ပျူစောထီးဆိုသူများက ဆရာတော်တပါးအား လူဝတ်လဲ ရိုက်နှက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်။

တင်္နသာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်တွင် ပျူစောထီးအဖွဲ့ဝင်ဆိုသူများက ကျောင်းထိုင်ဆရာတော် တစ်ပါးကို လူဝတ်လဲ၊ လက်ပြန်ကြိုးတုတ်၊ ဖမ်းဆီးရိုက်နှက်ခဲ့ပြီး အမျိုးသမီး နှစ်ဦး အပါအဝင် ရွာသားများကိုလည်း ရိုက်နှက်ဖမ်းဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဖမ်းဆီးခံရသူများမှာ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာက ကျောင်းထိုင် ဆရာတော်နှင့်အတူ ရွာသား ၆ ဦး တို့ ဖြစ်ကြပြီး အောက်တိုဘာ လ ၇ ရက်နေ့ နေ့လည်ပိုင်းကတည်းက လိုက်လံဖမ်းဆီးခဲ့ရာ အဖမ်းခံရသူများထဲတွင် အမျိုးသမီးများ ဖြစ်သည့် အသက် ၂၈ နှစ် အရွယ်ရှိ မအေးမာနှင့် မနီ တို့ နှစ်ဦးလည်းပါဝင်သည်ဟု ဒေသခံရွာသားများက ပြောသည်။

ကျေးရွာသား တစ်ဦး က “ဆရာတော်ကို ဘာကြောင့်ဖမ်းလဲတော့ မသိဘူး။ ဆရာတော်က အေးဆေးနေ တတ်သူပါ။ နိုင်ငံရေးလည်း ဝါသနာမပါဘူး။ တရွာလုံးက ဆရာတော်ကို အရမ်းကြည်ညိုကြတာ။ တမင်အ ကွက်ဆင် ပူးပေါင်း ကြံစည်ပြီး ဖမ်းတာဖြစ်မယ်။ ရွာသားတချို့လည်း ကြောက်လန့်ပြီး ရွာကိုစွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရတယ်“ ဟု ပြောသည်။

ပျူစောထီးအဖွဲ့ ခေါင်းဆောင် ဦးအောင်စိန်နှင့် အမာခံ သတင်းပေး ဦးမောင်ရီတို့ ပူးပေါင်း၍ အောက်တိုဘာလ ၇ ရက်နေ့ နေ့လည်ပိုင်းကစတင်ပြီး ကျေးရွာအတွင်းနေထိုင်သည့် NLD ပါတီဝင်များ၏ နေအိမ်များအား လိုက်လံ ရှာဖွေ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။

၎င်းတို့ စတင်ဖမ်းဆီးစဉ်က သံဃာ ၄ ပါး ဖြစ်ရာ၊ ၎င်းတို့အထဲမှ ၃ ပါးကို ပြန်လွတ်ပေးခဲ့ပြီးနောက် ကျောင်းထိုင် ဆရာတော်ကို ဦးမောင်ရီ ၏ နေအိမ်တွင် ည ၇ နာရီ အချိန်ခန့်တွင် လူဝတ်လဲ၊ လက်ပြန်ကြိုးတုတ်ကာ ရိုက်နှက် စစ်ဆေးနေသည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် စော်ဖျားရွားသား တစ်ဦး က ဆက်ပြောသည်။

စော်ဖျားကျေးရွာမှ ပျူစောထီးအဖွဲ့ဝင် ဖြစ်သည့် ဦးမောင်ရီအိမ်ကို အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့က အောက် တိုဘာလ ၅ ရက်နေ့ က လာရောက်ပစ်ခတ်ခဲ့ပြီး ဦးမောင်ရီ၏ ဇနီးနှင့် တူဖြစ်သူတို့ ဒဏ်ရာရရှိခဲ့ပြီးနောက် ယခု ကဲ့သို့ ကျေးရွာအတွင်း ရိုက်နှက်ဖမ်းဆီးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

ဖမ်းဆီးခံရသူများကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကိုလည်း ယနေ့အချိန်ထိ မသိရသေးသဖြင့် မိသား စုဝင်များက စိုးရိမ်ပူပန်လျက်ရှိနေ ကြသည်။

အောက်တိုဘာလ ၇ ရက်နေ့က သရက်ချောင်းမြို့နယ် မိုးရွှေကူးကျေးရွာတွင် NLD ပါတီဝင်တစ်ဦး၏ နေအိမ်ကို ပျူစောထီးအဖွဲ့ဝင်များက ဝင်ရောက်ဖျက်ဆီးခဲ့သေးကြောင်း သိရသည်။

သရက်ချောင်းတွင် ပျူစောထီးများကို စစ်ကောင်စီက လက်နက် တပ်ဆင်ပေးထားသည်။။

*** ZAWGYI ***
ပ်ဴေစာထီးဆိုသူမ်ားက ဆရာေတာ္တပါးအား လူဝတ္လဲ ႐ိုက္ႏွက္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၉ ရက္။

တနၤသာရီတိုင္းေဒသႀကီး၊ ထားဝယ္ခ႐ိုင္တြင္ ပ်ဴေစာထီးအဖြဲ႕ဝင္ဆိုသူမ်ားက ေက်ာင္းထိုင္ဆရာေတာ္ တစ္ပါးကို လူဝတ္လဲ၊ လက္ျပန္ႀကိဳးတုတ္၊ ဖမ္းဆီး႐ိုက္ႏွက္ခဲ့ၿပီး အမ်ိဳးသမီး ႏွစ္ဦး အပါအဝင္ ႐ြာသားမ်ားကိုလည္း ႐ိုက္ႏွက္ဖမ္းဆီးခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

အဖမ္းဆီးခံရသူမ်ားမွာ ထားဝယ္ခ႐ိုင္၊ သရက္ေခ်ာင္းၿမိဳ႕နယ္ ေစာ္ဖ်ားေက်း႐ြာက ေက်ာင္းထိုင္ ဆရာေတာ္ႏွင့္အတူ ႐ြာသား ၆ ဦး တို႔ ျဖစ္ၾကၿပီး ေအာက္တိုဘာ လ ၇ ရက္ေန႔ ေန႔လည္ပိုင္းကတည္းက လိုက္လံဖမ္းဆီးခဲ့ရာ အဖမ္းခံရသူမ်ားထဲတြင္ အမ်ိဳးသမီးမ်ား ျဖစ္သည့္ အသက္ ၂၈ ႏွစ္ အ႐ြယ္ရွိ မေအးမာႏွင့္ မနီ တို႔ ႏွစ္ဦးလည္းပါဝင္သည္ဟု ေဒသခံ႐ြာသားမ်ားက ေျပာသည္။

ေက်း႐ြာသား တစ္ဦး က “ဆရာေတာ္ကို ဘာေၾကာင့္ဖမ္းလဲေတာ့ မသိဘူး။ ဆရာေတာ္က ေအးေဆးေန တတ္သူပါ။ ႏိုင္ငံေရးလည္း ဝါသနာမပါဘူး။ တ႐ြာလုံးက ဆရာေတာ္ကို အရမ္းၾကည္ညိဳၾကတာ။ တမင္အ ကြက္ဆင္ ပူးေပါင္း ႀကံစည္ၿပီး ဖမ္းတာျဖစ္မယ္။ ႐ြာသားတခ်ိဳ႕လည္း ေၾကာက္လန႔္ၿပီး ႐ြာကိုစြန႔္ခြာ ထြက္ေျပး တိမ္းေရွာင္ေနၾကရတယ္“ ဟု ေျပာသည္။

ပ်ဴေစာထီးအဖြဲ႕ ေခါင္းေဆာင္ ဦးေအာင္စိန္ႏွင့္ အမာခံ သတင္းေပး ဦးေမာင္ရီတို႔ ပူးေပါင္း၍ ေအာက္တိုဘာလ ၇ ရက္ေန႔ ေန႔လည္ပိုင္းကစတင္ၿပီး ေက်း႐ြာအတြင္းေနထိုင္သည့္ NLD ပါတီဝင္မ်ား၏ ေနအိမ္မ်ားအား လိုက္လံ ရွာေဖြ ဖမ္းဆီးစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္ဟု ဆိုၾကသည္။

၎တို႔ စတင္ဖမ္းဆီးစဥ္က သံဃာ ၄ ပါး ျဖစ္ရာ၊ ၎တို႔အထဲမွ ၃ ပါးကို ျပန္လြတ္ေပးခဲ့ၿပီးေနာက္ ေက်ာင္းထိုင္ ဆရာေတာ္ကို ဦးေမာင္ရီ ၏ ေနအိမ္တြင္ ည ၇ နာရီ အခ်ိန္ခန႔္တြင္ လူဝတ္လဲ၊ လက္ျပန္ႀကိဳးတုတ္ကာ ႐ိုက္ႏွက္ စစ္ေဆးေနသည္ဟု မ်က္ျမင္ေတြ႕ရွိခဲ့သည့္ ေစာ္ဖ်ား႐ြားသား တစ္ဦး က ဆက္ေျပာသည္။

ေစာ္ဖ်ားေက်း႐ြာမွ ပ်ဴေစာထီးအဖြဲ႕ဝင္ ျဖစ္သည့္ ဦးေမာင္ရီအိမ္ကို အမည္မသိ လက္နက္ကိုင္တစ္ဖြဲ႕က ေအာက္ တိုဘာလ ၅ ရက္ေန႔ က လာေရာက္ပစ္ခတ္ခဲ့ၿပီး ဦးေမာင္ရီ၏ ဇနီးႏွင့္ တူျဖစ္သူတို႔ ဒဏ္ရာရရွိခဲ့ၿပီးေနာက္ ယခု ကဲ့သို႔ ေက်း႐ြာအတြင္း ႐ိုက္ႏွက္ဖမ္းဆီးျခင္းမ်ား လုပ္ေဆာင္ေနျခင္းျဖစ္သည္ဟု ႐ြာသားမ်ားက ေျပာသည္။

ဖမ္းဆီးခံရသူမ်ားကို မည္သည့္ေနရာသို႔ ေခၚေဆာင္သြားသည္ကိုလည္း ယေန႔အခ်ိန္ထိ မသိရေသးသျဖင့္ မိသား စုဝင္မ်ားက စိုးရိမ္ပူပန္လ်က္ရွိေန ၾကသည္။

ေအာက္တိုဘာလ ၇ ရက္ေန႔က သရက္ေခ်ာင္းၿမိဳ႕နယ္ မိုးေ႐ႊကူးေက်း႐ြာတြင္ NLD ပါတီဝင္တစ္ဦး၏ ေနအိမ္ကို ပ်ဴေစာထီးအဖြဲ႕ဝင္မ်ားက ဝင္ေရာက္ဖ်က္ဆီးခဲ့ေသးေၾကာင္း သိရသည္။

သရက္ေခ်ာင္းတြင္ ပ်ဴေစာထီးမ်ားကို စစ္ေကာင္စီက လက္နက္ တပ္ဆင္ေပးထားသည္။။