လျော့ဈေး စက်သုံးဆီ ခရိုနီ ဆိုင်များသာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။

စက်သုံးဆီ လုပ်ငန်းရှင်များအသင်းက လျော့ဈေးဖြင့် ရောင်းချပေးသည့် ဆီခွဲတန်းကို စစ်ကောင်စီနှင့် နီးစပ်သည့် ကုမ္ပဏီကြီးများပိုင်သည့် ဆီဆိုင်များကသာ ရရှိကြောင်း SME စက်သုံးဆီ အရောင်း ဆိုင် ပိုင်ရှင်များ က ပြောသည်။

စစ်ကောင်စီမှ စက်သုံးဆီလုပ်ငန်းရှင်များအသင်းကို ဒေါ်လာသန်း ၃၀ ချထားပေးပြီး အပြင်ပေါက်ဈေးထက် နည်းသည့် နှုန်းထားဖြင့် ဆိုင်များကိုခွဲတန်းချပေးရန်ညွှန်ကြားခဲ့ကြောင်း နေပြည်တော်ရှိ စက်သုံးဆီ အရောင်း ဆိုင်ပိုင်ရှင်တစ်ဦး က ပြောသည်။

နေပြည်တော်ရှိ စက်သုံးဆီ အရောင်း ဆိုင်ပိုင်ရှင်တစ်ဦး က “အခုခွဲတန်းရတဲ့ဆိုင်တွေက ကုမ္ပဏီကြီးတွေပိုင်တဲ့ ဆိုင်တွေချည်းပဲ သူတို့ကအဲ့ဒါကို SME ဆိုပြီးပြောထားတာ” ဟု ပြောသည်။

စစ်ကောင်စီမှ ချပေးသည့် ဒေါ်လာသန်း ၃၀ မှာ ၁၅ သန်းဖိုးရောင်း ကုန်သွားပြီးနောက် လက်ရှိဒေါ်လာ ၁၀ သန်း ဖိုး ရောင်းချပေးနေကာ ၅ သန်းဖိုးရောင်းချရန်သာ ကျန်တော့ကြောင်း အဆိုပါ ဆီဆိုင်ပိုင်ရှင်က ပြောသည်။

ပြင်ပပေါက်ဈေး ဓါတ်ဆီတစ်လီတာကို ၂၂၀၀ ကျပ် ပေါက်ဈေးနှင့် ရောင်းနေကြချိန်တွင် စက်သုံးဆီအသင်းက ၁၇၀၀ ကျပ်ခန့်ဖြင့် ရောင်းပေးပြီး အချင်းချင်းသာ ခွဲတန်းချရောင်းနေခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

“တကယ်သေးတဲ့ SME ဆိုင်တွေကခွဲတန်း မရတော့ငုတ်တုတ်ထိုင်နေရတာပေါ့။ ၄၀၀ လောက်ကွာနေတာကိုး ဘယ်လိုရောင်းနိုင်မလဲ” ဟု ၎င်းကဆိုသည်။

ယာဉ်မောင်းများအနေဖြင့် ခွဲတန်းရသည့်ဆိုင်များကိုသွားရောက် ဆီထည့်ရာတွင်လည်း အပြည့်အဝမရရှိဘဲ ကား ငယ်တစ်စီးလျှင် ဆိုင်ကသတ်မှတ်ထားသည့် နှုန်းထားအတိုင်း နှစ်သောင်းဖိုးထက် ပိုဖြည့်၍မရ ဟု ကုန်တင် ယာဉ်မောင်းတစ်ဦးကပြောသည်။

“ကျနော်တို့ဆို ခွဲတန်းရတဲ့ဆိုင်တွေမှာ ညအိပ်တန်းစီစောင့်ရတာ။ တချို့ဆိုအလှည့်ရောက်မှ ခွဲတန်းကုန်သွား တာ မျိုးတွေလည်းဖြစ်တယ် အဲ့ဒီတော့အချိန်ကုန်တာပေါ့။ ဘယ်လိုမှအဆင်မေပြပါဘူးဗျာ” ဟု ၎င်းကဆိုသည်။

ကုန်တင်ယာဉ်တစ်စီးအတွက် အချို့ဆိုင်များတွင် ကျပ်တစ်သိန်းဖိုးအထိ ရောင်းချပေးသော်လည်း အချို့ဆိုင်များ တွင် ကျပ် ၅ သောင်း (သို့) ကျပ် ၃ သောင်း ခန့်သာ ရောင်းချပေးကြောင်း အဆိုပါယာဉ်မောင်းက ဆက်ပြော သည်။

“တစ်ဆိုင်နဲ့တစ်ဆိုင်တော့မတူဘူး။ တစ်ပီပါအထိရောင်းပေးတဲ့ဆိုင် လဲရှိတယ်။ စျေးလျော့တဲ့ဆိုင်ကနည်းတော့ အဲ့ဒီမှာပဲစုပြုံနေကြတာ သွားရမယ့်ခရီးကြန့်ကြာတာပေါ့” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတဝှမ်းတွင် စက်သုံးဆီအရောင်းဆိုင်ပေါင်း ၂၀၀၀ ဝန်းကျင်ခန့်ရှိပြီး လက်ရှိတွင် ခွဲတန်းရသည့်ဆိုင် မှာ ၉၆ ဆိုင် ခန့်သာရှိသည်ဟု သိရသည်။

စွမ်းအင်ဝန်ကြီးဌာနက ၂၀၁၀ ခုနှစ် ဇွန်လစတင်၍ ရေနံထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း ဖွံဖြိုးတိုးတက် ရေးအတွက်ဟုဆိုကာ ပုဂ္ဂလိက စက်သုံးဆီ ဖြန့်ဖြူရောင်းချခြင်း လုပ်ငန်းကို ခွင့်ပြုပေးခဲ့သည်။

*** ZAWGYI ***
ေလ်ာ့ေဈး စက္သုံးဆီ ခ႐ိုနီ ဆိုင္မ်ားသာရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၁ ရက္။

စက္သုံးဆီ လုပ္ငန္းရွင္မ်ားအသင္းက ေလ်ာ့ေဈးျဖင့္ ေရာင္းခ်ေပးသည့္ ဆီခြဲတန္းကို စစ္ေကာင္စီႏွင့္ နီးစပ္သည့္ ကုမၸဏီႀကီးမ်ားပိုင္သည့္ ဆီဆိုင္မ်ားကသာ ရရွိေၾကာင္း SME စက္သုံးဆီ အေရာင္း ဆိုင္ ပိုင္ရွင္မ်ား က ေျပာသည္။

စစ္ေကာင္စီမွ စက္သုံးဆီလုပ္ငန္းရွင္မ်ားအသင္းကို ေဒၚလာသန္း ၃၀ ခ်ထားေပးၿပီး အျပင္ေပါက္ေဈးထက္ နည္းသည့္ ႏႈန္းထားျဖင့္ ဆိုင္မ်ားကိုခြဲတန္းခ်ေပးရန္ၫႊန္ၾကားခဲ့ေၾကာင္း ေနျပည္ေတာ္ရွိ စက္သုံးဆီ အေရာင္း ဆိုင္ပိုင္ရွင္တစ္ဦး က ေျပာသည္။

ေနျပည္ေတာ္ရွိ စက္သုံးဆီ အေရာင္း ဆိုင္ပိုင္ရွင္တစ္ဦး က “အခုခြဲတန္းရတဲ့ဆိုင္ေတြက ကုမၸဏီႀကီးေတြပိုင္တဲ့ ဆိုင္ေတြခ်ည္းပဲ သူတို႔ကအဲ့ဒါကို SME ဆိုၿပီးေျပာထားတာ” ဟု ေျပာသည္။

စစ္ေကာင္စီမွ ခ်ေပးသည့္ ေဒၚလာသန္း ၃၀ မွာ ၁၅ သန္းဖိုးေရာင္း ကုန္သြားၿပီးေနာက္ လက္ရွိေဒၚလာ ၁၀ သန္း ဖိုး ေရာင္းခ်ေပးေနကာ ၅ သန္းဖိုးေရာင္းခ်ရန္သာ က်န္ေတာ့ေၾကာင္း အဆိုပါ ဆီဆိုင္ပိုင္ရွင္က ေျပာသည္။

ျပင္ပေပါက္ေဈး ဓါတ္ဆီတစ္လီတာကို ၂၂၀၀ က်ပ္ ေပါက္ေဈးႏွင့္ ေရာင္းေနၾကခ်ိန္တြင္ စက္သုံးဆီအသင္းက ၁၇၀၀ က်ပ္ခန႔္ျဖင့္ ေရာင္းေပးၿပီး အခ်င္းခ်င္းသာ ခြဲတန္းခ်ေရာင္းေနျခင္းျဖစ္သည္ဟု ၎က ရွင္းျပသည္။

“တကယ္ေသးတဲ့ SME ဆိုင္ေတြကခြဲတန္း မရေတာ့ငုတ္တုတ္ထိုင္ေနရတာေပါ့။ ၄၀၀ ေလာက္ကြာေနတာကိုး ဘယ္လိုေရာင္းႏိုင္မလဲ” ဟု ၎ကဆိုသည္။

ယာဥ္ေမာင္းမ်ားအေနျဖင့္ ခြဲတန္းရသည့္ဆိုင္မ်ားကိုသြားေရာက္ ဆီထည့္ရာတြင္လည္း အျပည့္အဝမရရွိဘဲ ကား ငယ္တစ္စီးလွ်င္ ဆိုင္ကသတ္မွတ္ထားသည့္ ႏႈန္းထားအတိုင္း ႏွစ္ေသာင္းဖိုးထက္ ပိုျဖည့္၍မရ ဟု ကုန္တင္ ယာဥ္ေမာင္းတစ္ဦးကေျပာသည္။

“က်ေနာ္တို႔ဆို ခြဲတန္းရတဲ့ဆိုင္ေတြမွာ ညအိပ္တန္းစီေစာင့္ရတာ။ တခ်ိဳ႕ဆိုအလွည့္ေရာက္မွ ခြဲတန္းကုန္သြား တာ မ်ိဳးေတြလည္းျဖစ္တယ္ အဲ့ဒီေတာ့အခ်ိန္ကုန္တာေပါ့။ ဘယ္လိုမွအဆင္ေမျပပါဘူးဗ်ာ” ဟု ၎ကဆိုသည္။

ကုန္တင္ယာဥ္တစ္စီးအတြက္ အခ်ိဳ႕ဆိုင္မ်ားတြင္ က်ပ္တစ္သိန္းဖိုးအထိ ေရာင္းခ်ေပးေသာ္လည္း အခ်ိဳ႕ဆိုင္မ်ား တြင္ က်ပ္ ၅ ေသာင္း (သို႔) က်ပ္ ၃ ေသာင္း ခန႔္သာ ေရာင္းခ်ေပးေၾကာင္း အဆိုပါယာဥ္ေမာင္းက ဆက္ေျပာ သည္။

“တစ္ဆိုင္နဲ႔တစ္ဆိုင္ေတာ့မတူဘူး။ တစ္ပီပါအထိေရာင္းေပးတဲ့ဆိုင္ လဲရွိတယ္။ ေစ်းေလ်ာ့တဲ့ဆိုင္ကနည္းေတာ့ အဲ့ဒီမွာပဲစုၿပဳံေနၾကတာ သြားရမယ့္ခရီးၾကန္႔ၾကာတာေပါ့” ဟု ၎က ေျပာသည္။

ျမန္မာႏိုင္ငံတဝွမ္းတြင္ စက္သုံးဆီအေရာင္းဆိုင္ေပါင္း ၂၀၀၀ ဝန္းက်င္ခန႔္ရွိၿပီး လက္ရွိတြင္ ခြဲတန္းရသည့္ဆိုင္ မွာ ၉၆ ဆိုင္ ခန႔္သာရွိသည္ဟု သိရသည္။

စြမ္းအင္ဝန္ႀကီးဌာနက ၂၀၁၀ ခုႏွစ္ ဇြန္လစတင္၍ ေရနံထြက္ကုန္ပစၥည္း ေရာင္းဝယ္ေရးလုပ္ငန္း ဖြံၿဖိဳးတိုးတက္ ေရးအတြက္ဟုဆိုကာ ပုဂၢလိက စက္သုံးဆီ ျဖန႔္ျဖဴေရာင္းခ်ျခင္း လုပ္ငန္းကို ခြင့္ျပဳေပးခဲ့သည္။