ဖမ်းဆီးခံရသည့် ကျူရှင်ဆရာ၏ အလောင်းကို ဓါးဒဏ်ရာများဖြင့် ပြန်တွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။

မန္တလေးတိုင်း မတ္တရာမြို့နယ်မှ ကျူရှင်ဆရာ တစ်ဦး စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် ဓါးဒဏ်ရာနှင့် သေဆုံးနေသော အလောင်းကို ရွာထိပ်တစ်နေရာတွင် တွေ့ရှိခဲ့ရသည် ဒေသခံရွာသားများက ပြောသည်။

အောက်တိုဘာလ ၉ ရက်နေ့ က လည်ပင်းဓါးဒဏ်ရာနှင့် သေဆုံးနေသည့် တောင်ကန်အုပ်စု ကင်းရွာက အသက် ၃၅ နှစ် အရွယ် ကျူရှင်ဆရာ ဦးသိန်းဇော်၏ ရုပ်အလောင်းကို လမိုင်းကျေးရွာ ထိပ်တွင် စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့ရသည်ဟု ပြောသည်။

”မနက် ၈ နာရီ လောက်ကျတော့ အလောင်းကို လာယူသွားကြတယ်။ မေးတာတွေ မဖြေလိုနဲ့တူပါတယ်။ လည်ပင်းဓါးဒဏ်ရာက တော်တော်နက်တယ်” ဟု အသက် ၄၇ နှစ် အရွယ်ခန့်ရှိသူ ဒေသခံတစ်ဦး က ပြောသည်။

ထူးချွန်အောင် ဘော်ဒါ တည်ထောင်ထားသူ ဦးသိန်းဇော်ကို အောက်တိုဘာလ ၆ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့် က မတ္တရာစစ်ဆေးရေးဂိတ်တွင် လက်ကိုင်ဖုန်းအတွင်းမှ ဆန္ဒပြသည်နှင့် ပတ်သက်သည့် ဓါတ်ပုံများနှင့် PDF ပုံ များကို တွေ့ရှိ၍ စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီးနောက် ယခုကဲ့သို့ သေဆုံးနေသည့် အလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၆ နာရီခွဲ အချိန်ခန့်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကင်းရွာ အတွင်း ဝင်ရောက်မွှေနှောက်ကာ ဦးဇင်းဦးပညာဝံသ၊ စိုးကဗျာ ၂၀ နှစ်၊ ဘကကျောင်း ဆရာမဒေါ်သဲဖြူ တို့ကို လည်း ထပ်မံ ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၈ ရက်နေ့ ည ၁၂ နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဦးသိန်းဇော် နေထိုင်သည့် အောင်ချမ်းသာကျေးရွာရှိ အိမ်သုံးလုံးကို မွှေနှောက်ရှာဖွေပြီး ပြန်လည်ထွက်ခွာသွားပြီးနောက် တစ်နာရီခန့် အကြာ အောက်တိုဘာ ၉ ရက်နေ့ နံနက် ၁ နာရီ အချိန်ခန့်တွင် လမိုင်းကျေးရွာထိပ်တွင် အလောင်းကို ပစ်ထားခဲ့ ဖြင်း ဖြစ်သည်ဟု ရွာသားများက ဆိုသည်။

ဦးသိန်းဇော်သည့် အောင်ချမ်းသာကျေးရွာသား တစ်ဦးဖြစ်ပြီး ကင်းရွာတွင် အိမ်ထောင်ကျကာ ရွာနှစ်ရွာ စလုံး တွင်နေထိုင်လျှက်ရှိသည်။ ၎င်း၏ အလောင်းကို တွေ့ခဲ့သည့် လမိုင်းကျေးရွာသည် လက်ရှိ သေဆုံးသူနေထိုင် သည့် ကင်းရွာနှင့် တစ်မိုင်ခန့်သာ ကွာဝေးသည်။ ဦးသိန်းဇော်တွင် ဇနီးသည်နှင့် သားတစ်ဦး၊ သမီးတစ်ဦး ကျန်ခဲ့ သည်။

*** ZAWGYI ***

ဖမ္းဆီးခံရသည့္ က်ဴရွင္ဆရာ၏ အေလာင္းကို ဓါးဒဏ္ရာမ်ားျဖင့္ ျပန္ေတြ႕

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၁ ရက္။

မႏၲေလးတိုင္း မတၱရာၿမိဳ႕နယ္မွ က်ဴရွင္ဆရာ တစ္ဦး စစ္ေကာင္စီက ဖမ္းဆီးသြားၿပီးေနာက္ ဓါးဒဏ္ရာႏွင့္ ေသဆုံးေနေသာ အေလာင္းကို ႐ြာထိပ္တစ္ေနရာတြင္ ေတြ႕ရွိခဲ့ရသည္ ေဒသခံ႐ြာသားမ်ားက ေျပာသည္။

ေအာက္တိုဘာလ ၉ ရက္ေန႔ က လည္ပင္းဓါးဒဏ္ရာႏွင့္ ေသဆုံးေနသည့္ ေတာင္ကန္အုပ္စု ကင္း႐ြာက အသက္ ၃၅ ႏွစ္ အ႐ြယ္ က်ဴရွင္ဆရာ ဦးသိန္းေဇာ္၏ ႐ုပ္အေလာင္းကို လမိုင္းေက်း႐ြာ ထိပ္တြင္ စြန႔္ပစ္ထားသည္ကို ေတြ႕ရွိခဲ့ရသည္ဟု ေျပာသည္။

”မနက္ ၈ နာရီ ေလာက္က်ေတာ့ အေလာင္းကို လာယူသြားၾကတယ္။ ေမးတာေတြ မေျဖလိုနဲ႔တူပါတယ္။ လည္ ပင္းဓါးဒဏ္ရာက ေတာ္ေတာ္နက္တယ္” ဟု အသက္ ၄၇ ႏွစ္ အ႐ြယ္ခန႔္ရွိသူ ေဒသခံတစ္ဦး က ေျပာသည္။

ထူးခြၽန္ေအာင္ ေဘာ္ဒါ တည္ေထာင္ထားသူ ဦးသိန္းေဇာ္ကို ေအာက္တိုဘာလ ၆ ရက္ေန႔ ညေန ၅ နာရီအခ်ိန္ခန႔္ က မတၱရာစစ္ေဆးေရးဂိတ္တြင္ လက္ကိုင္ဖုန္းအတြင္းမွ ဆႏၵျပသည္ႏွင့္ ပတ္သက္သည့္ ဓါတ္ပုံမ်ားႏွင့္ PDF ပုံ မ်ားကို ေတြ႕ရွိ၍ စစ္ေကာင္စီက ဖမ္းဆီးသြားခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ေသဆုံးေနသည့္ အေလာင္းကို ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္ဟု ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။

ေအာက္တိုဘာလ ၉ ရက္ေန႔ ညေန ၆ နာရီခြဲ အခ်ိန္ခန႔္တြင္လည္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ ကင္း႐ြာ အတြင္း ဝင္ေရာက္ေမႊေႏွာက္ကာ ဦးဇင္းဦးပညာဝံသ၊ စိုးကဗ်ာ ၂၀ ႏွစ္၊ ဘကေက်ာင္း ဆရာမေဒၚသဲျဖဴ တို႔ကို လည္း ထပ္မံ ဖမ္းဆီးသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

ေအာက္တိုဘာလ ၈ ရက္ေန႔ ည ၁၂ နာရီ အခ်ိန္ခန႔္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဦးသိန္းေဇာ္ ေနထိုင္သည့္ ေအာင္ခ်မ္းသာေက်း႐ြာရွိ အိမ္သုံးလုံးကို ေမႊေႏွာက္ရွာေဖြၿပီး ျပန္လည္ထြက္ခြာသြားၿပီးေနာက္ တစ္နာရီခန႔္ အၾကာ ေအာက္တိုဘာ ၉ ရက္ေန႔ နံနက္ ၁ နာရီ အခ်ိန္ခန႔္တြင္ လမိုင္းေက်း႐ြာထိပ္တြင္ အေလာင္းကို ပစ္ထားခဲ့ ျဖင္း ျဖစ္သည္ဟု ႐ြာသားမ်ားက ဆိုသည္။

ဦးသိန္းေဇာ္သည့္ ေအာင္ခ်မ္းသာေက်း႐ြာသား တစ္ဦးျဖစ္ၿပီး ကင္း႐ြာတြင္ အိမ္ေထာင္က်ကာ ႐ြာႏွစ္႐ြာ စလုံး တြင္ေနထိုင္လွ်က္ရွိသည္။ ၎၏ အေလာင္းကို ေတြ႕ခဲ့သည့္ လမိုင္းေက်း႐ြာသည္ လက္ရွိ ေသဆုံးသူေနထိုင္ သည့္ ကင္း႐ြာႏွင့္ တစ္မိုင္ခန႔္သာ ကြာေဝးသည္။ ဦးသိန္းေဇာ္တြင္ ဇနီးသည္ႏွင့္ သားတစ္ဦး၊ သမီးတစ္ဦး က်န္ခဲ့ သည္။