လှိုင်တွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွား၊ ထိခိုက်ဒဏ်ရာရသူများရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်။
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် အောက်တိုဘာ ၈ ရက်၊ မွန်းလွဲပိုင်းက ဗုံးပေါက်ကွဲမှု နှစ် ကြိမ်ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိသည်ဟု အဆိုပါရပ်ကွက် အတွင်းနေထိုင်သူများက ပြောသည်။
ပေါက်ကွဲမှုမှာ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က တစ်ကြိမ်၊ ညနေပိုင်း ၃ နာရီ ၁၀ မိနစ် အချိန် က တစ်ကြိမ်ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး ဒုတိယအကြိမ်ပေါက်ကွဲမှုက ရဲတပ်ဖွဲ့မှ လာရောက်စစ်ဆေးနေချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ် သည်ဟု ၉ ရပ်ကွက် အတွင်း နေထိုင်သည့် လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦး က ပြောသည်။
“ပထမတစ်လုံး ပေါက်တုန်းကတော့ လူတစ်ယောက် လက်ပြတ်သွားတယ်။ နောက်တစ်ခေါက် ထပ်ပေါက်တော့ လည်းထိတဲ့ သူရှိတယ်။ အရပ်ဝတ်နဲ့ဆိုတော့ ပြည်သူလား ရဲလားတော့ မသိဘူး” ဟု ၎င်း မြင်တွေ့ခဲ့ရသည့် အခြေအနေကို ရှင်းပြသည်။
အင်းစိန်လမ်းမကြီးနဲ့ ဓမ္မာရုံးလမ်းနားမှာ(သုခမှတ်တိုင်အနီး)တွင် ရှိသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးအနီးတွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး နှစ်ယောက်ထိသွားကာ အင်းစိန်လမ်းကြီးကိုလည်း ပိတ်ထားသည်ဟု လှိုင်မြို့နယ် ၇ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ဒုတိယ အကြိမ်ပေါက်ကွဲမှုတွင် ဗုံးပေါက်ကွဲမှုကို လာရောက်စစ်ဆေးသည့် မြို့နယ်မှူးနှင့်စခန်းမှူး အပါအဝင် ရဲ တပ်သားတစ်ဦးပါ ထပ်မံဒဏ်ရာရရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြု၍ မရပေ။
အဆိုပါ ပေါက်ကွဲမှုမတိုင်မီ တစ်နာရီခန့်အလိုက မက္ခရာတော်လှန်ရေးအင်အားစုက အဆိုပါရပ်ကွက်ရုံးအား အဝေးထိန်းဗုံးဖြင့်ဖောက် ခွဲမှုပြုလုပ်မည် ဖြစ်သောကြောင့် ပြည်သူများ ရှောင်ရှားကြရန် လူမှု ကွန်ရက်စာမျက် နှာမှ တစ်ဆင့်ထုတ်ပြန် ကြေညာထားသည်။
လှိုင်မြို့နယ်နှင့် ဆက်စပ်နေသည့် ကမာရွတ်မြို့နယ် ပြည်လမ်းမြေအောက်လမ်းကူး လူသွားဥမင်ဖွင့်ပွဲကို စစ် ကောင်စီ ဥက္ကဋ္ဌ လာရောက်စဉ် ပြည်လမ်းနှင့် အင်းစိန်လမ်းမကြီးကို လုံခြုံရေး တင်းကြပ်ထားခဲ့သည်။
အောက်တိုဘာလ ၇ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ထားသည့် အမျိုးသားညီညွန်ရေး အစိုးရ NUG ၏ ထုတ်ချက် ထဲတွင် စက်တင်ဘာလ ၇ ရက်နေ့ ပြည်သူတရပ်လုံး တော်လှန်ကြရန် ကြေညာခဲ့ချိန်မှစတင်ပြီး တစ်လအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ ၁၅၆၂ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၅၅၂ ဦး ရှိကြောင်း ရေးသားထုတ်ပြန်ထား သည်။
*** ZAWGYI ***
လႈိင္တြင္ ေပါက္ကြဲမႈ ႏွစ္ႀကိမ္ျဖစ္ပြား၊ ထိခိုက္ဒဏ္ရာရသူမ်ားရွိ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၉ ရက္။
ရန္ကုန္တိုင္း၊ လႈိင္ၿမိဳ႕နယ္၊ ၉ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံးအနီးတြင္ ေအာက္တိုဘာ ၈ ရက္၊ မြန္းလြဲပိုင္းက ဗုံးေပါက္ကြဲမႈ ႏွစ္ ႀကိမ္ျဖစ္ပြားခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူမ်ားရွိသည္ဟု အဆိုပါရပ္ကြက္ အတြင္းေနထိုင္သူမ်ားက ေျပာသည္။
ေပါက္ကြဲမႈမွာ မြန္းလြဲ ၂ နာရီ ၄၅ မိနစ္က တစ္ႀကိမ္၊ ညေနပိုင္း ၃ နာရီ ၁၀ မိနစ္ အခ်ိန္ က တစ္ႀကိမ္ျဖစ္ပြားခဲ့ ျခင္းျဖစ္ၿပီး ဒုတိယအႀကိမ္ေပါက္ကြဲမႈက ရဲတပ္ဖြဲ႕မွ လာေရာက္စစ္ေဆးေနခ်ိန္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္း ျဖစ္ သည္ဟု ၉ ရပ္ကြက္ အတြင္း ေနထိုင္သည့္ လုံၿခဳံေရးအရ အမည္မေဖာ္လိုသူ တစ္ဦး က ေျပာသည္။
“ပထမတစ္လုံး ေပါက္တုန္းကေတာ့ လူတစ္ေယာက္ လက္ျပတ္သြားတယ္။ ေနာက္တစ္ေခါက္ ထပ္ေပါက္ေတာ့ လည္းထိတဲ့ သူရွိတယ္။ အရပ္ဝတ္နဲ႔ဆိုေတာ့ ျပည္သူလား ရဲလားေတာ့ မသိဘူး” ဟု ၎ ျမင္ေတြ႕ခဲ့ရသည့္ အေျခအေနကို ရွင္းျပသည္။
အင္းစိန္လမ္းမႀကီးနဲ႔ ဓမၼာ႐ုံးလမ္းနားမွာ(သုခမွတ္တိုင္အနီး)တြင္ ရွိသည့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ႐ုံးအနီးတြင္ ဗုံးေပါက္ကြဲခဲ့ျခင္းျဖစ္ၿပီး ႏွစ္ေယာက္ထိသြားကာ အင္းစိန္လမ္းႀကီးကိုလည္း ပိတ္ထားသည္ဟု လႈိင္ၿမိဳ႕နယ္ ၇ ရပ္ကြက္တြင္ ေနထိုင္သူတစ္ဦးက ေျပာသည္။
ဒုတိယ အႀကိမ္ေပါက္ကြဲမႈတြင္ ဗုံးေပါက္ကြဲမႈကို လာေရာက္စစ္ေဆးသည့္ ၿမိဳ႕နယ္မႉးႏွင့္စခန္းမႉး အပါအဝင္ ရဲ တပ္သားတစ္ဦးပါ ထပ္မံဒဏ္ရာရရွိခဲ့သည္ဟု သတင္းမ်ား ထြက္ေပၚေနေသာ္လည္း သီးျခား အတည္ျပဳ၍ မရေပ။
အဆိုပါ ေပါက္ကြဲမႈမတိုင္မီ တစ္နာရီခန႔္အလိုက မကၡရာေတာ္လွန္ေရးအင္အားစုက အဆိုပါရပ္ကြက္႐ုံးအား အေဝးထိန္းဗုံးျဖင့္ေဖာက္ ခြဲမႈျပဳလုပ္မည္ ျဖစ္ေသာေၾကာင့္ ျပည္သူမ်ား ေရွာင္ရွားၾကရန္ လူမႈ ကြန္ရက္စာမ်က္ ႏွာမွ တစ္ဆင့္ထုတ္ျပန္ ေၾကညာထားသည္။
လႈိင္ၿမိဳ႕နယ္ႏွင့္ ဆက္စပ္ေနသည့္ ကမာ႐ြတ္ၿမိဳ႕နယ္ ျပည္လမ္းေျမေအာက္လမ္းကူး လူသြားဥမင္ဖြင့္ပြဲကို စစ္ ေကာင္စီ ဥကၠ႒ လာေရာက္စဥ္ ျပည္လမ္းႏွင့္ အင္းစိန္လမ္းမႀကီးကို လုံၿခဳံေရး တင္းၾကပ္ထားခဲ့သည္။
ေအာက္တိုဘာလ ၇ ရက္ေန႔ ရက္စြဲျဖင့္ထုတ္ျပန္ထားသည့္ အမ်ိဳးသားညီၫြန္ေရး အစိုးရ NUG ၏ ထုတ္ခ်က္ ထဲတြင္ စက္တင္ဘာလ ၇ ရက္ေန႔ ျပည္သူတရပ္လုံး ေတာ္လွန္ၾကရန္ ေၾကညာခဲ့ခ်ိန္မွစတင္ၿပီး တစ္လအတြင္း စစ္ေကာင္စီဘက္က ေသဆုံးသူ ၁၅၆၂ ဦးႏွင့္ ထိခိုက္ဒဏ္ရာရသူ ၅၅၂ ဦး ရွိေၾကာင္း ေရးသားထုတ္ျပန္ထား သည္။