မော်လမြိုင်မှ ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနစ်၊ အောက်တိုဘာလ ၉ ရက်။

မွန်ပြည်နယ် မော်လမြိုင်မြို့မှ ရာအိမ်မှူးတစ်ဦးကို မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦး က သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း ကြေညာချက် ထုတ်ပြန်သည်။

မော်လမြိုင်မြို့ မောင်ငံရပ်ကွက်မှ ရာအိမ်မှူး ဦးလှဝင်းသည် အောက်တိုဘာလ ၈ ရက်နေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်ခန့်က ၎င်း၏နေအိမ်နှင့်မလှမ်းမကမ်း မောင်ငံမီးပွိုင့်အနီးတွင် သေနတ်သမားများက လာ ရောက် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

“သေနတ်သံကြားတယ် ကြားပြီးတော့ လိုက်မေးကြည့်တာပေါ့ ဘာဖြစ်တာလဲပေါ့ အဲမှာ ဦးလှဝင်းဆို သူက မီးပွိုင့်အနီးမှာ ပစ်သတ်ခံရတယ်ဆိုတာ သိတယ်။ ဖြစ်ဖြစ်ချင်းမှာပဲ ရဲတွေ စစ်သားတွေလည်း ရောက်လာပြီးတော့ စစ်ဆေးမှုတွေလုပ်တယ်” ဟု ရပ်ကွက်နေသူတစ်ဦး က ပြောသည်။

သေနတ်ဒဏ်ရာ ၃ ချက်ဖြင့် ပစ်ခတ်ခံရသည့် ဦးလှဝင်းသည် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွား ကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။

ဦးလှဝင်းသည် စစ်အုပ်စုနှင့် ပူးပေါင်းပြီး သတင်းပေးဒလံ ပြုလုပ်နေသောကြောင့် ပစ်သတ်လိုက်ခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦးက အောက်တိုဘာ ၈ ရက်နေ့ ညနေပိုင်းခန့်က သတင်း ထုတ်ပြန်ထားသည်။

ထို့အပြင် မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦးက နောက်ပိုင်းတွင်လည်း စစ်အုပ်စုနှင့် ပူးပေါင်းပြီး သတင်းပေး ဒလံပြုလုပ်နေသူများအား ဆက်လက်ရှင်းလင်းသွားမည်ဟု လည်း ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်၏ မြို့တော် မော်လမြိုင်မြို့ပေါ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဗုံးပေါက်ကွဲ မှုများ မကြာခဏဖြစ်ပွားနေပြီး ပစ်ခတ်မှုများ၊ ပစ်သတ်ခံရမှုများလည်း မကြာခဏ ဖြစ်ပေါ်လျှက်ရှိသည်။

မော်လမြိုင်မြို့နည်းတူ မွန်ပြည်နယ်အတွင်းရှိ သထုံ၊ ဘီးလင်း၊ ကျိုက် ထို၊ ပေါင်၊ မုဒုံ၊ ရေး အစရှိသည့် မြို့နယ်များတွင်လည်း သေနတ်သမားများ၏ ပစ်ခတ်မှုများကြောင့် လူ သေဆုံးရသည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားလာခဲ့သည်။

ပစ်ခတ်ခံရသူ အများစုမှာ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ စစ်တပ်သတင်းပေးဟု သတ်မှတ် ခံရသူများနှင့် နိုင်ငံရေး ပါတီဝင်များ ဖြစ်ကြသည်။

*** ZAWGYI ***
ေမာ္လၿမိဳင္မွ ရာအိမ္မႉးတစ္ဦး ပစ္သတ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုနစ္၊ ေအာက္တိုဘာလ ၉ ရက္။

မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕မွ ရာအိမ္မႉးတစ္ဦးကို မြန္ျပည္နယ္ ေႏြဦး ေတာ္လွန္ေရးတပ္ဦး က ေသနတ္ျဖင့္ ပစ္သတ္လိုက္ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္သည္။

ေမာ္လၿမိဳင္ၿမိဳ႕ ေမာင္ငံရပ္ကြက္မွ ရာအိမ္မႉး ဦးလွဝင္းသည္ ေအာက္တိုဘာလ ၈ ရက္ေန႔ ညေန ၄ နာရီခြဲ ဝန္းက်င္ခန႔္က ၎၏ေနအိမ္ႏွင့္မလွမ္းမကမ္း ေမာင္ငံမီးပြိဳင့္အနီးတြင္ ေသနတ္သမားမ်ားက လာ ေရာက္ ပစ္ခတ္သြားခဲ့ျခင္း ျဖစ္သည္။

“ေသနတ္သံၾကားတယ္ ၾကားၿပီးေတာ့ လိုက္ေမးၾကည့္တာေပါ့ ဘာျဖစ္တာလဲေပါ့ အဲမွာ ဦးလွဝင္းဆို သူက မီးပြိဳင့္အနီးမွာ ပစ္သတ္ခံရတယ္ဆိုတာ သိတယ္။ ျဖစ္ျဖစ္ခ်င္းမွာပဲ ရဲေတြ စစ္သားေတြလည္း ေရာက္လာၿပီးေတာ့ စစ္ေဆးမႈေတြလုပ္တယ္” ဟု ရပ္ကြက္ေနသူတစ္ဦး က ေျပာသည္။

ေသနတ္ဒဏ္ရာ ၃ ခ်က္ျဖင့္ ပစ္ခတ္ခံရသည့္ ဦးလွဝင္းသည္ အခင္းျဖစ္ပြားရာေနရာ၌ပင္ ေသဆုံးသြား ေၾကာင္း ရပ္ကြက္ေနသူတို႔ထံမွ သိရသည္။

ဦးလွဝင္းသည္ စစ္အုပ္စုႏွင့္ ပူးေပါင္းၿပီး သတင္းေပးဒလံ ျပဳလုပ္ေနေသာေၾကာင့္ ပစ္သတ္လိုက္ျခင္း ျဖစ္ေၾကာင္း မြန္ျပည္နယ္ ေႏြဦးေတာ္လွန္ေရးတပ္ဦးက ေအာက္တိုဘာ ၈ ရက္ေန႔ ညေနပိုင္းခန႔္က သတင္း ထုတ္ျပန္ထားသည္။

ထို႔အျပင္ မြန္ျပည္နယ္ ေႏြဦးေတာ္လွန္ေရးတပ္ဦးက ေနာက္ပိုင္းတြင္လည္း စစ္အုပ္စုႏွင့္ ပူးေပါင္းၿပီး သတင္းေပး ဒလံျပဳလုပ္ေနသူမ်ားအား ဆက္လက္ရွင္းလင္းသြားမည္ဟု လည္း ထုတ္ျပန္ထားသည္။

မြန္ျပည္နယ္၏ ၿမိဳ႕ေတာ္ ေမာ္လၿမိဳင္ၿမိဳ႕ေပၚတြင္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ဗုံးေပါက္ကြဲ မႈမ်ား မၾကာခဏျဖစ္ပြားေနၿပီး ပစ္ခတ္မႈမ်ား၊ ပစ္သတ္ခံရမႈမ်ားလည္း မၾကာခဏ ျဖစ္ေပၚလွ်က္ရွိသည္။

ေမာ္လၿမိဳင္ၿမိဳ႕နည္းတူ မြန္ျပည္နယ္အတြင္းရွိ သထုံ၊ ဘီးလင္း၊ က်ိဳက္ ထို၊ ေပါင္၊ မုဒုံ၊ ေရး အစရွိသည့္ ၿမိဳ႕နယ္မ်ားတြင္လည္း ေသနတ္သမားမ်ား၏ ပစ္ခတ္မႈမ်ားေၾကာင့္ လူ ေသဆုံးရသည့္ ျဖစ္စဥ္မ်ား ဆက္တိုက္ ျဖစ္ပြားလာခဲ့သည္။

ပစ္ခတ္ခံရသူ အမ်ားစုမွာ ရပ္ေက်းအုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္မ်ား၊ စစ္တပ္သတင္းေပးဟု သတ္မွတ္ ခံရသူမ်ားႏွင့္ ႏိုင္ငံေရး ပါတီဝင္မ်ား ျဖစ္ၾကသည္။