မော်လမြိုင်ကျွန်းမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်၊

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်။

ဧရာဝတီတိုင်း ဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့ ကွမ်းယာဆိုင်တစ်ခုတွင် အောက်တိုဘာလ ၁၂ ရက်နေ့(ယနေ့) နံနက် ၈ နာရီဝန်းကျင် အချိန်ခန့်က ဗုံးပေါက်ကွဲ မှု ဖြစ်ပွားခဲ့သည်။

မော်လမြိုင်ကျွန်းမြို့ ၁၂ ရက်ကွက်၊ မာလာလမ်းထိပ်ရှိ စစ်ကောင်စီ သတင်းပေး (ဒလန်)ဟု ကျော်ကြားသူ တစ်ဦး၏ ကွမ်းယာဆိုင်တွင် ထောင်ထားသည့် ဗုံးနှစ်လုံး အနက် တစ်လုံးသာ ပေါက်ကွဲခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိကြောင်း မပေါက်ကွဲသေး သည့် တစ်လုံးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ဖျက်ဆီးလိုက်ကြောင်း အုပ်ချုပ်ရေးအဖွဲ့ နှင့် နီးစပ်သူ အချို့က ပြောသည်။

“အာဏာသိမ်းပြီးနောက် ဆန္ဒပြသူတွေကို အဲကွမ်းယာဆိုင်ပိုင်ရှင် သတင်းပေးလို့ အဖမ်းခံရတာတွေ ရှိတယ်။ သူ့ကို ဒလန်လို့ မြို့မှာလူသိများတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီ၏ တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ပေါက်ကွဲမှုဖြစ်ပွားသည့် မာလာလမ်း နှင့် ကွမ်းယာဆိုင်အနီးကို ပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

မော်ကျွန်းမြို့နယ် အခြေစိုက် ဖက်စစ်ဆန့်ကျင်ရေးတပ်ဖွဲ့ (S.T.F )နှင့် မြစ်ဝကျွန်းပေါ် ပြောက်ကြား တပ်ပေါင်းစုက ၎င်းတို့ ပူးပေါင်း လုပ်ဆောင်သည်ဟု ထုတ်ဖော်ဝန်ခံထားကြောင်း မြို့ခံ ကိုစိန်ဝင်း က ပြောသည်။

မော်လမြိုင်ကျွန်းမြို့နယ် အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားတိုင်း စစ်ကောင်စီတပ်ဖွဲ့က တွေ့ရာလူများကို ဖောက်ခွဲ မှုနှင့်ပတ်သက်၍ မင်္သကာသူဟုဆိုကာ စွပ်စွဲဖမ်းဆီး၍ ငွေညှစ်တောင်းခံလေ့ရှိသည်ဟုလည်း ဒေသခံများက ဆိုသည်။

ယခုပေါက်ကွဲမှုက မော်ကျွန်းမြို့တွင် ၉ ကြိမ်မြောက် ပေါက်ကွဲမှု ဖြစ်ပြီး ပေါက်ကွဲမှုတိုင်းတွင် လူသေဆုံးမှု မရှိ ကြောင်း၊ အောက်တိုဘာလ ၃ ရက်နေ့က Happy လက်ဖက်ရည်ဆိုင်ရှေ့ ဗုံးပေါက်ကွဲမှု အပြီးတွင် ဒေသခံ ၂၅ ဦး ဖမ်းဆီးခံထားရသည်ဟု ဒေသခံများက ပြောသည်။

*** ZAWGYI ***
ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕တြင္ ဗုံးေပါက္ကြဲမႈျဖစ္၊

သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၂ ရက္။

ဧရာဝတီတိုင္း ေဒသႀကီး၊ ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕ ကြမ္းယာဆိုင္တစ္ခုတြင္ ေအာက္တိုဘာလ ၁၂ ရက္ေန႔(ယေန႔) နံနက္ ၈ နာရီဝန္းက်င္ အခ်ိန္ခန႔္က ဗုံးေပါက္ကြဲ မႈ ျဖစ္ပြားခဲ့သည္။

ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕ ၁၂ ရက္ကြက္၊ မာလာလမ္းထိပ္ရွိ စစ္ေကာင္စီ သတင္းေပး (ဒလန္)ဟု ေက်ာ္ၾကားသူ တစ္ဦး၏ ကြမ္းယာဆိုင္တြင္ ေထာင္ထားသည့္ ဗုံးႏွစ္လုံး အနက္ တစ္လုံးသာ ေပါက္ကြဲျခင္းျဖစ္ၿပီး လူထိခိုက္မႈမရွိေၾကာင္း မေပါက္ကြဲေသး သည့္ တစ္လုံးကိုလည္း စစ္ေကာင္စီတပ္ဖြဲ႕က ဖ်က္ဆီးလိုက္ေၾကာင္း အုပ္ခ်ဳပ္ေရးအဖြဲ႕ ႏွင့္ နီးစပ္သူ အခ်ိဳ႕က ေျပာသည္။

“အာဏာသိမ္းၿပီးေနာက္ ဆႏၵျပသူေတြကို အဲကြမ္းယာဆိုင္ပိုင္ရွင္ သတင္းေပးလို႔ အဖမ္းခံရတာေတြ ရွိတယ္။ သူ႔ကို ဒလန္လို႔ ၿမိဳ႕မွာလူသိမ်ားတယ္” ဟု ေဒသခံ တစ္ဦးက ေျပာသည္။

ဗုံးေပါက္ကြဲမႈအၿပီးတြင္ စစ္ေကာင္စီ၏ တပ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ေပါက္ကြဲမႈျဖစ္ပြားသည့္ မာလာလမ္း ႏွင့္ ကြမ္းယာဆိုင္အနီးကို ပိတ္ဆို႔ကာ စစ္ေဆးမႈမ်ား ျပဳလုပ္ေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

ေမာ္ကြၽန္းၿမိဳ႕နယ္ အေျခစိုက္ ဖက္စစ္ဆန႔္က်င္ေရးတပ္ဖြဲ႕ (S.T.F )ႏွင့္ ျမစ္ဝကြၽန္းေပၚ ေျပာက္ၾကား တပ္ေပါင္းစု က ၎တို႔ ပူးေပါင္း လုပ္ေဆာင္သည္ဟု ထုတ္ေဖာ္ဝန္ခံထားေၾကာင္း ၿမိဳ႕ခံ ကိုစိန္ဝင္း က ေျပာသည္။

ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕နယ္ အတြင္း ဗုံးေပါက္ကြဲမႈ ျဖစ္ပြားတိုင္း စစ္ေကာင္စီတပ္ဖြဲ႕က ေတြ႕ရာလူမ်ားကို ေဖာက္ခြဲ မႈႏွင့္ပတ္သက္၍ မသၤကာသူဟုဆိုကာ စြပ္စြဲဖမ္းဆီး၍ ေငြညႇစ္ေတာင္းခံေလ့ရွိသည္ဟုလည္း ေဒသခံမ်ားက ဆို သည္။

ယခုေပါက္ကြဲမႈက ေမာ္ကြၽန္းၿမိဳ႕တြင္ ၉ ႀကိမ္ေျမာက္ ေပါက္ကြဲမႈ ျဖစ္ၿပီး ေပါက္ကြဲမႈတိုင္းတြင္ လူေသဆုံးမႈ မရွိ ေၾကာင္း၊ ေအာက္တိုဘာလ ၃ ရက္ေန႔က Happy လက္ဖက္ရည္ဆိုင္ေရွ႕ ဗုံးေပါက္ကြဲမႈ အၿပီးတြင္ ေဒသခံ ၂၅ ဦး ဖမ္းဆီးခံထားရသည္ဟု ေဒသခံမ်ားက ေျပာသည္။