ကုန်ကားအများအပြားများ ရပ်နားထားရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။
ဆီဈေးတက်ပြီး ကုန်မရသဖြင့် ကုန်တင်ကား အများအပြား ရပ်ထားရသည်ဟု ကုန်တင်ယာဉ်ပိုင်ရှင်များက ပြောသည်။
စက်သုံးဆီဈေးနှုန်း စံချိန်တင်မြင့်တက်လာခြင်းနှင့်အတူ ကုန်စည် စီးဆင်းလည်ပတ်မှုနည်းနေခြင်း ကြောင့် ကုန်ကားအစီး ၁၀၀၀ ခန့်ရှိလျှင် အစီး ၅၀၀ ခန့်သာ ထွက်နိုင်ပြီး ကုန်ရရှိမှုလည်း အသွားရလျှင် အပြန်မရသည့် အတွက် ကုန်ကျစရိတ်နှင့် မကိုက်ကြောင်း အင်းတကော်မြို့နယ်က ကုန်ကား ၁၀ စီးခန့် ပိုင်သည့် လုပ်ငန်းရှင် တစ်ဦး က ပြောသည်။
“အုံနာအတွက် မပြောနဲ့ တာယာထည့်ဖို့ အင်ဂျင်ဝိုင်ထည့်ဖို့ ကားကြံ့ခိုင်မှုအတွက်တောင် မကျန်လို့မလို့ ရပ်ထား ရတာ။ ဘယ်လိုမှမကိုက်လို့” ဟု အင်းကတော် က ကုန်ကား ၁၀ စီးခန့် ပိုင်သည့်လုပ်ငန်းရှင် က ပြောသည်။
စက်သုံးဆီစျေးနှုန်းမြင့်တက်နေသည့်အပြင် ကုန်စည်ရှားပါမှုကြောင့် ထွက်ကားထက်ဝက်ခန့်မှာ ကုန်ရရှိမှု နည်း နေပြီး ကုန်သည်ပေးသည့်ဈေး၊ ဂိတ်ကပေးသည့် ဈေးများဖြင့်သာ ထွက်နေရ၍ လက်ရှိဆီဈေးနှုန်း နှင့်ဆိုပါက တွက်ခြေမကိုက်တော့ကြောင်း အဆိုပါ လုပ်ငန်းရှင်က ဆက်ပြောသည်။
လက်ရှိ ရန်ကုန်-တောင်ကြီး ကုန်တစ်တန်လျှင် ကျပ် ၁၇၀၀၀ မှ ကျပ် ၁၉၀၀၀ အထိသာရရှိပြီး ရန်ကုန်-မန္တလေး လမ်းကြောင်းတွင် ကုန်တစ်တန်လျှင် ကျပ် ၁၆၀၀၀ မှ ကျပ် ၁၈၀၀၀ ကြားသာရရှိသည်ဟု ကုန်တင်ယာဉ်မောင်း တစ်ဦး က ပြောသည်။
“ကျနော်တို့ ကားတွေဆို ရန်ကုန်-မန္တလေး၊ ရန်ကုန်-တောင်ကြီး ထွက်ဖို့ ကုန်ကိုမရှိဘူး။ ကုန်မရမချင်း စောင့် မယ်ဆိုရင်တော့ စောင့်ပေတော့ပဲ” ဟု အဆိုပါ ကုန်တင်ယာဉ်မောင်း က ပြောသည်။
ယခင်က သီးတင်းကျွတ် ပွင့်လင်းရာသီအချိန် ရောက်ရှိလာပါက ခရီးစဉ်တစ်ခုလျှင် ကုန်ရရှိရန် တစ်ညအိပ်သာ စောင့်ရပြီး ယခုလက်ရှိအချိန်တွင် လေး၊ ငါးရက်ခန့်စောင့်လျှင်ပင် ကုန်မရရှိဘူးဟု ကုန်တင်ယာဉ်ပိုင်ရှင် အချို့က ဆိုသည်။
*** ZAWGYI ***
ကုန္ကားအမ်ားအျပားမ်ား ရပ္နားထားရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၁ ရက္။
ဆီေဈးတက္ၿပီး ကုန္မရသျဖင့္ ကုန္တင္ကား အမ်ားအျပား ရပ္ထားရသည္ဟု ကုန္တင္ယာဥ္ပိုင္ရွင္မ်ားက ေျပာသည္။
စက္သုံးဆီေဈးႏႈန္း စံခ်ိန္တင္ျမင့္တက္လာျခင္းႏွင့္အတူ ကုန္စည္ စီးဆင္းလည္ပတ္မႈနည္းေနျခင္း ေၾကာင့္ ကုန္ကားအစီး ၁၀၀၀ ခန႔္ရွိလွ်င္ အစီး ၅၀၀ ခန႔္သာ ထြက္ႏိုင္ၿပီး ကုန္ရရွိမႈလည္း အသြားရလွ်င္ အျပန္မရသည့္ အတြက္ ကုန္က်စရိတ္ႏွင့္ မကိုက္ေၾကာင္း အင္းတေကာ္ၿမိဳ႕နယ္က ကုန္ကား ၁၀ စီးခန႔္ ပိုင္သည့္ လုပ္ငန္းရွင္ တစ္ဦး က ေျပာသည္။
“အုံနာအတြက္ မေျပာနဲ႔ တာယာထည့္ဖို႔ အင္ဂ်င္ဝိုင္ထည့္ဖို႔ ကားႀကံ့ခိုင္မႈအတြက္ေတာင္ မက်န္လို႔မလို႔ ရပ္ထား ရတာ။ ဘယ္လိုမွမကိုက္လို႔” ဟု အင္းကေတာ္ က ကုန္ကား ၁၀ စီးခန႔္ ပိုင္သည့္လုပ္ငန္းရွင္ က ေျပာသည္။
စက္သုံးဆီေစ်းႏႈန္းျမင့္တက္ေနသည့္အျပင္ ကုန္စည္ရွားပါမႈေၾကာင့္ ထြက္ကားထက္ဝက္ခန႔္မွာ ကုန္ရရွိမႈ နည္း ေနၿပီး ကုန္သည္ေပးသည့္ေဈး၊ ဂိတ္ကေပးသည့္ ေဈးမ်ားျဖင့္သာ ထြက္ေနရ၍ လက္ရွိဆီေဈးႏႈန္း ႏွင့္ဆိုပါက တြက္ေျခမကိုက္ေတာ့ေၾကာင္း အဆိုပါ လုပ္ငန္းရွင္က ဆက္ေျပာသည္။
လက္ရွိ ရန္ကုန္-ေတာင္ႀကီး ကုန္တစ္တန္လွ်င္ က်ပ္ ၁၇၀၀၀ မွ က်ပ္ ၁၉၀၀၀ အထိသာရရွိၿပီး ရန္ကုန္-မႏၲေလး လမ္းေၾကာင္းတြင္ ကုန္တစ္တန္လွ်င္ က်ပ္ ၁၆၀၀၀ မွ က်ပ္ ၁၈၀၀၀ ၾကားသာရရွိသည္ဟု ကုန္တင္ယာဥ္ေမာင္း တစ္ဦး က ေျပာသည္။
“က်ေနာ္တို႔ ကားေတြဆို ရန္ကုန္-မႏၲေလး၊ ရန္ကုန္-ေတာင္ႀကီး ထြက္ဖို႔ ကုန္ကိုမရွိဘူး။ ကုန္မရမခ်င္း ေစာင့္ မယ္ဆိုရင္ေတာ့ ေစာင့္ေပေတာ့ပဲ” ဟု အဆိုပါ ကုန္တင္ယာဥ္ေမာင္း က ေျပာသည္။
ယခင္က သီးတင္းကြၽတ္ ပြင့္လင္းရာသီအခ်ိန္ ေရာက္ရွိလာပါက ခရီးစဥ္တစ္ခုလွ်င္ ကုန္ရရွိရန္ တစ္ညအိပ္သာ ေစာင့္ရၿပီး ယခုလက္ရွိအခ်ိန္တြင္ ေလး၊ ငါးရက္ခန႔္ေစာင့္လွ်င္ပင္ ကုန္မရရွိဘူးဟု ကုန္တင္ယာဥ္ပိုင္ရွင္ အခ်ိဳ႕က ဆိုသည္။