ရခိုင်တွင် ကျောင်းများ ပြန်ဖွင့်နိုင်ရေးအတွက် ၁၂ အထက်ကျောင်းသူ/သားများအား ကာကွယ်ဆေးထိုးမည်
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်။
ရခိုင်ပြည်နယ်အတွင်း အသက် ၁၂ နှစ် အထက်ကျောင်းသူ/သားများကို အောက်တိုဘာလ ဒုတိယအပတ် အတွင်း တရုတ်နိုင်ငံထုတ် (Sinopharm) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်နေကြောင်း အောက်တိုဘာ ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ်စစ်ကောင်စီက ပြောသည်။
ယခု ရက်ပိုင်းအတွင်း ရောက်ရှိလာမည့် ကာကွယ်ဆေးများကို အောက်တိုဘာ ၁၆ ရက်ခန့်တွင် ထိုးနှံပေးသွား မည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီက ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။
ရခိုင်ပြည်နယ်အတွင်းရှိ အသက် ၁၂ နှစ် အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသူ/သား ၂ သိန်း ခန့်ကို စိတ်ချလက်ချ စာသင်ကြားနိုင်ရေးအတွက် ထိုးနှံပေးသွားမည်ဟု ၎င်းကပြောသည်။
ထိုသို့ ကာကွယ်ဆေးထိုးပေးမည့် စာရင်းထဲတွင် အစိုးရစာသင်ကျောင်းများအပြင် ပုဂ္ဂလိကကျောင်းများ၊ ဘုန်း တော်ကြီးသင် ပညာရေးကျောင်းများလည်း ပါဝင် သည်ဟု ဦးလှသိန်းကပြောသည်။
“ကလေးတွေကို ဆေးနှစ်ကြိမ်ထိုးပြီးရင် ကျောင်းတွေပြန်ဖွင့်ပေးမယ်လို့ ကြားသိထားတယ်“ ဟု ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင် က ပြောသည်။
ကျောင်းသားသူငယ်များအတွက် အသက်အန္တရာယ် တစ်စုံတစ်ရာ ထိခိုက်မှု မရှိပါက ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးရန် ဆန္ဒရှိကြောင်း ကျောင်းသားမိဘများက ပြောသည်။
တရုတ်ဆေးဖြစ်စေ၊ အိန္ဒိယနှင့် အခြားမည်သည့်နိုင်ငံက ဆေးဖြစ်စေ အန္တရယ်မရှိလျှင် ထိုးမည်ဖြစ်ကြောင်း စစ်တွေ မြို့ အိုးတန်းရပ်မှ အထက်တန်း ကျောင်းသား မိဘတစ်ဦးဖြစ်သည့် ဒေါ်ကြည်ကြည်အေး က ပြောသည်။
သို့သော် ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ဒေါ်ကြည်ကြည်အေးက “တကယ်လို့ ကာကွယ်ဆေးတွေ ထိုးပြီးလို့ ကျောင်းတွေပြန်ဖွင့်ပေးရင် အတန်းကြီးသမားတွေ စုမိပြီး ဆန္ဒပြ တာမျိုးတွေ ဘာတွေ ဖြစ်လာမှာကိုတော့ စိုးရိမ်တယ်” ဟု သူမ၏ စိုးရိမ်မှုကို ပြောသည်။
ရခိုင်ပြည်နယ်တွင် အလယ်တန်းကျောင်းသူ/သား စုစုပေါင်း ၁၅၄၃၇၂ ဦးရှိပြီး အထက်တန်းကျောင်းသူ/သား စုစုပေါင်း ၄၁၁၇၂ ဦးရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဒေါက်တာထွန်းထွန်းသိန်း၏ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်း COVID-19 ကပ်ရောဂါစတင် ဖြစ်ပွားမှုများကြောင့် ရခိုင်ပြည် နယ်အပါအဝင် အခြားသောတိုင်းနှင့်ပြည်နယ်အသီးသီးက စာသင် ကျောင်းများကို တစ်နှစ်ပတ်လုံး ပိတ်ထားခဲ့ရ ပြီးနောက် ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ဇူလိုင်လ ၉ ရက်နေ့မှ ယနေ့အချိန်ထိ စာသင် ကျောင်းများကို ယာယီပိတ်ထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ပိုးတွေ့ရှိမှု ငါးရာခိုင်နှုန်းအောက်လျော့ကျပါက နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာ စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့သည်။
*** ZAWGYI ***
ရခိုင္တြင္ ေက်ာင္းမ်ား ျပန္ဖြင့္ႏိုင္ေရးအတြက္ ၁၂ အထက္ေက်ာင္းသူ/သားမ်ားအား ကာကြယ္ေဆးထိုးမည္
သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၉ ရက္။
ရခိုင္ျပည္နယ္အတြင္း အသက္ ၁၂ ႏွစ္ အထက္ေက်ာင္းသူ/သားမ်ားကို ေအာက္တိုဘာလ ဒုတိယအပတ္ အတြင္း တ႐ုတ္ႏိုင္ငံထုတ္ (Sinopharm) ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးထိုးႏွံေပးရန္ စီစဥ္ေနေၾကာင္း ေအာက္တိုဘာ ၈ ရက္ေန႔ သတင္းစာရွင္းလင္းပြဲတြင္ ျပည္နယ္စစ္ေကာင္စီက ေျပာသည္။
ယခု ရက္ပိုင္းအတြင္း ေရာက္ရွိလာမည့္ ကာကြယ္ေဆးမ်ားကို ေအာက္တိုဘာ ၁၆ ရက္ခန႔္တြင္ ထိုးႏွံေပးသြား မည္ဟု ရခိုင္ျပည္နယ္စစ္ေကာင္စီက ေျပာေရးဆိုခြင့္ရွိသူ ဦးလွသိန္းက သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့ သည္။
ရခိုင္ျပည္နယ္အတြင္းရွိ အသက္ ၁၂ ႏွစ္ အထက္ အလယ္တန္းႏွင့္ အထက္တန္း ေက်ာင္းသူ/သား ၂ သိန္း ခန႔္ကို စိတ္ခ်လက္ခ် စာသင္ၾကားႏိုင္ေရးအတြက္ ထိုးႏွံေပးသြားမည္ဟု ၎ကေျပာသည္။
ထိုသို႔ ကာကြယ္ေဆးထိုးေပးမည့္ စာရင္းထဲတြင္ အစိုးရစာသင္ေက်ာင္းမ်ားအျပင္ ပုဂၢလိကေက်ာင္းမ်ား၊ ဘုန္း ေတာ္ႀကီးသင္ ပညာေရးေက်ာင္းမ်ားလည္း ပါဝင္ သည္ဟု ဦးလွသိန္းကေျပာသည္။
“ကေလးေတြကို ေဆးႏွစ္ႀကိမ္ထိုးၿပီးရင္ ေက်ာင္းေတြျပန္ဖြင့္ေပးမယ္လို႔ ၾကားသိထားတယ္“ ဟု ရခိုင္ျပည္နယ္ က်န္းမာေရးဦးစီးဌာနက လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာစိုးဝင္းပိုင္ က ေျပာသည္။
ေက်ာင္းသားသူငယ္မ်ားအတြက္ အသက္အႏၲရာယ္ တစ္စုံတစ္ရာ ထိခိုက္မႈ မရွိပါက ကိုဗစ္-၁၉ ကာကြယ္ေဆး ထိုးေပးရန္ ဆႏၵရွိေၾကာင္း ေက်ာင္းသားမိဘမ်ားက ေျပာသည္။
တ႐ုတ္ေဆးျဖစ္ေစ၊ အိႏၵိယႏွင့္ အျခားမည္သည့္ႏိုင္ငံက ေဆးျဖစ္ေစ အႏၲရယ္မရွိလွ်င္ ထိုးမည္ျဖစ္ေၾကာင္း စစ္ေတြ ၿမိဳ႕ အိုးတန္းရပ္မွ အထက္တန္း ေက်ာင္းသား မိဘတစ္ဦးျဖစ္သည့္ ေဒၚၾကည္ၾကည္ေအး က ေျပာသည္။
သို႔ေသာ္ ေက်ာင္းသားမိဘတစ္ဦးျဖစ္သည့္ ေဒၚၾကည္ၾကည္ေအးက “တကယ္လို႔ ကာကြယ္ေဆးေတြ ထိုးၿပီးလို႔ ေက်ာင္းေတြျပန္ဖြင့္ေပးရင္ အတန္းႀကီးသမားေတြ စုမိၿပီး ဆႏၵျပ တာမ်ိဳးေတြ ဘာေတြ ျဖစ္လာမွာကိုေတာ့ စိုးရိမ္တယ္” ဟု သူမ၏ စိုးရိမ္မႈကို ေျပာသည္။
ရခိုင္ျပည္နယ္တြင္ အလယ္တန္းေက်ာင္းသူ/သား စုစုေပါင္း ၁၅၄၃၇၂ ဦးရွိၿပီး အထက္တန္းေက်ာင္းသူ/သား စုစုေပါင္း ၄၁၁၇၂ ဦးရွိေၾကာင္း ျပည္နယ္ပညာေရးမႉး႐ုံးမွ ဒုတိယၫႊန္ၾကားေရးမႉး(စီမံ) ေဒါက္တာထြန္းထြန္းသိန္း၏ ေျပာျပခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ ၂၀၂၀ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံအတြင္း COVID-19 ကပ္ေရာဂါစတင္ ျဖစ္ပြားမႈမ်ားေၾကာင့္ ရခိုင္ျပည္ နယ္အပါအဝင္ အျခားေသာတိုင္းႏွင့္ျပည္နယ္အသီးသီးက စာသင္ ေက်ာင္းမ်ားကို တစ္ႏွစ္ပတ္လုံး ပိတ္ထားခဲ့ရ ၿပီးေနာက္ ကိုဗစ္ကပ္ေရာဂါ တတိယလႈိင္းျဖစ္ပြားမႈေၾကာင့္ ဇူလိုင္လ ၉ ရက္ေန႔မွ ယေန႔အခ်ိန္ထိ စာသင္ ေက်ာင္းမ်ားကို ယာယီပိတ္ထားျခင္း ျဖစ္သည္။
ျမန္မာႏိုင္ငံအတြင္း ကိုဗစ္-၁၉ ပိုးေတြ႕ရွိမႈ ငါးရာခိုင္ႏႈန္းေအာက္ေလ်ာ့က်ပါက ႏိုင္ငံတစ္ဝွမ္းရွိ အေျခခံပညာ စာသင္ေက်ာင္းမ်ားကို ျပန္လည္ဖြင့္လွစ္သြားမည္ ျဖစ္ေၾကာင္း စက္တင္ဘာလ ၃၀ ရက္ေန႔က ျပဳလုပ္ခဲ့သည့္ စစ္ေကာင္စီ၏ သတင္းစာရွင္းလင္းပြဲတြင္ စစ္ေကာင္စီ၏ သတင္းထုတ္ျပန္ေရးအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာခဲ့သည္။