အသက်ကန့်သတ်ချက် မမှီသူများ ပိုက်ဆံပေး၍ ကာကွယ်ဆေးထိုးနေကြ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သတ်မှတ် အသက်မပြည့်သူများအား ပိုက်ဆံတောင်းပြီး ထိုးပေးနေခြင်းများရှိနေသည် ဟု ကာကွယ်ဆေး သွား ရောက်ထိုးနှံခဲ့သူများ က ပြောသည်။

လက်ရှိကျန်းမာရေးဝန်ကြီးဌာနက အသက် ၅၅ နှစ် အထက်လူကြီးများကို ကာကွယ်ဆေးထိုးပေးနေခြင်း ဖြစ်ပြီး အသက် ၅၅ နှစ်အောက် လူများက ဆေးတစ်လုံးလျှင် ကျပ် ၂၀၀၀၀ ခန့်ပေး၍ ထိုးနှံနေကြရသည်ဟု ရန်ကုန် တိုင်း ဒေသကြီး၊ လှိုင်မြို့နယ် အတွင်းနေထိုင်သူ အချို့ က ပြောသည်။

လှိုင်မြို့နယ်၊ ၅ ရပ်ကွက်အတွင်း နေထိုင်သည့် အသက် ၅၀ ကျော် အရွယ် အမျိုးသမီးတစ်ဦးက “ပိုက်ဆံပေးပြီး ထိုးတဲ့သူတွေထဲမှာ လူငယ်တွေလဲပါတယ်။ ပထမ ၆၅ နှစ်အထက်၊ နောက်တစ်ကြိမ်က ၅၅ နှစ် အထက်ထိုးပေး တာ။ အသက်မပြည့်တဲ့သူတွေက ရပ်ကွက်လူကြီးတို့ ဘာတို့နဲ့ ပြောပြီးလာထိုးတဲ့ သူတွေအများ ကြီးပဲ” ဟု ပြောသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရာတွင် အချို့က သတ်မှတ် အသက် မပြည့်သေးသော်လည်း လာရောက် ကူ ညီ လုပ်ကိုင်ပေးနေသည့် ကြက်ခြေနီဝန်ထမ်းများ၊ လူငယ်အဖွဲ့များနှင့် ရင်းနှီးသူ အချို့ကိုလည်း အခမဲ့ထိုးပေး ခြင်းများလည်း ရှိနေသည်ဟု လှိုင်မြို့နယ်၊ ၇ ရပ်ကွက်အတွင်းနေထိုင်သည့် အသက် ၇၀ ကျော် အရွယ် အမျိုး သား တစ်ဦးက ရှင်းပြသည်။

လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေးအနီးနေထိုင်သည့် အသက် ၈၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးက “ဒီဖက်မှာ ပိုက်ဆံပေးပြီး ထိုးတာတော့ အသံမကြားမိဘူး။ အဖွားကတော့ မထိုးတော့ဘူး။ တရုတ် ဆေးကိုမယုံလို့။ အိမ် က သမီးတော့သွားထိုးတယ်။ နောက်တခြား ဆေးတွေလာဦးမှာပါ။ အဖွားကအဲ့တော့မှပဲ ထိုးတော့မယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၁ ရက်နေ့အထိ ကိုဗစ်-၁၀ ရောဂါ ကာကွယ်ဆေးထိုးပြီးသူပေါင်း ၈ ဒဿမ ၂၆၄ သန်း ရှိပြီဟု ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

နိုင်ငံအတွင်း ဝယ်ယူရောက်ရှိလာ ကာကွယ်ဆေးပေါင်း ၁၈ သန်းနှင့် လှူဒါန်းလာသည့် ကာကွယ်ဆေး စုစုပေါင်း ၅ သန်းကျော် ရှိပြီဟု ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

*** ZAWGYI ***
အသက္ကန႔္သတ္ခ်က္ မမွီသူမ်ား ပိုက္ဆံေပး၍ ကာကြယ္ေဆးထိုးေနၾက

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၁ ရက္။

ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးကို သတ္မွတ္ အသက္မျပည့္သူမ်ားအား ပိုက္ဆံေတာင္းၿပီး ထိုးေပးေနျခင္းမ်ားရွိေနသည္ ဟု ကာကြယ္ေဆး သြား ေရာက္ထိုးႏွံခဲ့သူမ်ား က ေျပာသည္။

လက္ရွိက်န္းမာေရးဝန္ႀကီးဌာနက အသက္ ၅၅ ႏွစ္ အထက္လူႀကီးမ်ားကို ကာကြယ္ေဆးထိုးေပးေနျခင္း ျဖစ္ၿပီး အသက္ ၅၅ ႏွစ္ေအာက္ လူမ်ားက ေဆးတစ္လုံးလွ်င္ က်ပ္ ၂၀၀၀၀ ခန႔္ေပး၍ ထိုးႏွံေနၾကရသည္ဟု ရန္ကုန္ တိုင္း ေဒသႀကီး၊ လႈိင္ၿမိဳ႕နယ္ အတြင္းေနထိုင္သူ အခ်ိဳ႕ က ေျပာသည္။

လႈိင္ၿမိဳ႕နယ္၊ ၅ ရပ္ကြက္အတြင္း ေနထိုင္သည့္ အသက္ ၅၀ ေက်ာ္ အ႐ြယ္ အမ်ိဳးသမီးတစ္ဦးက “ပိုက္ဆံေပးၿပီး ထိုးတဲ့သူေတြထဲမွာ လူငယ္ေတြလဲပါတယ္။ ပထမ ၆၅ ႏွစ္အထက္၊ ေနာက္တစ္ႀကိမ္က ၅၅ ႏွစ္ အထက္ထိုးေပး တာ။ အသက္မျပည့္တဲ့သူေတြက ရပ္ကြက္လူႀကီးတို႔ ဘာတို႔နဲ႔ ေျပာၿပီးလာထိုးတဲ့ သူေတြအမ်ား ႀကီးပဲ” ဟု ေျပာသည္။

ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးထိုးရာတြင္ အခ်ိဳ႕က သတ္မွတ္ အသက္ မျပည့္ေသးေသာ္လည္း လာေရာက္ ကူ ညီ လုပ္ကိုင္ေပးေနသည့္ ၾကက္ေျခနီဝန္ထမ္းမ်ား၊ လူငယ္အဖြဲ႕မ်ားႏွင့္ ရင္းႏွီးသူ အခ်ိဳ႕ကိုလည္း အခမဲ့ထိုးေပး ျခင္းမ်ားလည္း ရွိေနသည္ဟု လႈိင္ၿမိဳ႕နယ္၊ ၇ ရပ္ကြက္အတြင္းေနထိုင္သည့္ အသက္ ၇၀ ေက်ာ္ အ႐ြယ္ အမ်ိဳး သား တစ္ဦးက ရွင္းျပသည္။

လႈိင္သာယာၿမိဳ႕နယ္၊ မီးခြက္ေဈးအနီးေနထိုင္သည့္ အသက္ ၈၀ ေက်ာ္အ႐ြယ္အမ်ိဳးသမီးတစ္ဦးက “ဒီဖက္မွာ ပိုက္ဆံေပးၿပီး ထိုးတာေတာ့ အသံမၾကားမိဘူး။ အဖြားကေတာ့ မထိုးေတာ့ဘူး။ တ႐ုတ္ ေဆးကိုမယုံလို႔။ အိမ္ က သမီးေတာ့သြားထိုးတယ္။ ေနာက္တျခား ေဆးေတြလာဦးမွာပါ။ အဖြားကအဲ့ေတာ့မွပဲ ထိုးေတာ့မယ္” ဟု ေျပာသည္။

ျမန္မာႏိုင္ငံတြင္ ေအာက္တိုဘာလ ၁ ရက္ေန႔အထိ ကိုဗစ္-၁၀ ေရာဂါ ကာကြယ္ေဆးထိုးၿပီးသူေပါင္း ၈ ဒႆမ ၂၆၄ သန္း ရွိၿပီဟု က်န္းမာေရးဝန္ႀကီးဌာန က ထုတ္ျပန္ထားသည္။

ႏိုင္ငံအတြင္း ဝယ္ယူေရာက္ရွိလာ ကာကြယ္ေဆးေပါင္း ၁၈ သန္းႏွင့္ လႉဒါန္းလာသည့္ ကာကြယ္ေဆး စုစုေပါင္း ၅ သန္းေက်ာ္ ရွိၿပီဟု က်န္းမာေရးဝန္ႀကီးဌာန က ထုတ္ျပန္ထားသည့္ စာရင္းမ်ားအရ သိရသည္။