သတင်းစာများ ဈေးတက်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်။

စက္ကူဈေးများ မြင့်တက်လာခြင်းကြောင့် သတင်းစာ၊ ဂျာနယ်ဈေးနှုန်းများပါ မြင့်တက်လာသည်ဟု သတင်းစာဂျာနယ် လက်လီ ရောင်းချနေသူများက ပြောသည်။

ပြည်တွင်း၌ ဖြန့်ချီနေသည့် ပုဂ္ဂလိက သတင်းစာများသည် အောက်တိုဘာ ၁၅ ရက်နေ့မှ စတင်၍ တစ်စောင်လျှင် ကျပ် ၅၀ ခန့် ဈေးနှုန်းတိုးမြှင့်ဖြန့်ချီမည်ဟု ကြေညာထားကြောင်း လှိုင်မြို့နယ်အတွင်းရှိ သတင်းစာ၊ ဂျာနယ် လက်လီရောင်းချနေသူ တစ်ဦး က ပြောသည်။

“လက်လီသမားတွေက တစ်စောင်တစ်ရာလောက် တက်ရောင်းရမှာပေါ့။ အများကြီးလည်း တက်လို့မရဘူး လေ။ အခုတောင် ရောင်းအားက ဟိုးမြေကြီးထဲ ရောက်နေတာ” ဟု ဂျာနယ်ရောင်းသည့် အတွေ့အကြုံ ၁၇ နှစ် ကျော်ရှိပြီဖြစ်သည့် လက်လီရောင်းချနေသူ တစ်ဦးက ပြောသည်။

ယခုနောက်ပိုင်း ပြည်တွင်းစာဖတ်သူအများစုက အွန်လိုင်းမှတစ်ဆင့် သတင်းစာများ ဖတ်ရှုကြပြီး သတင်းစာ ဝယ်ယူ ဖတ်ရှုသူ အလွန်နည်းပါးသွားကြောင်း သတင်းစာရောင်းအားကလည်း ယခင်ကထက်စာလျှင် ၄ ပုံ ၁ ပုံ ခန့် သာရှိတော့သည်ဟု ၎င်းက ဆက်ပြောသည်။

သတင်းစာ၊ ဂျာနယ်များ လက်လီရောင်းချနေသူ တစ်ဦးက “အရင်အစောင် ၁၀၀ ရောင်းရရင် အခု ၂၅ စောင် လောက်ပဲ ရောင်းရတယ်။ အခုက အလုပ်ရှိတယ်ပဲ ပြောလို့ရ တာ။ ငွေကမရဘူး” ဟု ဆက်ပြောသည်။

ပြည်တွင်းစက္ကူဈေးမှာ စက်တင်ဘာလဆန်းပိုင်းက စက္ကူတစ်တန်လျှင် ကျပ် ၁၅ သိန်းခန့်ရှိခဲ့ရာမှ စက်တင်ဘာ လ ကုန်ပိုင်းတွင် ကျပ်သိန်း ၂၀ အထိ မြင့်တက်ခဲ့ကြောင်း စက္ကူလိပ်ဖြန့်ဖြူးသူများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းဒေါ်လာဈေးကလည်း တစ်ဒေါ်လာလျှင် ၂၇၀၀ ကျပ် အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် လက်ရှိတွင် ပုဂ္ဂလိသတင်းစာအဖြစ် စံတော်ချိန်နှင့် Eleven Daily နှစ်စောင် သာ ထုတ်ဝေနိုင်တော့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း DVB၊ မဇ္ဈိမ၊ 7 Day၊ ခေတ်သစ်မီဒီယာ၊ မြန်မာနောင်း တို့ကို စစ်ကောင်စီ က ထုတ်ဝေခွင့်လိုင်စင်များ ပိတ်သိမ်းခဲ့သည်။

*** ZAWGYI ***
သတင္းစာမ်ား ေဈးတက္မည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၉ ရက္။

စကၠဴေဈးမ်ား ျမင့္တက္လာျခင္းေၾကာင့္ သတင္းစာ၊ ဂ်ာနယ္ေဈးႏႈန္းမ်ားပါ ျမင့္တက္လာသည္ဟု သတင္းစာဂ်ာနယ္ လက္လီ ေရာင္းခ်ေနသူမ်ားက ေျပာသည္။

ျပည္တြင္း၌ ျဖန႔္ခ်ီေနသည့္ ပုဂၢလိက သတင္းစာမ်ားသည္ ေအာက္တိုဘာ ၁၅ ရက္ေန႔မွ စတင္၍ တစ္ေစာင္လွ်င္ က်ပ္ ၅၀ ခန႔္ ေဈးႏႈန္းတိုးျမႇင့္ျဖန႔္ခ်ီမည္ဟု ေၾကညာထားေၾကာင္း လႈိင္ၿမိဳ႕နယ္အတြင္းရွိ သတင္းစာ၊ ဂ်ာနယ္ လက္လီေရာင္းခ်ေနသူ တစ္ဦး က ေျပာသည္။

“လက္လီသမားေတြက တစ္ေစာင္တစ္ရာေလာက္ တက္ေရာင္းရမွာေပါ့။ အမ်ားႀကီးလည္း တက္လို႔မရဘူး ေလ။ အခုေတာင္ ေရာင္းအားက ဟိုးေျမႀကီးထဲ ေရာက္ေနတာ” ဟု ဂ်ာနယ္ေရာင္းသည့္ အေတြ႕အႀကဳံ ၁၇ ႏွစ္ ေက်ာ္ရွိၿပီျဖစ္သည့္ လက္လီေရာင္းခ်ေနသူ တစ္ဦးက ေျပာသည္။

ယခုေနာက္ပိုင္း ျပည္တြင္းစာဖတ္သူအမ်ားစုက အြန္လိုင္းမွတစ္ဆင့္ သတင္းစာမ်ား ဖတ္ရႈၾကၿပီး သတင္းစာ ဝယ္ယူ ဖတ္ရႈသူ အလြန္နည္းပါးသြားေၾကာင္း သတင္းစာေရာင္းအားကလည္း ယခင္ကထက္စာလွ်င္ ၄ ပုံ ၁ ပုံ ခန႔္ သာရွိေတာ့သည္ဟု ၎က ဆက္ေျပာသည္။

သတင္းစာ၊ ဂ်ာနယ္မ်ား လက္လီေရာင္းခ်ေနသူ တစ္ဦးက “အရင္အေစာင္ ၁၀၀ ေရာင္းရရင္ အခု ၂၅ ေစာင္ ေလာက္ပဲ ေရာင္းရတယ္။ အခုက အလုပ္ရွိတယ္ပဲ ေျပာလို႔ရ တာ။ ေငြကမရဘူး” ဟု ဆက္ ေျပာသည္။

ျပည္တြင္းစကၠဴေဈးမွာ စက္တင္ဘာလဆန္းပိုင္းက စကၠဴတစ္တန္လွ်င္ က်ပ္ ၁၅ သိန္းခန႔္ရွိခဲ့ရာမွ စက္တင္ဘာ လ ကုန္ပိုင္းတြင္ က်ပ္သိန္း ၂၀ အထိ ျမင့္တက္ခဲ့ေၾကာင္း စကၠဴလိပ္ျဖန႔္ျဖဴးသူမ်ားက ေျပာသည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ျပည္တြင္းေဒၚလာေဈးကလည္း တစ္ေဒၚလာလွ်င္ ၂၇၀၀ က်ပ္ အထိ စံခ်ိန္တင္ ျမင့္တက္ခဲ့သည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ လက္ရွိတြင္ ပုဂၢလိသတင္းစာအျဖစ္ စံေတာ္ခ်ိန္ႏွင့္ Eleven Daily ႏွစ္ေစာင္ သာ ထုတ္ေဝႏိုင္ေတာ့သည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း DVB၊ မဇၩိမ၊ 7 Day၊ ေခတ္သစ္မီဒီယာ၊ ျမန္မာေနာင္း တို႔ကို စစ္ေကာင္စီ က ထုတ္ေဝခြင့္လိုင္စင္မ်ား ပိတ္သိမ္းခဲ့သည္။