ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သူကို ထောင်ဒဏ် နှစ်နှစ်ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။

NLD အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးညီပုကို စစ်တွေမြို့ နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်နှစ် ချလိုက်သည်ဟု ငြိမ်းချမ်းသဇင်ဥပဒေ အထောက်အကူပြု အဖွဲ့ထံမှ သိရသည်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅(ခ) ဖြင့် တရားစွဲဆို ခံထားရသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ကို အောက်တိုဘာလ ၈ ရက်နေ့(ယနေ့) နံနက်ပိုင်းတွင် စစ်တွေမြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်နှစ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

တရားလွှတ်တော် ရှေ့နေ ဦးမျိုးမြတ်ဟိန်း က “အမိန့်ချမှတ်မှုအပေါ် ဆက်ပြီး အယူခံတက်ဖို့ မတက်ဖို့ကတော့ ဦးညီပုနဲ့ လူချင်းတွေ့ပြီးမှ တိုင်ပင်ဆွေးနွေးရအုန်းမှာပါ။ သူ့ကို နောက်ထပ်စွဲထားတဲ့ အဂတိအမှုမှာတော့ လူ ကိုယ်တိုင် ရုံးထုတ်တယ်” ဟု ပြောသည်။

ဦးညီပုကို ဗွီဒီယိုအွန်လိုင်း (Video Conferencing) စံနစ်ဖြင့် ရုံးထုတ်ခဲ့ပြီး တရားရုံးက အမိန့်ချမှတ်လိုက်ခြင်း ဖြစ် သည်ဟု ဥပဒေအထောက်အကူပြုအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်း က ပြောသည်။

နိုင်ငံတော်အာဏာကို စစ်တပ်ကသိမ်းယူခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပင် ဦးညီပုကို ဖမ်းဆီးထိန်းသိမ်း ခဲ့ ပြီး ၂ ရက် အကြာတွင် ပြန်လွှတ်ပေးကာ နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။

ပြည်သူသို့ ပြန်ကြားချက်ဗွီဒီယိုဖိုင်တစ်ခုကို လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် ဖေဖော်ဝါရီလ ၉ ရက်နေ့ တွင် ဖော်ပြခဲ့သဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၁၀ နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က ဦးညီပုကို ထပ်မံ ဖမ်းဆီးခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စစ်တွေမြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက တရား လိုပြုလုပ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မဖြင့် ဦးညီပုကို စစ်တွေမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ သည့် အမှုဖြစ်သည်။

ဖမ်းဆီးခံရချိန်မှ စတင်၍ အမိန့်ချမှတ်သည့် အချိန်ထိ အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများနှင့် လူ ချင်းတွေ့ဆုံခွင့် မရသလို မိသားစုဝင်များနှင့်ပါ တွေ့ခွင့်မရခဲ့ပဲ ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ် သည်။

အဆိုပါအမှု အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃ ခုနှင့်လည်း တရားစွဲဆိုထားသဖြင့် ဆက် လက်ပြီး ရခိုင်ပြည်နယ်တရားရုံးမှာ အမှုများကို ရင်ဆိုင်ရအုန်းမည်ဟု ဦးမျိုးမြတ်ဟိန်း က ပြောသည်။

ထပ်မံရင်ဆိုင်ရန်ကျန်ရှိနေသေးသည့် အဂတိအမှုတွင် စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်၊ စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်တို့လည်း ပါဝင်သည်။

*** ZAWGYI ***
ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္တာဝန္ထမ္းေဆာင္ခဲ့သူကို ေထာင္ဒဏ္ ႏွစ္ႏွစ္ခ်

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၈ ရက္။

NLD အစိုးရလက္ထက္တြင္ ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည့္ ဦးညီပုကို စစ္ေတြၿမိဳ႕ နယ္ တရား႐ုံးမွ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ႏွစ္ႏွစ္ ခ်လိုက္သည္ဟု ၿငိမ္းခ်မ္းသဇင္ဥပေဒ အေထာက္အကူျပဳ အဖြဲ႕ထံမွ သိရသည္။

ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ-၅၀၅(ခ) ျဖင့္ တရားစြဲဆို ခံထားရသည့္ ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးညီပု ကို ေအာက္တိုဘာလ ၈ ရက္ေန႔(ယေန႔) နံနက္ပိုင္းတြင္ စစ္ေတြၿမိဳ႕နယ္တရား႐ုံးမွ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ႏွစ္ႏွစ္ခ်မွတ္လိုက္ျခင္း ျဖစ္သည္။

တရားလႊတ္ေတာ္ ေရွ႕ေန ဦးမ်ိဳးျမတ္ဟိန္း က “အမိန႔္ခ်မွတ္မႈအေပၚ ဆက္ၿပီး အယူခံတက္ဖို႔ မတက္ဖို႔ကေတာ့ ဦးညီပုနဲ႔ လူခ်င္းေတြ႕ၿပီးမွ တိုင္ပင္ေဆြးေႏြးရအုန္းမွာပါ။ သူ႔ကို ေနာက္ထပ္စြဲထားတဲ့ အဂတိအမႈမွာေတာ့ လူ ကိုယ္တိုင္ ႐ုံးထုတ္တယ္” ဟု ေျပာသည္။

ဦးညီပုကို ဗြီဒီယိုအြန္လိုင္း (Video Conferencing) စံနစ္ျဖင့္ ႐ုံးထုတ္ခဲ့ၿပီး တရား႐ုံးက အမိန္႔ခ်မွတ္လိုက္ျခင္း ျဖစ္ သည္ဟု ဥပေဒအေထာက္အကူျပဳအဖြဲ႕မွ တရားလႊတ္ေတာ္ေရွ႕ေန ဦးမ်ိဳးျမတ္ဟိန္း က ေျပာသည္။

ႏိုင္ငံေတာ္အာဏာကို စစ္တပ္ကသိမ္းယူခဲ့သည့္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာပင္ ဦးညီပုကို ဖမ္းဆီးထိန္းသိမ္း ခဲ့ ၿပီး ၂ ရက္ အၾကာတြင္ ျပန္လႊတ္ေပးကာ ေနအိမ္အက်ယ္ခ်ဳပ္ျဖင့္ ထားရွိခဲ့သည္။

ျပည္သူသို႔ ျပန္ၾကားခ်က္ဗြီဒီယိုဖိုင္တစ္ခုကို လူမႈကြန္ယက္စာမ်က္ႏွာမွ တစ္ဆင့္ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔ တြင္ ေဖာ္ျပခဲ့သျဖင့္ ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔ ည ၁၀ နာရီေက်ာ္အခ်ိန္တြင္ စစ္ေကာင္စီတပ္ဖြဲ႕က ဦးညီပုကို ထပ္မံ ဖမ္းဆီးခဲ့သည္။

ထို႔ေနာက္ ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔တြင္ စစ္ေတြၿမိဳ႕နယ္ ဒုတိယ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္သိန္းက တရား လိုျပဳလုပ္ၿပီး ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မျဖင့္ ဦးညီပုကို စစ္ေတြၿမိဳ႕နယ္ တရား႐ုံးတြင္ တရားစြဲဆိုခဲ့ သည့္ အမႈျဖစ္သည္။

ဖမ္းဆီးခံရခ်ိန္မွ စတင္၍ အမိန႔္ခ်မွတ္သည့္ အခ်ိန္ထိ အမႈလိုက္ပါေဆာင္႐ြက္ေပးေနသည့္ ေရွ႕ေနမ်ားႏွင့္ လူ ခ်င္းေတြ႕ဆုံခြင့္ မရသလို မိသားစုဝင္မ်ားႏွင့္ပါ ေတြ႕ခြင့္မရခဲ့ပဲ ယခုကဲ့သို႔ ေထာင္ဒဏ္ခ်မွတ္လိုက္ျခင္း ျဖစ္ သည္။

အဆိုပါအမႈ အျပင္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၃ ခုႏွင့္လည္း တရားစြဲဆိုထားသျဖင့္ ဆက္ လက္ၿပီး ရခိုင္ျပည္နယ္တရား႐ုံးမွာ အမႈမ်ားကို ရင္ဆိုင္ရအုန္းမည္ဟု ဦးမ်ိဳးျမတ္ဟိန္း က ေျပာသည္။

ထပ္မံရင္ဆိုင္ရန္က်န္ရွိေနေသးသည့္ အဂတိအမႈတြင္ စီမံ/ဘ႑ာဝန္ႀကီးေဟာင္း ဦးေက်ာ္ေအးသိန္း၊ လွ်ပ္စစ္၊ စက္မႈႏွင့္လမ္းပန္းဆက္သြယ္ေရး ဝန္ႀကီးေဟာင္း ဦးေအာင္ေက်ာ္ဇံ၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္ သတၱဳတြင္းဝန္ႀကီးေဟာင္း ဦးေက်ာ္လြင္၊ စည္ပင္သာယာေရးဝန္ႀကီးေဟာင္း ဦးမင္းေအာင္တို႔လည္း ပါဝင္သည္။