ကျေးရွာ ရံပုံငွေကို စစ်ကောင်စီ တပ်ဖွဲ့များ သိမ်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။
တနင်္သာရီတိုင်းဒေသကြီး၊ အတွင်း ကျေးရွာအုပ်ပိုင် ရေပေးဝေရေးနှင့် အမှိုက်သိမ်းကော်မတီ၏ ရံပုံငွေသိန်း ၁၇၀ ကျော်ကို ဒေသခံ စစ်ကောင်စီတပ်ဖွဲ့က သိမ်းယူလိုက်သည်ဟု ဒေသ ခံများက ပြောသည်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ လူထုပိုင် ကော်မတီ ရံပုံငွေအဖြစ် ဘဏ်စာရင်းထဲတွင်ရှိသည့် ကျပ် ၁၄၃ သိန်းကျော်၊ ဘဏ်စာအုပ်နှင့် ကော်မတီ ဝင်များ၏ လက်ထဲတွင် ရှိနေသည့် ကျပ်ငွေ ၃၅ သိန်းကျော် ကို အောက်တိုဘာ ၅ ရက်နေ့ က စစ်ကောင်စီက သိမ်းဆည်းလိုက်ခြင်း ဖြစ်သည်။
“အခုတော့ ပြည်သူတွေရဲ့ ကားရော၊ ရံပုံငွေတွေရော တစ်ပြားမှမကျန်တော့ဘူး။ အကုန်လုယက်ခံလိုက်ရပြီ” ဟု ရေပေးဝေရေး ကော်မတီက အဖွဲ့ဝင်တစ်ဦး က ပြောသည်။
ကံပေါက်ဒေသခံ တပ်ရင်းအမှတ် ၂၇၃ တပ် က ဗိုလ်မှူးဆိုသူ အပါအဝင် ကံပေါက်ရဲစခန်းမှူး၊ စရဖ သန်းရှိန် နှင့် စကစ ခန့် ရပ်ကျေးဥက္ကဋ္ဌတို့က လာရောက် သိမ်းယူသွားခြင်း ဖြစ်သည်ဟု ရေပေးဝေရေး ကော်မတီအဖွဲ့ဝင် တစ်ဦးက ပြောသည်။
၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ဖွဲ့စည်းထားသည့် ၃ နှစ်ကြာ သက်တမ်းရှိ ကော်မတီကို ဖျက်သိမ်းခိုင်းပြီး ဗိုလ် အောင်ဒင် အမည်ရှိ အမှိုက်သိမ်းယာဉ်ကိုလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက သိမ်းယူလိုက်ပြီး အမှိုက်သိမ်း ဝန်ထမ်းများကိုလည်း အလုပ်မှ ရပ်စဲလိုက်သည်ဟု ရေပေးဝေရေး ကော်မတီ အဖွဲ့ဝင်က ဆက် ပြောသည်။
အမှိုက်သိမ်း မော်တော်ယာဉ်ကိုလည်း ရပ်ရွာအမှိုက်သိမ်း စနစ်ဖြင့် လည်ပတ်နေရာမှ ရရှိသည့် ရံပုံငွေဖြင့် ၂၀၁၉ ခုနှစ် တွင် ဝယ်ယူထားခြင်း ဖြစ်သည်။
“ဒီလို လာမလုပ်ခင်က လုပ်ငန်းတွေကို သူတို့နဲ့အတူ လုပ်ဖို့ ပူးပေါင်းခိုင်းတယ်။ ကော်မတီထဲ သူတို့လူတွေ ထည့် ပေးဖို့ပြောတယ်။ ကော်မတီက လက်မခံတော့ အခုလိုအနိုင်ကျင့်တာပဲ ဖြစ်မယ်“ ဟု ကံပေါက်ဒေသခံ အသက် ၄၅ နှစ် အရွယ် ဒေသခံတစ်ဦး က ပြောသည်။
ဒေသအတွင်းရှိ ရေပေးဝေရေးနှင့် အမှိုက်သိမ်းလုပ်ငန်းသည် ကံပေါက်ကျေးရွာအုပ်စုအတွင်းရှိသည့် ရပ်ကွက် ပေါင်း ၁၁ ရပ်ကွက်အတွက် ဝန်ဆောင်မှုပေးနေသည့် ပြည်သူလူထု၏ ကိုယ်ထူကိုယ်ထ လုပ်ငန်းတစ်ခု ဖြစ် သည်ဟု ဒေသခံများက ဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့၊ စစ်အာဏာက သိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကံပေါက်ဒေသထဲတွင် လာရောက် တပ်စွဲထားစဉ် ပြည်သူပိုင် ဆိုင်ကယ်အစီးရေပေါသ်း ၁၀၀ကျော်ခန့်ကို လုယက်ယူဆောင်ခဲ့ဖူး သည် ဟု ဒေသခံများက ပြောသည်။
ထို့အပြင် ကံပေါက် အုပ်ချုပ်ရေးမှူးရုံး၌ သိမ်းဆည်းထားသည့် အမှိုက်သိမ်းမော်တော်ယာဉ်က ဘက်ထရီအိုးကြီး တစ်လုံးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူဆောင်သွားခဲ့သည်ဟု ဆိုသည်။
ဓါတ်ပုံ – ရေပေးဝေရေးလုပ်ငန်း သုံးစွဲနေသည့် တောင်ပေါ်မှ ရေကန်၏ ပုံကို မြင်တွေ့ရစဉ်
*** ZAWGYI ***
ေက်း႐ြာ ရံပုံေငြကို စစ္ေကာင္စီ တပ္ဖြဲ႕မ်ား သိမ္း
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၁ ရက္။
တနသၤာရီတိုင္းေဒသႀကီး၊ အတြင္း ေက်း႐ြာအုပ္ပိုင္ ေရေပးေဝေရးႏွင့္ အမႈိက္သိမ္းေကာ္မတီ၏ ရံပုံေငြသိန္း ၁၇၀ ေက်ာ္ကို ေဒသခံ စစ္ေကာင္စီတပ္ဖြဲ႕က သိမ္းယူလိုက္သည္ဟု ေဒသ ခံမ်ားက ေျပာသည္။
ထားဝယ္ခ႐ိုင္၊ ေရျဖဴၿမိဳ႕နယ္၊ ကံေပါက္ေဒသ လူထုပိုင္ ေကာ္မတီ ရံပုံေငြအျဖစ္ ဘဏ္စာရင္းထဲတြင္ရွိသည့္ က်ပ္ ၁၄၃ သိန္းေက်ာ္၊ ဘဏ္စာအုပ္ႏွင့္ ေကာ္မတီ ဝင္မ်ား၏ လက္ထဲတြင္ ရွိေနသည့္ က်ပ္ေငြ ၃၅ သိန္းေက်ာ္ ကို ေအာက္တိုဘာ ၅ ရက္ေန႔ က စစ္ေကာင္စီက သိမ္းဆည္းလိုက္ျခင္း ျဖစ္သည္။
“အခုေတာ့ ျပည္သူေတြရဲ႕ ကားေရာ၊ ရံပုံေငြေတြေရာ တစ္ျပားမွမက်န္ေတာ့ဘူး။ အကုန္လုယက္ခံလိုက္ရၿပီ” ဟု ေရေပးေဝေရး ေကာ္မတီက အဖြဲ႕ဝင္တစ္ဦး က ေျပာသည္။
ကံေပါက္ေဒသခံ တပ္ရင္းအမွတ္ ၂၇၃ တပ္ က ဗိုလ္မႉးဆိုသူ အပါအဝင္ ကံေပါက္ရဲစခန္းမႉး၊ စရဖ သန္းရွိန္ ႏွင့္ စကစ ခန႔္ ရပ္ေက်းဥကၠ႒တို႔က လာေရာက္ သိမ္းယူသြားျခင္း ျဖစ္သည္ဟု ေရေပးေဝေရး ေကာ္မတီအဖြဲ႕ဝင္ တစ္ဦးက ေျပာသည္။
၂၀၁၈ ခုႏွစ္ ႏွစ္ဆန္းပိုင္းမွ စတင္ဖြဲ႕စည္းထားသည့္ ၃ ႏွစ္ၾကာ သက္တမ္းရွိ ေကာ္မတီကို ဖ်က္သိမ္းခိုင္းၿပီး ဗိုလ္ ေအာင္ဒင္ အမည္ရွိ အမႈိက္သိမ္းယာဥ္ကိုလည္း စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉးက သိမ္းယူလိုက္ၿပီး အမႈိက္သိမ္း ဝန္ထမ္းမ်ားကိုလည္း အလုပ္မွ ရပ္စဲလိုက္သည္ဟု ေရေပးေဝေရး ေကာ္မတီ အဖြဲ႕ဝင္က ဆက္ ေျပာသည္။
အမႈိက္သိမ္း ေမာ္ေတာ္ယာဥ္ကိုလည္း ရပ္႐ြာအမႈိက္သိမ္း စနစ္ျဖင့္ လည္ပတ္ေနရာမွ ရရွိသည့္ ရံပုံေငြျဖင့္ ၂၀၁၉ ခုႏွစ္ တြင္ ဝယ္ယူထားျခင္း ျဖစ္သည္။
“ဒီလို လာမလုပ္ခင္က လုပ္ငန္းေတြကို သူတို႔နဲ႔အတူ လုပ္ဖို႔ ပူးေပါင္းခိုင္းတယ္။ ေကာ္မတီထဲ သူတို႔လူေတြ ထည့္ ေပးဖို႔ေျပာတယ္။ ေကာ္မတီက လက္မခံေတာ့ အခုလိုအႏိုင္က်င့္တာပဲ ျဖစ္မယ္“ ဟု ကံေပါက္ေဒသခံ အသက္ ၄၅ ႏွစ္ အ႐ြယ္ ေဒသခံတစ္ဦး က ေျပာသည္။
ေဒသအတြင္းရွိ ေရေပးေဝေရးႏွင့္ အမႈိက္သိမ္းလုပ္ငန္းသည္ ကံေပါက္ေက်း႐ြာအုပ္စုအတြင္းရွိသည့္ ရပ္ကြက္ ေပါင္း ၁၁ ရပ္ကြက္အတြက္ ဝန္ေဆာင္မႈေပးေနသည့္ ျပည္သူလူထု၏ ကိုယ္ထူကိုယ္ထ လုပ္ငန္းတစ္ခု ျဖစ္ သည္ဟု ေဒသခံမ်ားက ဆိုသည္။
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔၊ စစ္အာဏာက သိမ္းၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ကံေပါက္ေဒသထဲတြင္ လာေရာက္ တပ္စြဲထားစဥ္ ျပည္သူပိုင္ ဆိုင္ကယ္အစီးေရေပါသ္း ၁၀၀ေက်ာ္ခန႔္ကို လုယက္ယူေဆာင္ခဲ့ဖူး သည္ ဟု ေဒသခံမ်ားက ေျပာသည္။
ထို႔အျပင္ ကံေပါက္ အုပ္ခ်ဳပ္ေရးမႉး႐ုံး၌ သိမ္းဆည္းထားသည့္ အမႈိက္သိမ္းေမာ္ေတာ္ယာဥ္က ဘက္ထရီအိုးႀကီး တစ္လုံးကိုလည္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ယူေဆာင္သြားခဲ့သည္ဟု ဆိုသည္။
ဓါတ္ပုံ – ေရေပးေဝေရးလုပ္ငန္း သုံးစြဲေနသည့္ ေတာင္ေပၚမွ ေရကန္၏ ပုံကို ျမင္ေတြ႕ရစဥ္