ဓနုဖြူ လျှပ်စစ်မီတာရုံးရှေ့ ဗုံးပေါက်ကွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်။

ဧရာဝတီတိုင်း ဒေသကြီး၊ ဓနုဖြူမြို့ ရှိ လျှပ်စစ်မီတာရုံး ရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ဓနုဖြူမြို့ ၁၂ ရပ်ကွက် မြို့နယ်မီတာရုံးရှေ့ မြက်ခင်းပြင်တွင် အောက်တိုဘာလ ၁၀ ရက်နေ့ ည ၉ နာရီခွဲအချိန်ဝန်းကျင်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့အတွင်းရှိ ရပ်ကွက်များတွင် လိုက်လံရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေသည့်အတွက် ဒေသခံအချို့က စိုးရိမ်နေကြသည်။

အသက် ၆၀ ကျော်ရှိ ဒေသခံ ဦးတင်ရီ က “ဗုံးအမှန်တကယ် ဖောက်သူကိုမမိဘဲ ကြွက်မနိုင် ကျီမီးရှို့ဆိုသလို တွေ့ရာလူကို PDF တံဆိပ်ကပ်ပြီး ဖမ်းနေကြတော့ အားလုံးကျီးလန့်စား ဖြစ်ရတယ်”ဟု ပြောသည်။

ဓနုဖြူမြို့နယ် လျှပ်စစ်ရုံးဝန်ထမ်းများက မီလာလာဖတ်ခြင်းမရှိဘဲ မီတာသုံးစွဲမှုအတွက် ငွေတောင်းခံ သည့် မီတာဘောင်ချာ ငွေတောင်းခံလွှာတွင် အဆမတန်ရေး၍ မီလာလာဆောင်ရန် ဆင့်စာများ လစဉ်ပို့နေခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ဓနုဖြူမြို့က လျှပ်စစ်မီတာရုံးရှေ့ မြက်ခင်းပြင်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခြင်း၊ အဆောက်အအုံနှင့် ရုံးပရိဘောဂ စက်ပစ္စည်း ပျက်စီးခြင်း မရှိဘူးဟု လျှပ်စစ်ရုံး ဝန်ထမ်းအချို့က ပြောသည်။

အများပြည်သူများ အသွားအလာများသည့် မီတာရုံး၊ စာသင်ကျောင်း၊ ဈေး၊ အမှိုက်ပုံကဲ့သို့သော နေရာများကို ဗုံး ထောင်လျှင် အပြစ်မဲ့ ပြည်သူများကို ထိခိုက်မှု ရှိလာမည်ကိုလည်း စိုးရိမ်နေကြသည်ဟု ဒေသခံအချို့က ပြောသည်။

ဧရာဝတီတိုင်း အတွင်းက ကျိုက်လတ်မြို့နယ် မီတာရုံးရှေ့တွင်လည်း အောက်တိုဘာလ ၁၀ ရက်နေ့ က ဗုံးနှစ် လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှု မရှိသော်လည်း ဇွန်လအတွင်းက ပုသိမ်မြို့ မီတာရုံး ကွန်ပျူတာ ခန်း အတွင်း ဗုံးပေါက်ကွဲမှုတွင် ကွန်ပျူတာအချို့ ပျက်စီးကာ ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

*** ZAWGYI ***
ဓႏုျဖဴ လွ်ပ္စစ္မီတာ႐ုံးေရွ႕ ဗုံးေပါက္ကြဲ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၃ ရက္။

ဧရာဝတီတိုင္း ေဒသႀကီး၊ ဓႏုျဖဴၿမိဳ႕ ရွိ လွ်ပ္စစ္မီတာ႐ုံး ေရွ႕တြင္ ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့သည္။

ဓႏုျဖဴၿမိဳ႕ ၁၂ ရပ္ကြက္ ၿမိဳ႕နယ္မီတာ႐ုံးေရွ႕ ျမက္ခင္းျပင္တြင္ ေအာက္တိုဘာလ ၁၀ ရက္ေန႔ ည ၉ နာရီခြဲအခ်ိန္ဝန္းက်င္က ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

ဗုံးေပါက္ကြဲၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ၿမိဳ႕အတြင္းရွိ ရပ္ကြက္မ်ားတြင္ လိုက္လံရွာေဖြဖမ္းဆီးမႈမ်ား ျပဳလုပ္ေနသည့္အတြက္ ေဒသခံအခ်ိဳ႕က စိုးရိမ္ေနၾကသည္။

အသက္ ၆၀ ေက်ာ္ရွိ ေဒသခံ ဦးတင္ရီ က “ဗုံးအမွန္တကယ္ ေဖာက္သူကိုမမိဘဲ ႂကြက္မႏိုင္ က်ီမီးရႈိ႕ဆိုသလို ေတြ႕ရာလူကို PDF တံဆိပ္ကပ္ၿပီး ဖမ္းေနၾကေတာ့ အားလုံးက်ီးလန႔္စား ျဖစ္ရတယ္”ဟု ေျပာသည္။

ဓႏုျဖဴၿမိဳ႕နယ္ လွ်ပ္စစ္႐ုံးဝန္ထမ္းမ်ားက မီလာလာဖတ္ျခင္းမရွိဘဲ မီတာသုံးစြဲမႈအတြက္ ေငြေတာင္းခံ သည့္ မီတာေဘာင္ခ်ာ ေငြေတာင္းခံလႊာတြင္ အဆမတန္ေရး၍ မီလာလာေဆာင္ရန္ ဆင့္စာမ်ား လစဥ္ပို႔ေနခဲ့သည္ဟု ေဒသခံတစ္ဦးက ေျပာသည္။

ဓႏုျဖဴၿမိဳ႕က လွ်ပ္စစ္မီတာ႐ုံးေရွ႕ ျမက္ခင္းျပင္တြင္ ျဖစ္ပြားခဲ့သည့္ ေပါက္ကြဲမႈအတြင္း ထိခိုက္ဒဏ္ရာရရွိျခင္း၊ အေဆာက္အအုံႏွင့္ ႐ုံးပရိေဘာဂ စက္ပစၥည္း ပ်က္စီးျခင္း မရွိဘူးဟု လွ်ပ္စစ္႐ုံး ဝန္ထမ္းအခ်ိဳ႕က ေျပာသည္။

အမ်ားျပည္သူမ်ား အသြားအလာမ်ားသည့္ မီတာ႐ုံး၊ စာသင္ေက်ာင္း၊ ေဈး၊ အမႈိက္ပုံကဲ့သို႔ေသာ ေနရာမ်ားကို ဗုံး ေထာင္လွ်င္ အျပစ္မဲ့ ျပည္သူမ်ားကို ထိခိုက္မႈ ရွိလာမည္ကိုလည္း စိုးရိမ္ေနၾကသည္ဟု ေဒသခံအခ်ိဳ႕က ေျပာသည္။

ဧရာဝတီတိုင္း အတြင္းက က်ိဳက္လတ္ၿမိဳ႕နယ္ မီတာ႐ုံးေရွ႕တြင္လည္း ေအာက္တိုဘာလ ၁၀ ရက္ေန႔ က ဗုံးႏွစ္ လုံး ဆက္တိုက္ေပါက္ကြဲခဲ့ၿပီး ထိခိုက္ပ်က္စီးမႈ မရွိေသာ္လည္း ဇြန္လအတြင္းက ပုသိမ္ၿမိဳ႕ မီတာ႐ုံး ကြန္ပ်ဴတာ ခန္း အတြင္း ဗုံးေပါက္ကြဲမႈတြင္ ကြန္ပ်ဴတာအခ်ိဳ႕ ပ်က္စီးကာ ဝန္ထမ္းတစ္ဦး ဒဏ္ရာရရွိခဲ့သည္။