လှိုင်မြို့နယ်မှ ကြံ့ခိုင်ဖွံ့ဖြိုးရေး အမာခံ တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။

ရန်ကုန် လှိုင်မြို့နယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမာခံ ဆိုသူ တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားသည်။

လှိုင်မြို့နယ် ၃ ရပ်ကွက်တွင် နေထိုင်သော ဦးဇေလတ် သည် အောက်တိုဘာ ၁၀ ရက် ညနေ ၆ နာရီအချိန်ခန့်တွင် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ရပ်ကွက်အတွင်းနေထိုင်သူ များက အတည်ပြုပြောသည်။

လှိုင်မြို့နယ်၊ ၃ ရပ်ကွက်၊ ၁၁ လမ်း အတွင်း နေထိုင်သူတစ်ဦး က “ဆန်ထွက်ဝယ်ရင်း ဈေးရှေ့မှာ သေနတ်နဲ့ ၅ ချက်လောက် အပစ်ခံရတာ။ ပွဲချင်းပြီးပဲ” ဟု ပြောသည်။

ယခုသေနတ်ဖြင့်ပစ်ခတ်ခံရသူ ဦးဇေလတ်သည် ဖေဖော်ဝါရီ ၂၅ ရက်နေ့ က ဆူးလေရှန်ဂရီလာ ဟိုတယ် အနီး တွင် စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြနေသည့် လူငယ်တစ်ဦးကို ဓါးဖြင့်ဝင်ထိုးကာ ရပ်ကွက်အတွင်းမှ တိမ်း ရှောင်ခဲ့ဖူးသူလည်း ဖြစ်သည်ဟု ၃ ရပ်ကွက်အတွင်း နေထိုင်သူ လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦး က ပြောသည်။

ဦးဇေလတ်သည် ဖေဖော်ဝါရီလက ဓါးထိုးမှုဖြစ်ပွားပြီးနောက် ရပ်ကွက်အတွင်းမှ မိသားစုလိုက် တိမ်းရှောင် သွား ခဲ့ပြီးနောက် နေအိမ်သို့ ပြန်လည်ရောက်ရှိ နေသည်မှာ ၃ လခန့်ရှိပြီဟုလည်း ၃ ရပ်ကွက်အတွင်းနေထိုင်သူက ဆက် ပြောသည်။

နေအိမ်သို့ ပြန်ရောက်လာပြီးနောက် ရပ်ကွက်အတွင်း နေထိုင်သူအချို့ကို စစ် ကောင်စီထံ တိုင်ကြားပြီး ဖမ်းဆီးခိုင်းခြင်းမျိုးလည်း ရှိခဲ့သည်ဟု ၃ ရပ်ကွက်သား တစ်ဦး က ပြောသည်။

အောက်တိုဘာလ ၁၀ ရက်နေ့က ရပ်ကွက်အတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများ ရှိခဲ့သည်ဟု ဆိုသည်။

သို့သော် လောလောဆယ်တွင် ဖမ်းဆီးခံရသူ မရှိသေး ဟု ရပ်ကွက်အတွင်းနေထိုင်သူများ၏ ပြောပြချက်အရ သိရသည်။

အောက်တိုဘာလ ၉ ရက်နေ့ကလည်း လှိုင်မြို့နယ်၊ အမှတ် ၉ ရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဗုံးပေါက်ကွဲ မှု နှစ်ကြိမ်ဖြစ်ပွားခဲ့သေးသည်။

လှိုင်မြို့နယ်သည် ရန်ကုန်မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်မှတ်ထားနေသည့် မြို့နယ်တစ်ခုဖြစ်ပြီး ယခုကဲ့သို့ သတင်းပေးတစ်ဦး အသတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တင်းကြပ်ဖိနှိပ်လာမည်ကို ရပ်ကွက်နေ ပြည်သူအချို့က စိုးရိမ်နေကြသည်။

*** ZAWGYI ***
လႈိင္ၿမိဳ႕နယ္မွ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရး အမာခံ တစ္ဦး ပစ္သတ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၁ ရက္။

ရန္ကုန္ လႈိင္ၿမိဳ႕နယ္မွ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ၏ အမာခံ ဆိုသူ တစ္ဦး ေသနတ္ျဖင့္ ပစ္ခတ္ခံရ၍ ေသဆုံးသြားသည္။

လႈိင္ၿမိဳ႕နယ္ ၃ ရပ္ကြက္တြင္ ေနထိုင္ေသာ ဦးေဇလတ္ သည္ ေအာက္တိုဘာ ၁၀ ရက္ ညေန ၆ နာရီအခ်ိန္ခန႔္တြင္ ပစ္ခတ္ခံရျခင္း ျဖစ္သည္ဟု ရပ္ကြက္အတြင္းေနထိုင္သူ မ်ားက အတည္ျပဳေျပာသည္။

လႈိင္ၿမိဳ႕နယ္၊ ၃ ရပ္ကြက္၊ ၁၁ လမ္း အတြင္း ေနထိုင္သူတစ္ဦး က “ဆန္ထြက္ဝယ္ရင္း ေဈးေရွ႕မွာ ေသနတ္နဲ႔ ၅ ခ်က္ေလာက္ အပစ္ခံရတာ။ ပြဲခ်င္းၿပီးပဲ” ဟု ေျပာသည္။

ယခုေသနတ္ျဖင့္ပစ္ခတ္ခံရသူ ဦးေဇလတ္သည္ ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔ က ဆူးေလရွန္ဂရီလာ ဟိုတယ္ အနီး တြင္ စစ္ေကာင္စီကို ဆန႔္က်င္ဆႏၵျပေနသည့္ လူငယ္တစ္ဦးကို ဓါးျဖင့္ဝင္ထိုးကာ ရပ္ကြက္အတြင္းမွ တိမ္း ေရွာင္ခဲ့ဖူးသူလည္း ျဖစ္သည္ဟု ၃ ရပ္ကြက္အတြင္း ေနထိုင္သူ လုံၿခဳံေရးအရ အမည္မေဖာ္လိုသူ တစ္ဦး က ေျပာသည္။

ဦးေဇလတ္သည္ ေဖေဖာ္ဝါရီလက ဓါးထိုးမႈျဖစ္ပြားၿပီးေနာက္ ရပ္ကြက္အတြင္းမွ မိသားစုလိုက္ တိမ္းေရွာင္ သြား ခဲ့ၿပီးေနာက္ ေနအိမ္သို႔ ျပန္လည္ေရာက္ရွိ ေနသည္မွာ ၃ လခန႔္ရွိၿပီဟုလည္း ၃ ရပ္ကြက္အတြင္းေနထိုင္သူက ဆက္ ေျပာသည္။

ေနအိမ္သို႔ ျပန္ေရာက္လာၿပီးေနာက္ ရပ္ကြက္အတြင္း ေနထိုင္သူအခ်ိဳ႕ကို စစ္ ေကာင္စီထံ တိုင္ၾကားၿပီး ဖမ္းဆီးခိုင္းျခင္းမ်ိဳးလည္း ရွိခဲ့သည္ဟု ၃ ရပ္ကြက္သား တစ္ဦး က ေျပာသည္။

ေအာက္တိုဘာလ ၁၀ ရက္ေန႔က ရပ္ကြက္အတြင္း ပစ္ခတ္မႈ ျဖစ္ပြားခဲ့ၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ေရာက္ရွိလာၿပီး စစ္ေဆးမႈမ်ား ရွိခဲ့သည္ဟု ဆိုသည္။

သို႔ေသာ္ ေလာေလာဆယ္တြင္ ဖမ္းဆီးခံရသူ မရွိေသး ဟု ရပ္ကြက္အတြင္းေနထိုင္သူမ်ား၏ ေျပာျပခ်က္အရ သိရသည္။

ေအာက္တိုဘာလ ၉ ရက္ေန႔ကလည္း လႈိင္ၿမိဳ႕နယ္၊ အမွတ္ ၉ ရပ္ကြက္က အုပ္ခ်ဳပ္ေရးမႉး႐ုံးေရွ႕တြင္ ဗုံးေပါက္ကြဲ မႈ ႏွစ္ႀကိမ္ျဖစ္ပြားခဲ့ေသးသည္။

လႈိင္ၿမိဳ႕နယ္သည္ ရန္ကုန္ၿမိဳ႕အတြင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ ပစ္မွတ္ထားေနသည့္ ၿမိဳ႕နယ္တစ္ခုျဖစ္ၿပီး ယခုကဲ့သို႔ သတင္းေပးတစ္ဦး အသတ္ခံရၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား တင္းၾကပ္ဖိႏွိပ္လာမည္ကို ရပ္ကြက္ေန ျပည္သူအခ်ိဳ႕က စိုးရိမ္ေနၾကသည္။