ကျိန်းတောင်စေတီတွင် သီတင်းကျွတ်တစ်ရက်သာ ဘုရားဖူးခွင့်ရမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသည့် ကျိန်းတောင်စေတီတွင် သီတင်းကျွတ်လပြည့်နေ့တစ်ရက်သာ ဘုရားဖူးခွင့် ပြုသည်ဟု မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှသိန်းအောင် က ပြောသည်။
သီးတင်းကျွတ် အခါသမယတွင် အများပြည်သူ ဖူးမျှော်ခွင့် ၃ ရက်ရရှိရေး ဒေသအတွင်းက အသင်းအဖွဲ့များက စုပေါင်းတောင်းဆိုရာ မင်းပြား တပ်နယ်ဗျူဟာမှူးက တစ်ရက်သာခွင့်ပြုပေးခဲ့သည်ဟု ၎င်းက ရှင်းပြသည်။
မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှသိန်းအောင် က “သင်္ကြန်တုန်းကလည်း အချိန် ပိုင်းနဲ့ပဲ ခွင့်ပြုပေးခဲ့တယ်။ လွတ်လွတ်လပ်လပ်တော့ သွားလာခွင့်ရတာ မဟုတ်ဘူး။ စည်းကမ်းချက်တွေနဲ့ ပဲပေးတယ်“ ဟု ပြောသည်။
သီတင်းကျွတ် အခါသမယ အများပြည်သူများ ဘုရားဖူးခွင့်ရရှိရန် သံဃာအသင်း၊ အုပ်ချုပ်ရေးအဖွဲ့၊ လူမှုရေး အသင်းအဖွဲ့ များ စုပေါင်းပြီး မင်းပြားတပ်နယ် ဗျူဟာမှူးထံသွားရောက် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
၂၀၁၉ ခုနှစ်မှ စတင်၍ မင်းပြားမြို့ရှိ ကျိန်းတောင်ဘုရားပေါ်တွင် စစ်တပ်က တပ်စွဲခဲ့ခြင်းဖြစ်ပြီး လက်ရှိ အချိန် တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းချ ရှိနေဆဲ ဖြစ်သည်။
မြောက်ဦးမြို့ရှိ သင်းကျစ်တော်ဘုရားနှင့် ရွှေတောင်စေတီတော်မြတ်၊ မင်းပြားမြို့ရှိ ကျိန်းတောင်ဘုရား စသည့် ရခိုင်ပြည်နယ်အတွင်းက သမိုင်းဝင်ဘုရားပုထိုးများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တပ်စွဲ အထိုင်ချထား ကြောင်း ဒေသခံများက ပြောသည်။
မြောက်ဦးမြို့နယ် သင်းကျစ်တော်တောင်တွင်လည်း စစ်တပ်က တပ်စွဲထားသည့်မှာ ၂ နှစ် ကျော်ကြာမြင့်နေပြီ ဖြစ်သည်ဟု မြောက်ဦး ဒေသခံ ကိုမြတ်ထွန်း က ပြောသည်။
မြောက်ဦးမြို့နားတဝိုက် တိုက်ပွဲများ စဖြစ်ကတည်းက တပ်စွဲထားခြင်းဖြစ်သည်။ ယခုကဲ့သို့ အခါကြီးရက်ကြီး သီတင်းကျွတ်ကာနီးအချိန်တွင် ပြည်သူများ ဘုရားဖူးနိုင်ရန်အတွက် စစ်ကောင်စီတပ်အနေဖြင့် ခွင့်ပြုပေးစေလို သည်ဟု ကိုမြတ်ထွန်းက ပြောသည်။
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်း အတွင်းက အခြားမြို့နယ်အသီးသီးရှိ တန်ခိုးကြီး ဘုရားပုထိုးစေတီများတွင်လည်း ယနေ့အချိန်ထိ စစ်ကောင်စီ က တပ်စွဲကာ နေရာယူထားသည်ဟု ဒေသခံများက ဆိုသည်။
ထိုသို့ သမိုင်းဝင်ဘုရားပုထိုးများတွင် တပ်စွဲထားသည့် ကိစ္စနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းနိုင်ရန် ပြည်နယ် စစ်ကောင်စီမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။
ရခိုင်ပြည်နယ်အတွင်းရှိ သမိုင်းဝင်ဘုရားပုထိုးစေတီများတွင် မြန်မာစစ်တပ်က တပ်စွဲနေထိုင်ခြင်းသည် ဂျနီဗာ ကွန်ဗင်းရှင်း ကို ချိုးဖောက်ရာရောက်ကြောင်း ရက္ခိုင့်တပ်တော် (ULA/AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ က ပြောသည်။
“ရှေးဟောင်းသာသနိက အဆောက်အအုံတွေရှိတဲ့နေရာ၊ နောက်ပြီးတော့ စေတီ၊ ပုထိုးတွေရှိတဲ့ နေရာတွေကို စစ်တပ်ကသိမ်းပိုက်ထားပြီးတော့ တပ်စွဲထားတယ်ဆိုတာ စစ်တပ်အနေနဲ့ နိုင်ငံတကာ Geneva Convention ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်တယ်” ဟု ပြောသည်။
တိမ်ညို စစ်ဘေးရှောင်စခန်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လင်ဦးက တန်ခိုးကြီး ဘုရား၊ ပုထိုး၊ စေတီများအား ဒေသခံများ လွတ်လပ်စွာ ဘုရားဖူးခွင့်ရရှိနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၂၀၂၁ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့က စစ်ဘေးရှောင်ပြည်သူများနှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့သည်။
*** ZAWGYI ***
က်ိန္းေတာင္ေစတီတြင္ သီတင္းကြၽတ္တစ္ရက္သာ ဘုရားဖူးခြင့္ရမည္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၁ ရက္။
ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕ေပၚရွိ စစ္ေကာင္စီတပ္ဖြဲ႕မ်ား တပ္စြဲထားသည့္ က်ိန္းေတာင္ေစတီတြင္ သီတင္းကြၽတ္လျပည့္ေန႔တစ္ရက္သာ ဘုရားဖူးခြင့္ ျပဳသည္ဟု မင္းျပားၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ဦးလွသိန္းေအာင္ က ေျပာသည္။
သီးတင္းကြၽတ္ အခါသမယတြင္ အမ်ားျပည္သူ ဖူးေမွ်ာ္ခြင့္ ၃ ရက္ရရွိေရး ေဒသအတြင္းက အသင္းအဖြဲ႕မ်ားက စုေပါင္းေတာင္းဆိုရာ မင္းျပား တပ္နယ္ဗ်ဴဟာမႉးက တစ္ရက္သာခြင့္ျပဳေပးခဲ့သည္ဟု ၎က ရွင္းျပသည္။
မင္းျပားၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ဦးလွသိန္းေအာင္ က “သၾကၤန္တုန္းကလည္း အခ်ိန္ ပိုင္းနဲ႔ပဲ ခြင့္ျပဳေပးခဲ့တယ္။ လြတ္လြတ္လပ္လပ္ေတာ့ သြားလာခြင့္ရတာ မဟုတ္ဘူး။ စည္းကမ္းခ်က္ေတြနဲ႔ ပဲေပးတယ္“ ဟု ေျပာသည္။
သီတင္းကြၽတ္ အခါသမယ အမ်ားျပည္သူမ်ား ဘုရားဖူးခြင့္ရရွိရန္ သံဃာအသင္း၊ အုပ္ခ်ဳပ္ေရးအဖြဲ႕၊ လူမႈေရး အသင္းအဖြဲ႕ မ်ား စုေပါင္းၿပီး မင္းျပားတပ္နယ္ ဗ်ဴဟာမႉးထံသြားေရာက္ ေတာင္းဆိုခဲ့ၾကျခင္း ျဖစ္သည္။
၂၀၁၉ ခုႏွစ္မွ စတင္၍ မင္းျပားၿမိဳ႕ရွိ က်ိန္းေတာင္ဘုရားေပၚတြင္ စစ္တပ္က တပ္စြဲခဲ့ျခင္းျဖစ္ၿပီး လက္ရွိ အခ်ိန္ တြင္လည္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား စခန္းခ် ရွိေနဆဲ ျဖစ္သည္။
ေျမာက္ဦးၿမိဳ႕ရွိ သင္းက်စ္ေတာ္ဘုရားႏွင့္ ေ႐ႊေတာင္ေစတီေတာ္ျမတ္၊ မင္းျပားၿမိဳ႕ရွိ က်ိန္းေတာင္ဘုရား စသည့္ ရခိုင္ျပည္နယ္အတြင္းက သမိုင္းဝင္ဘုရားပုထိုးမ်ားတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက တပ္စြဲ အထိုင္ခ်ထား ေၾကာင္း ေဒသခံမ်ားက ေျပာသည္။
ေျမာက္ဦးၿမိဳ႕နယ္ သင္းက်စ္ေတာ္ေတာင္တြင္လည္း စစ္တပ္က တပ္စြဲထားသည့္မွာ ၂ ႏွစ္ ေက်ာ္ၾကာျမင့္ေနၿပီ ျဖစ္သည္ဟု ေျမာက္ဦး ေဒသခံ ကိုျမတ္ထြန္း က ေျပာသည္။
ေျမာက္ဦးၿမိဳ႕နားတဝိုက္ တိုက္ပြဲမ်ား စျဖစ္ကတည္းက တပ္စြဲထားျခင္းျဖစ္သည္။ ယခုကဲ့သို႔ အခါႀကီးရက္ႀကီး သီတင္းကြၽတ္ကာနီးအခ်ိန္တြင္ ျပည္သူမ်ား ဘုရားဖူးႏိုင္ရန္အတြက္ စစ္ေကာင္စီတပ္အေနျဖင့္ ခြင့္ျပဳေပးေစလို သည္ဟု ကိုျမတ္ထြန္းက ေျပာသည္။
စစ္ေကာင္စီတပ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ AA တို႔အၾကား တိုက္ပြဲမ်ား ျဖစ္ပြားခဲ့သည့္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္း အတြင္းက အျခားၿမိဳ႕နယ္အသီးသီးရွိ တန္ခိုးႀကီး ဘုရားပုထိုးေစတီမ်ားတြင္လည္း ယေန႔အခ်ိန္ထိ စစ္ေကာင္စီ က တပ္စြဲကာ ေနရာယူထားသည္ဟု ေဒသခံမ်ားက ဆိုသည္။
ထိုသို႔ သမိုင္းဝင္ဘုရားပုထိုးမ်ားတြင္ တပ္စြဲထားသည့္ ကိစၥႏွင့္ ပတ္သက္၍ စုံစမ္းေမးျမန္းႏိုင္ရန္ ျပည္နယ္ စစ္ေကာင္စီမွ လုံၿခဳံေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးေက်ာ္သူရ ကို ဆက္သြယ္ခဲ့ေသာ္လည္း ဆက္သြယ္၍မရရွိခဲ့ေပ။
ရခိုင္ျပည္နယ္အတြင္းရွိ သမိုင္းဝင္ဘုရားပုထိုးေစတီမ်ားတြင္ ျမန္မာစစ္တပ္က တပ္စြဲေနထိုင္ျခင္းသည္ ဂ်နီဗာ ကြန္ဗင္းရွင္း ကို ခ်ိဳးေဖာက္ရာေရာက္ေၾကာင္း ရကၡိဳင့္တပ္ေတာ္ (ULA/AA) ျပန္ၾကားေရးတာဝန္ခံ ဦးခိုင္သုခ က ေျပာသည္။
“ေရွးေဟာင္းသာသနိက အေဆာက္အအုံေတြရွိတဲ့ေနရာ၊ ေနာက္ၿပီးေတာ့ ေစတီ၊ ပုထိုးေတြရွိတဲ့ ေနရာေတြကို စစ္တပ္ကသိမ္းပိုက္ထားၿပီးေတာ့ တပ္စြဲထားတယ္ဆိုတာ စစ္တပ္အေနနဲ႔ ႏိုင္ငံတကာ Geneva Convention ကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္ရာေရာက္တယ္” ဟု ေျပာသည္။
တိမ္ညိဳ စစ္ေဘးေရွာင္စခန္းတြင္ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ထင္လင္ဦးက တန္ခိုးႀကီး ဘုရား၊ ပုထိုး၊ ေစတီမ်ားအား ေဒသခံမ်ား လြတ္လပ္စြာ ဘုရားဖူးခြင့္ရရွိႏိုင္ရန္ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း ၂၀၂၁ ခုႏွစ္၊ မတ္လ ၁၈ ရက္ေန႔က စစ္ေဘးေရွာင္ျပည္သူမ်ားႏွင့္ ေတြ႕ဆုံစဥ္က ေျပာၾကားခဲ့သည္။