မြစ်ကြီးနားတွင် ကျောင်းအပ်နှံထားသော အလယ်တန်း၊ အထက်တန်းကျောင်းသားများ ကာကွယ်ဆေးထိုးမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်။

ယခုနှစ် ပညာသင်နှစ်အတွက် အလယ်တန်းနှင့် အထက်တန်း ကျောင်းအပ်နှံထားသူများကိုသာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဦးစားပေးထိုးပေးသွားမည်ဟု ကချင်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်က အထက ၉၊ အထက ၁၊ အထက ၄ တို့တွင် အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီ အချိန်ခန့်မှ စတင်၍ ဆက်တိုက်ဆေးထိုးပေးသွားမည် ဖြစ်သည်။

“ဆေးကျန်ရင်တော့ တခြား ကလေးတွေကိုလည်း ရည်ရွယ်ထားပါတယ်။ နောက်ထပ် ဆေးရရင် ရသလို ထိုး သွားပေးမယ်။ လောလောဆယ်တော့ ကျောင်းအပ်ထားတဲ့ ကလေး ဦးစားပေးပေါ့” ဟု ကချင်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန က တာဝန်ရှိသူတစ်ဦး က ပြောသည်။

မြစ်ကြီးနားမြို့တွင် အလယ်တန်းနှင့် အထက်တန်းကလေးများကို တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ပြီး ရပ်ကွက်များအတွင်းတွင် အသက် ၁၈ နှစ်မှစ၍ အသက် ၆၀ ကျော် အထိ အမျိုးသား အမျိုးသမီးများအားလုံးကို Sinopharm ကာကွယ် ဆေး ထိုးနှံပေးမည်ဖြစ်သည်။

Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြစ်ကြီးနားမြို့တွင် အချုပ်သားများနှင့် အကျဉ်းသူ၊ အကျဉ်းသား များ ကို ထိုးနှံပေးခဲ့ပြီး မန္တလေးမြို့နှင့် နေပြည်တော်တို့တွင်မူ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများကိုလည်း ထိုးနှံပေးနေသည်ဟု ဆိုကြသည်။

Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တရုတ်နိုင်ငံတွင် ထုတ်လုပ်ထားပြီး အသက် ၁၈ နှစ် မှ အသက် ၆၀ နှစ် အတွင်း အသက်အရွယ်များကိုသာ ထိုးနှံပေးရမည်ဟု သိရသည်။

အသက် ၁၂ နှစ် အထက် – ၁၈ နှစ်အောက် ပဉ္စမတန်း၊ ဆဌမတန်း၊ သတ္တမတန်း၊ အဌမတန်း၊ နဝမတန်းနှင့် ဒဿမ တန်း ကျောင်းသူ/သားများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်အတွက် အောက်တိုဘာ ၆ ရက်နေ့မှ စတင်၍ သက်ဆိုင်ရာကျောင်းများတွင် ထောက်ခံစာပြုလုပ်ပေးနေသည်ဟု ကျောင်းသားမိများအချို့၏ ပြောပြ ချက်အရ သိရသည်။

*** ZAWGYI ***
ျမစ္ႀကီးနားတြင္ ေက်ာင္းအပ္ႏွံထားေသာ အလယ္တန္း၊ အထက္တန္းေက်ာင္းသားမ်ား ကာကြယ္ေဆးထိုးမည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၉ ရက္။

ယခုႏွစ္ ပညာသင္ႏွစ္အတြက္ အလယ္တန္းႏွင့္ အထက္တန္း ေက်ာင္းအပ္ႏွံထားသူမ်ားကိုသာ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆး ဦးစားေပးထိုးေပးသြားမည္ဟု ကခ်င္ျပည္နယ္ ျပည္သူ႔ က်န္းမာေရးဦးစီးဌာနမွ သိရသည္။

ျမစ္ႀကီးနားၿမိဳ႕၊ ဧရာရပ္ကြက္က အထက ၉၊ အထက ၁၊ အထက ၄ တို႔တြင္ ေအာက္တိုဘာလ ၁၂ ရက္ေန႔ နံနက္ ၉ နာရီ အခ်ိန္ခန႔္မွ စတင္၍ ဆက္တိုက္ေဆးထိုးေပးသြားမည္ ျဖစ္သည္။

“ေဆးက်န္ရင္ေတာ့ တျခား ကေလးေတြကိုလည္း ရည္႐ြယ္ထားပါတယ္။ ေနာက္ထပ္ ေဆးရရင္ ရသလို ထိုး သြားေပးမယ္။ ေလာေလာဆယ္ေတာ့ ေက်ာင္းအပ္ထားတဲ့ ကေလး ဦးစားေပးေပါ့” ဟု ကခ်င္ျပည္နယ္ ျပည္သူ႔ က်န္းမာေရးဦးစီးဌာန က တာဝန္ရွိသူတစ္ဦး က ေျပာသည္။

ျမစ္ႀကီးနားၿမိဳ႕တြင္ အလယ္တန္းႏွင့္ အထက္တန္းကေလးမ်ားကို တ႐ုတ္ႏိုင္ငံထုတ္ Sinovac ကိုဗစ္-19 ေရာဂါ ကာကြယ္ေဆး ထိုးႏွံေပးသြားမည္ျဖစ္ၿပီး ရပ္ကြက္မ်ားအတြင္းတြင္ အသက္ ၁၈ ႏွစ္မွစ၍ အသက္ ၆၀ ေက်ာ္ အထိ အမ်ိဳးသား အမ်ိဳးသမီးမ်ားအားလုံးကို Sinopharm ကာကြယ္ ေဆး ထိုးႏွံေပးမည္ျဖစ္သည္။

Sinovac ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးကို ျမစ္ႀကီးနားၿမိဳ႕တြင္ အခ်ဳပ္သားမ်ားႏွင့္ အက်ဥ္းသူ၊ အက်ဥ္းသား မ်ား ကို ထိုးႏွံေပးခဲ့ၿပီး မႏၲေလးၿမိဳ႕ႏွင့္ ေနျပည္ေတာ္တို႔တြင္မူ စက္႐ုံ၊ အလုပ္႐ုံမ်ားမွ အလုပ္သမားမ်ားကိုလည္း ထိုးႏွံေပးေနသည္ဟု ဆိုၾကသည္။

Sinovac ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးကို တ႐ုတ္ႏိုင္ငံတြင္ ထုတ္လုပ္ထားၿပီး အသက္ ၁၈ ႏွစ္ မွ အသက္ ၆၀ ႏွစ္ အတြင္း အသက္အ႐ြယ္မ်ားကိုသာ ထိုးႏွံေပးရမည္ဟု သိရသည္။

အသက္ ၁၂ ႏွစ္ အထက္ – ၁၈ ႏွစ္ေအာက္ ပၪၥမတန္း၊ ဆဌမတန္း၊ သတၱမတန္း၊ အဌမတန္း၊ နဝမတန္းႏွင့္ ဒႆမ တန္း ေက်ာင္းသူ/သားမ်ားကို ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးထိုးႏွံရန္အတြက္ ေအာက္တိုဘာ ၆ ရက္ေန႔မွ စတင္၍ သက္ဆိုင္ရာေက်ာင္းမ်ားတြင္ ေထာက္ခံစာျပဳလုပ္ေပးေနသည္ဟု ေက်ာင္းသားမိမ်ားအခ်ိဳ႕၏ ေျပာျပ ခ်က္အရ သိရသည္။