ဧရာဝတီတိုင်း လဝက ဝန်ထမ်းသစ်များ အစားထိုးခန့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။
ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ (CDM) ပြုလုပ် ထားသည့် ဝန်ထမ်း ၁၂၅ ဦး နေရာတွင် ဝန်ထမ်းအသစ်များကို အောက်တိုဘာလ ပထမအပတ်အတွင်းက အစားထိုးခန့် လိုက်သည်။
အာဏာသိမ်းမှု ဆန်ကျင်ရေး လှုပ်ရှားမှု CDM ပြုလုပ်ထားသည့် လက်ထောက် လူဝင်မှုကြီးကြပ်ရေးမှူး ၁၂၅ ဦး နေရာတွင် စစ်ကောင်စီက ဝန်ထမ်းအသစ်များကို အစားထိုးခန့်လိုက်ပြီဖြစ်ကြောင်း ယင်းဌာန ၏ ဝန်ထမ်းခန့် ထားခြင်း ညွှန်ကြားစာအရ သိရသည်။
အစားထိုး ခန့်အပ်လိုက်သည့် ညွှန်ကြားစာကို သက်ဆိုင်ရာ ရုံး၏ ရှေ့တွင် ကပ်ထားပြီး ဝန်ကြီးဌာန၏ ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးက ရာထူးခန့်အပ်ကြောင်း ဖော်ပြပါရှိသည်။
“အရင်က နေ့စားသမားတွေကို ရာထူးပေးခန့်တာရော အသစ်တွေရော ပါတယ်” ဟု CDM ဝန်ထမ်း တစ်ဦး က ပြောသည်။
ဧရာဝတီတိုင်းအတွင် ယင်းဌာန၏ CDM ဝန်ထမ်းဦးရေ ၂၀၀ နီးပါးခန့်ရှိသည့် အနက် အယောက် ၅၀ ခန့် သည့် စစ်ကောင်စီ လက်အောက်သို့ အလုပ်ပြန်ဝင်သွားကြကြောင်း ယင်းဌာနအတွင်းက CDM ဝန်ထမ်း အချို့က ပြော သည်။
ဧရာဝတီတိုင်းအတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်၊ ပညာရေး၊ စည်ပင်သာယာ၊ သမဝါမ၊ လျှပ်စစ်ဓာတ်အားဖြန့်ဝေ ရေးနှင့် သစ်တော စသည့် ဌာနများတွင်လည်း CDMဝန် ထမ်းများ၏ ရာထူး နေရာများတွင် ဝန်ထမ်းအသစ်များ ခန့်ထားပြီး ဖြစ်ကြောင်း သိရသည်။
*** ZAWGYI ***
ဧရာဝတီတိုင္း လဝက ဝန္ထမ္းသစ္မ်ား အစားထိုးခန႔္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၁ ရက္။
ဧရာဝတီတိုင္း ေဒသႀကီး အတြင္းရွိ လူဝင္မႈႀကီးၾကပ္ေရး ႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာနမွ (CDM) ျပဳလုပ္ ထားသည့္ ဝန္ထမ္း ၁၂၅ ဦး ေနရာတြင္ ဝန္ထမ္းအသစ္မ်ားကို ေအာက္တိုဘာလ ပထမအပတ္အတြင္းက အစားထိုးခန႔္ လိုက္သည္။
အာဏာသိမ္းမႈ ဆန္က်င္ေရး လႈပ္ရွားမႈ CDM ျပဳလုပ္ထားသည့္ လက္ေထာက္ လူဝင္မႈႀကီးၾကပ္ေရးမႉး ၁၂၅ ဦး ေနရာတြင္ စစ္ေကာင္စီက ဝန္ထမ္းအသစ္မ်ားကို အစားထိုးခန႔္လိုက္ၿပီျဖစ္ေၾကာင္း ယင္းဌာန ၏ ဝန္ထမ္းခန႔္ ထားျခင္း ၫႊန္ၾကားစာအရ သိရသည္။
အစားထိုး ခန႔္အပ္လိုက္သည့္ ၫႊန္ၾကားစာကို သက္ဆိုင္ရာ ႐ုံး၏ ေရွ႕တြင္ ကပ္ထားၿပီး ဝန္ႀကီးဌာန၏ ဝန္ထမ္း ေရးရာ စီမံခန႔္ခြဲမႈ ေကာ္မတီ အစည္းအေဝး ဆုံးျဖတ္ခ်က္အရ လက္ေထာက္လူဝင္မႈႀကီးၾကပ္ေရးမႉးက ရာထူးခန႔္ အပ္ေၾကာင္း ေဖာ္ျပပါရွိသည္။
“အရင္က ေန႔စားသမားေတြကို ရာထူးေပးခန႔္တာေရာ အသစ္ေတြေရာ ပါတယ္” ဟု CDM ဝန္ထမ္း တစ္ဦး က ေျပာသည္။
ဧရာဝတီတိုင္းအတြင္ ယင္းဌာန၏ CDM ဝန္ထမ္းဦးေရ ၂၀၀ နီးပါးခန႔္ရွိသည့္ အနက္ အေယာက္ ၅၀ ခန႔္ သည့္ စစ္ေကာင္စီ လက္ေအာက္သို႔ အလုပ္ျပန္ဝင္သြားၾကေၾကာင္း ယင္းဌာနအတြင္းက CDM ဝန္ထမ္း အခ်ိဳ႕က ေျပာ သည္။
ဧရာဝတီတိုင္းအတြင္းရွိ ျမန္မာ့စီးပြားေရးဘဏ္၊ ပညာေရး၊ စည္ပင္သာယာ၊ သမဝါမ၊ လွ်ပ္စစ္ဓာတ္အားျဖန႔္ေဝ ေရးႏွင့္ သစ္ေတာ စသည့္ ဌာနမ်ားတြင္လည္း CDMဝန္ ထမ္းမ်ား၏ ရာထူး ေနရာမ်ားတြင္ ဝန္ထမ္းအသစ္မ်ား ခန႔္ထားၿပီး ျဖစ္ေၾကာင္း သိရသည္။