆိုင်ကယ်စီးတောင် ခက်ခဲနေတဲ့အချိန် ဒီလိုလာထောက်ပံ့ပေးတာက အများကြီးကျေးဇူးတင် ပါ တယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။
ကျေးတစ်ရွာလျှင် နှစ်ကြိမ်ခန့် စားသောက်ကုန်များကို သွားရောက်ကူညီနိုင်ခဲ့သည်ဟု Freelance ကွတ်ခိုင်လူငယ် အဖွဲ့က ပြောသည်။
Freelance ကွတ်ခိုင်လူငယ်အဖွဲ့သည် နိုင်ငံရေးပတ်သက်သည့် အဖွဲ့အစည်းမဟုတ်သလို တစ်ဦးတစ်ယောက်က ဦးဆောင်မတည်ပြီးဖွဲ့စည်းထားသည့် မဟုတ်ပဲ ဒေသခံလူငယ်များ ပူးပေါင်း၍ ဖွဲ့စည်းပြီး ခက်ခဲနေသူများကို အကူအညီပေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။
လက်ရှိအချိန်ကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်သော်လည်းကောင်း၊ နိုင်ငံရေးအခက်အခဲများကြောင့် သော်လည်းကောင်း အမှန်တကယ် အကူအညီလိုအပ်နေသူများအနေဖြင့် ဖုန်းဆက်အကြောင်းကြားလာခြင်း၊ နီး စပ်ရာအသီးသီးမှ ဆက်သွယ်လာခြင်းများရှိပါက ရွာများအထိ အရောက် လိုအပ်နေသည်များကို အတတ်နိုင်ဆုံး သွားရောက်ကူညီပေးနေခြင်း ဖြစ်သည်ဟု Freelance ကွတ်ခိုင်လူငယ်အဖွဲ့ တာဝန်ရှိသူက ပြောသည်။
*** ZAWGYI ***
ကြတ္ခိုင္ ေက်းလက္လူထုမ်ား စားဝတ္ေနေရး အခက္ႀကဳံ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၁ ရက္။
အျပင္ထြက္ အလုပ္မလုပ္ႏိုင္သည့္အတြက္ ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕နယ္က ေက်း႐ြာေပါင္း ၂၀ ေက်ာ္ စားဝတ္ေနေရးအတြက္ အခက္အခဲ မ်ား ရွိေနသည္ဟု ေဒသခံမ်ားႏွင့္ ၎တို႔အား ကူညီေဆာင္႐ြက္ေပးေနသူမ်ားက ေျပာသည္။
ကြတ္ခိုင္ၿမိဳ႕နယ္ထဲက ေက်း႐ြာအသီးသီးက ေဒသခံ႐ြာသားမ်ားသည္ လက္ရွိႏိုင္ငံေရးအေျခအေန၊ ေဒသအတြင္း ျဖစ္ပြားေနသည့္ စစ္ေရးပဋိပကၡမ်ားႏွင့္ ကိုဗစ္-၁၉ ေရာဂါကူးစက္မႈမ်ားေၾကာင့္ အျပင္ထြက္ အလုပ္လုပ္၍ မရ သည့္အတြက္ စားဝတ္ေနေရးပိုမိုခက္ခဲလာရသည္ဟု ေဒသခံမ်ားက ေျပာသည္။
မန္ယန္ေက်း႐ြာက ေဒသခံတစ္ဦးက “တျခားအခက္အခဲေတာ့ ရွိတာပါ။ ဝင္ေငြမရွိဘူးေလ။ ကေလးေတြလည္း အလုပ္မလုပ္ႏိုင္ေသးဘူးေလ။ အခုလိုေရာဂါလာၿပီဆိုရင္ ဘယ္မွသြားလို႔မရဘူးေလ” ဟု ေျပာသည္။
ကြတ္ခိုင္ၿမိဳ႕နယ္အတြင္းရွိ မန္ယန္၊ မာန္ေအာင္စုစည္း၊ ေက်ာင္းပ်ဥ္၊ ပန္လုံ၊ ပန္ေဆး၊ မန္ပိန္း၊ ေကာင္းလိန္၊ နားဝိုင္း၊ မန္လြယ္၊ ဖေဝါမ္တို႔အပါအဝင္ အျခားေသာ ေက်း႐ြာေပါင္း ၂၀ ခန႔္ က ျပည္သူမ်ားသည္ တစ္ရက္ ထက္တစ္ရက္ စားဝတ္ေနေရး အခက္အခဲမ်ားရွိေနသည္ဟု မန္ယန္ေက်း႐ြာက ေဒသခံ ႐ြာသူအမ်ိဳးသမီး တစ္ဦးက ဆက္ေျပာသည္။
“အခက္အခဲက အရင္ထက္စာရင္ေတာ့ အမ်ားႀကီးျဖစ္တာေပါ့။ အမ်ိဳးသားက သူတစ္ေယာက္ထဲ ရွာတာဆို သိပ္ၿပီးမေလာက္စားဘူးျဖစ္တာေပါ့။ အေၾကာက္ရဆုံးက ကြတ္ခိုင္ေစ်းပိတ္သြားမွာကို အရမ္းေၾကာက္တာ ေပါ့ေနာ္။ ေစ်းဖြင့္ေနေသးတယ္ဆိုရင္ေတာ့ တစ္ေစ်းၿပီးတစ္ေစ်း ဆားေတြ၊ ဟင္းခ်ိဳမႈန႔္ေတြ နည္းနည္းဝယ္ စားလို႔ ရေသးတယ္ေလေနာ္။”
ထိုသို႔အခက္အခဲျဖစ္ေနသည့္ ေက်း႐ြာေပါင္း ၂၀ ခန႔္က ေဒသခံ ႐ြာသူ႐ြာသားမ်ားအတြက္ “ကြတ္ခိုင္လူငယ္ အဖြဲ႕-Freelance” က စားေသာက္ကုန္အခ်ိဳ႕ကို တတ္ႏိုင္သမွ် သြားေရာက္လႉဒါန္းေပးလွ်က္ရွိသည္ဟု အဖြဲ႕ တာဝန္ရွိသူက ေျပာသည္။
ကြတ္ခိုင္လူငယ္ အဖြဲ႕- Freelance က တာဝန္ရွိသူတစ္ဦး က “ကြတ္ခိုင္ၿမိဳ႕မွာ ရွိတဲ့ မန္ယန္ေက်း႐ြာမွာ လာၿပီး ေတာ့ အေျခခံစားေသာက္ကုန္ေတြကို လာၿပီးေတာ့ လႉေပးတာျဖစ္ပါတယ္။ စားေသာက္ကုန္ေတြ အမ်ားႀကီး အကူအညီလိုအပ္ေနတယ္ဆိုၿပီးေတာ့မွ က်ေနာ္တို႔ Freelance အဖြဲ႕ကို ဆက္သြယ္လာတယ္။ ဆက္သြယ္လာတဲ့ အခါၾကေတာ့ က်ေနာ္တို႔ Freelance ကလည္း ဒီအလႉရွင္ေတြ အားလုံးဝိုင္းဝန္းပါဝင္ေပးထားတဲ့ အလႉေငြေတြ၊ ပစၥည္းေတြကို ဝိုင္းဝန္းစုၿပီးေတာ့မွာ က်ေနာ္တို႔ ေပးလႉျခင္းျဖစ္ပါတယ္” ဟု ေျပာသည္။
Freelance ကြတ္ခိုင္လူငယ္အဖြဲ႕က ဩဂုတ္လတတိယအပတ္ မွစတင္၍ ေအာက္တိုဘာလ ပထမအပတ္ထိ ကြတ္ခိုင္ၿမိဳ႕နယ္ထဲက စားဝတ္ေနေရး ခက္ခဲေနၾကသည့္ ေက်း႐ြာေပါင္း ၂၀ ေက်ာ္ကို အေျခခံစားေသာက္ကုန္ မ်ား သြားေရာက္လႉဒါန္းေပးေနသည္ဟု သိရသည္။
ေအာက္တိုဘာလ ၄ ရက္ေန႔ကလည္း Freelance ကြတ္ခိုင္လူငယ္အဖြဲ႕က ဖေဝါမ္ႏွင့္ မန္လြယ္ေက်း႐ြာအတြင္းက ေဒသခံျပည္သူမ်ားအတြက္ စားနပ္ရိကၡာအခ်ိဳ႕ကို သြားေရာက္လႉဒါန္းေပးခဲ့သည္။
စက္တင္ဘာလ လကုန္ပိုင္းက ကြတ္ခိုင္ၿမိဳ႕နယ္အတြင္းရွိ မန္ယန္ေက်း႐ြာက အိမ္ေထာင္မိသားစု ၂၅ စုအတြက္ ဆန္၊ ဆီ၊ ဆား၊ ၾကက္သြန္ႏွင့္ ငါးေျခာက္ စသည့္ စားေသာက္ကုန္အခ်ိဳ႕ကို ကြတ္ခိုင္လူငယ္အဖြဲ႕ – Freelance က သြားေရာက္ေပးလႉခဲ့ၾကသည္။
မန္ယန္ေက်း႐ြာက အသက္ ၆၀ ေက်ာ္ အမ်ိဳးသားတစ္ဦးက “အမ်ားႀကီးေက်းဇူးတင္ ပါတယ္။ အခုလို ဘယ္မွ လည္းသြားလို႔မရ၊ ဆိုင္ကယ္စီးေတာင္ ခက္ခဲေနတဲ့အခ်ိန္ ဒီလိုလာေထာက္ပံ့ေပးတာက အမ်ားႀကီးေက်းဇူးတင္ ပါ တယ္လို႔ ေျပာခ်င္ပါတယ္” ဟု ေျပာသည္။
ေက်းတစ္႐ြာလွ်င္ ႏွစ္ႀကိမ္ခန႔္ စားေသာက္ကုန္မ်ားကို သြားေရာက္ကူညီႏိုင္ခဲ့သည္ဟု Freelance ကြတ္ခိုင္လူငယ္ အဖြဲ႕က ေျပာသည္။
Freelance ကြတ္ခိုင္လူငယ္အဖြဲ႕သည္ ႏိုင္ငံေရးပတ္သက္သည့္ အဖြဲ႕အစည္းမဟုတ္သလို တစ္ဦးတစ္ေယာက္က ဦးေဆာင္မတည္ၿပီးဖြဲ႕စည္းထားသည့္ မဟုတ္ပဲ ေဒသခံလူငယ္မ်ား ပူးေပါင္း၍ ဖြဲ႕စည္းၿပီး ခက္ခဲေနသူမ်ားကို အကူအညီေပးေနျခင္း ျဖစ္သည္ဟု ဆိုသည္။
လက္ရွိအခ်ိန္ကာလအတြင္း ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ေသာ္လည္းေကာင္း၊ ႏိုင္ငံေရးအခက္အခဲမ်ားေၾကာင့္ ေသာ္လည္းေကာင္း အမွန္တကယ္ အကူအညီလိုအပ္ေနသူမ်ားအေနျဖင့္ ဖုန္းဆက္အေၾကာင္းၾကားလာျခင္း၊ နီး စပ္ရာအသီးသီးမွ ဆက္သြယ္လာျခင္းမ်ားရွိပါက ႐ြာမ်ားအထိ အေရာက္ လိုအပ္ေနသည္မ်ားကို အတတ္ႏိုင္ဆုံး သြားေရာက္ကူညီေပးေနျခင္း ျဖစ္သည္ဟု Freelance ကြတ္ခိုင္လူငယ္အဖြဲ႕ တာဝန္ရွိသူက ေျပာသည္။