PDF သတင်းမှားကြောင့် ကော့သောင်းရှိ ရော်ဘာဒိုင်တစ်ခုကို စစ်ကောင်စီ ဝင်စီး၊ တစ်ဦးသေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။

ထိုင်း-မြန်မာ နယ်စပ် ကော့သောင်းရှိ ရော်ဘာဒိုင်တစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညအချိန်ဝင်ရောက်စီးနင်းပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူတစ်ဦး ထိမှန်သေဆုံးပြီး အချို့ပျောက်ဆုံးနေသည်ဟု ရွာသားများက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ မြန်မာ-ထိုင်းနယ်စပ် အနီးရှိ လုံးဖောကျေးရွာက ရော်ဘာဒိုင်သို့ အောက်တိုဘာလ ၁၀ ရက်နေ့ ည ၁၀ နာရီကျော် အချိန်ခန့်တွင် စစ်ကားရှစ်စီးရောက်ရှိလာပြီး ခြောက်စီးက လုံးဖောကျေးရွာကို ပတ်ဝိုင်းထားခဲ့သည်ဟု ကျေးရွာအတွင်းရှိ အသက် ၅၀ အရွယ်ခန့်ရှိသည့် ဒေသခံရွာသား တစ်ဦး က ပြောသည်။

“အလောင်းက တစ်လောင်းပဲတွေ့ပေမယ့် ပါချန်မြစ်ထဲ ခုန်ဆင်းပြေးသွားတဲ့ သူတွေလည်း ရှိတယ်။ အခုထိ ပျောက်နေတဲ့ သူတွေလည်းရှိတယ်” ဟု အဆိုပါရွာသားက ပြောသည်။

ရာဘာဒိုင်ထံတွင် ညဆိုင်း အလုပ်ဆင်းသည့် အလုပ်သမား သုံးဆယ်နီးပါးခန့်ရှိ စစ်ကားများ ရုတ်တရက် ရောက် လာ၍ ကြောက်လန့်ပြီး ထွက်ပြေးကြသည်ကို စစ်တပ်က ပစ်ခတ်ခြင်းခဲ့ခြင်း ဖြစ်သည်ဟု ၎င်းမြင်တွေ့ခဲ့ရသည် ကို ပြောပြာသည်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲက ပျူစောထီး ဟု ခေါ် ကြသည့် ပြည်သူ့စစ်အဖွဲ့၏ နေအိမ်ကို ပစ်ခတ်ခဲ့ သည့် PDF များသည် လုံးဖောကျေးရွာတွင် လာရောက်ခိုလှုံနေကြောင်း ဒလန်တစ်ဦးက သတင်း အမှားပေး လိုက် သည့်အတွက် ယခုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက် ပစ်ခတ်ဖမ်းဆီးခြင်း ဖြစ်နိုင်သည်ဟု ဒေသခံ အချို့က ဆိုသည်။

ထိုပစ်ခတ်မှုအပြီး နံနက်ပိုင်း တစ်နာရီအချိန်ခန့်တွင် အလုပ်သမား နှစ်ဆယ်နီးပါးလောက်ကိုလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဝင်ရောက် ဖမ်းဆီးပြီးနောက် ပြန်လည်ထွက်ခွာသွားသည်ဟု ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူများကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရသေးသဖြင့် မိသားစုဝင်များက စိုးရိမ် ပူပန် နေကြသည်။

လုံးဖောကျေးရွာသည် ထိုင်း-မြန်မာ နယ်ခြားမြစ် ဖြစ်သည့် ပါချန်မြစ်ကမ်းနံဘေးတွင် တည်ရှိပြီး ရော်ဘာစိုက် ပျိုးရေးနှင့် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည့် ကျေးရွာတစ်ရွာ ဖြစ်သည်။

*** ZAWGYI ***
PDF သတင္းမွားေၾကာင့္ ေကာ့ေသာင္းရွိ ေရာ္ဘာဒိုင္တစ္ခုကို စစ္ေကာင္စီ ဝင္စီး၊ တစ္ဦးေသ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၁ ရက္။

ထိုင္း-ျမန္မာ နယ္စပ္ ေကာ့ေသာင္းရွိ ေရာ္ဘာဒိုင္တစ္ခုကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ညအခ်ိန္ဝင္ေရာက္စီးနင္းၿပီး ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းေၾကာင့္ ျပည္သူတစ္ဦး ထိမွန္ေသဆုံးၿပီး အခ်ိဳ႕ေပ်ာက္ဆုံးေနသည္ဟု ႐ြာသားမ်ားက ေျပာသည္။

တနသၤာရီတိုင္းေဒသႀကီး၊ ေကာ့ေသာင္းခ႐ိုင္၊ ျမန္မာ-ထိုင္းနယ္စပ္ အနီးရွိ လုံးေဖာေက်း႐ြာက ေရာ္ဘာဒိုင္သို႔ ေအာက္တိုဘာလ ၁၀ ရက္ေန႔ ည ၁၀ နာရီေက်ာ္ အခ်ိန္ခန႔္တြင္ စစ္ကားရွစ္စီးေရာက္ရွိလာၿပီး ေျခာက္စီးက လုံးေဖာေက်း႐ြာကို ပတ္ဝိုင္းထားခဲ့သည္ဟု ေက်း႐ြာအတြင္းရွိ အသက္ ၅၀ အ႐ြယ္ခန႔္ရွိသည့္ ေဒသခံ႐ြာသား တစ္ဦး က ေျပာသည္။

“အေလာင္းက တစ္ေလာင္းပဲေတြ႕ေပမယ့္ ပါခ်န္ျမစ္ထဲ ခုန္ဆင္းေျပးသြားတဲ့ သူေတြလည္း ရွိတယ္။ အခုထိ ေပ်ာက္ေနတဲ့ သူေတြလည္းရွိတယ္” ဟု အဆိုပါ႐ြာသားက ေျပာသည္။

ရာဘာဒိုင္ထံတြင္ ညဆိုင္း အလုပ္ဆင္းသည့္ အလုပ္သမား သုံးဆယ္နီးပါးခန႔္ရွိ စစ္ကားမ်ား ႐ုတ္တရက္ ေရာက္ လာ၍ ေၾကာက္လန႔္ၿပီး ထြက္ေျပးၾကသည္ကို စစ္တပ္က ပစ္ခတ္ျခင္းခဲ့ျခင္း ျဖစ္သည္ဟု ၎ျမင္ေတြ႕ခဲ့ရသည္ ကို ေျပာျပာသည္။

ထားဝယ္ခ႐ိုင္၊ သရက္ေခ်ာင္းၿမိဳ႕နယ္ထဲက ပ်ဴေစာထီး ဟု ေခၚ ၾကသည့္ ျပည္သူ႔စစ္အဖြဲ႕၏ ေနအိမ္ကို ပစ္ခတ္ခဲ့ သည့္ PDF မ်ားသည္ လုံးေဖာေက်း႐ြာတြင္ လာေရာက္ခိုလႈံေနေၾကာင္း ဒလန္တစ္ဦးက သတင္း အမွားေပး လိုက္ သည့္အတြက္ ယခုကဲ့သို႔ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ေရာက္ရွိလာၿပီးေနာက္ ပစ္ခတ္ဖမ္းဆီးျခင္း ျဖစ္ႏိုင္သည္ဟု ေဒသခံ အခ်ိဳ႕က ဆိုသည္။

ထိုပစ္ခတ္မႈအၿပီး နံနက္ပိုင္း တစ္နာရီအခ်ိန္ခန႔္တြင္ အလုပ္သမား ႏွစ္ဆယ္နီးပါးေလာက္ကိုလည္း စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက ဝင္ေရာက္ ဖမ္းဆီးၿပီးေနာက္ ျပန္လည္ထြက္ခြာသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

ဖမ္းဆီးခံရသူမ်ားကို မည္သည့္ေနရာသို႔ ေခၚေဆာင္သြားသည္ကို မသိရွိရေသးသျဖင့္ မိသားစုဝင္မ်ားက စိုးရိမ္ ပူပန္ ေနၾကသည္။

လုံးေဖာေက်း႐ြာသည္ ထိုင္း-ျမန္မာ နယ္ျခားျမစ္ ျဖစ္သည့္ ပါခ်န္ျမစ္ကမ္းနံေဘးတြင္ တည္ရွိၿပီး ေရာ္ဘာစိုက္ ပ်ိဳးေရးႏွင့္ ဥယ်ာဥ္ၿခံလုပ္ငန္းကို အဓိကထား လုပ္ကိုင္ၾကသည့္ ေက်း႐ြာတစ္႐ြာ ျဖစ္သည္။