စစ်ကောင်စီကို မထောက်ခံသဖြင့် ကိုဗစ် ကာကွယ်ဆေးမထိုးသူများရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်။

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီ၏ ကျန်းမာရေးဌာနက ထိုးပေးနေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခြင်း အစီအစဉ်တွင် သွားရောက်ထိုးသူ နည်းပါးသည်ဟု ညောင်လေးပင်ခရိုင် ကျောက်ကြီး မြို့နယ် ဒေသခံ ကရင့်လူမှုရေးရာအဖွဲ့ က ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးနေမှုကို ဒေသခံပြည်သူအချို့က သွားရောက်ထိုး သော်လည်း အများစုက သွားထိုးခြင်း မရှိဘူးဟု ကရင့်လူမှုရေးရာအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်းက “ထိုးတဲ့လူမများဘူးဗျာ။ ကျောက်ကြီးမြို့နယ် တစ်ခုလုံးမှာ ထိုးလာကြတာ ဒီ မုန်း၊ ကျောက်ကြီး နတ် သံကွင်းတို့ အဲမှာ ထိုးတာ ငါးထောင်ကျော်လို့ပဲ ကျနော် သိတယ်။ လူဦးရေအရ တွက်ကြည့်မယ်ဆိုရင် ရာခိုင် နှုန်းက နည်းတော့ နည်သေးတာပေါ” ဟု ပြောသည်။

ဒေသခံများက စစ်ကောင်စီ၏ အာဏာသိမ်းမှု၊ အုပ်ချုပ်မှု ယန္တရားကို လက်မခံသည့်အတွက် ၎င်းတို့ လက် အောက်မှ ဖြစ်ပေါ်လာသည့် ကာကွယ်ဆေးထိုးမှု လုပ်ငန်းစဉ်တွင်လည်း သွားရောက်ပါဝင်ထိုးနှံမှု မပြုရခြင်း ဖြစ်သည်ဟု ဆိုသည်။

“တချို့က သွားမထိုးဘူး ဆိုတာက ဆေးကို စိတ်မချလို့ တစ်ပိုင်း။ တချို့ကျတော့ ဒီအုပ်ချုပ်ရေး ယန္တရားကို မထောက်ခံလို့ ကိုယ်က နာမည်သွားပေး ဆေးသွားထိုးရုံနဲ့ ကိုယ်က သူ့ကို ထောက်ခံတဲ့ပုံစံ အဲလို မထိုးတဲ့ အကြောင်းအရင်းကလည်း အဲလိုရှိတယ်ပေါ့နော်။ တချို့က သူရဲ့ အုပ်ချုပ်ရေး ယန္တရားကို မထောက်ခံပေမယ့် ဆေးသိပ်မထိုးရဲကြဘူးဗျာ။ ဆေးက သူတို့ကတော့ အမျိုးမျိုးကြားနေကြတော့ မထိုးရဲကြတဲ့ အနေအထားမှာ ရှိတယ်။ တချို့ကြတော့ သွားမထိုးကြတာဆိုတာ သူတို့က အုပ်ချုပ်ရေး ယန္တရား အာဏာတည်ဆောက်မှုကို မပံ့ပိုးချင်တဲ့ ပုံစံ လက်မခံဘူး။ မထောက်ခံဘူးဆိုပြီးတော့ အဲလိုပဲ နေကြတယ်” ဟု ကရင့်လူမှုရေးရာအဖွဲ့က တာဝန်ရှိသူ က ဆက်ပြောသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီကို မထောက်ခံသည့်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးအား သွားရောက် မထိုးသော်လည်း ယခုထက် ရောဂါပိုမိုကူးစက်ပြန့်ပွားမှု ဖြစ်ပွားလာမည်ကို စိုးရိမ်မှုရှိသည်ဟု ဆိုသည်။

ထို့ကြောင့် စစ်ကောင်စီ၏ အုပ်ချုပ်မှု ယန္တရား လက်အောက်မှ မဟုတ်သည့် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံခြင်း အစီအစဉ်များကို ဒေသခံများက မျှော်လင့်နေကြသည်ဟု ကရင့်လူမှုရေးရာအဖွဲ့က တာဝန်ရှိသူက ပြောသည်။

“အခြားအခြားသော ဆေးရုံ ဆေးခန်းပေါ့နော် ပုဂ္ဂလိကတွေ အခြားသော အဖွဲ့အစည်းတွေက ဘယ်လိုမျိုးများ ကူညီနိုင်မလဲပေါ့နော် ဒီကာကွယ်ဆေးနဲ့ ပတ်သက်ပြီးတော့ အခြားသော နည်းလမ်းတွေများ ရှိမလား ရှိရင် တော့ ထိုးချင်တဲ့လူတော့ ရှိတာပေါ့။ အခြားအဖွဲ့အစည်းတွေ ဘာတွေနဲ့ သူတို့မှာ အလှူရှင်တွေဘာတွေနဲ့ ဒေသ တစ်ခုမှာ ထိုးမယ် ထိုးဖို့ အစီအစဉ်တွေ ရှိမယ်ဆိုရင်တော့ ထိုးမယ့်လူလည်း ရှိမှာပဲ။ အကုန်လုံးကတော့ ဒီရော ဂါကို ကြောက်ကြတာပဲပေါ့။ ဒါပေမယ့် မထိုးတဲ့အကြောင်းအရင်းက ခုနအကြောင်းတွေကြောင့် မထိုးတာ။”

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ကဲ့သို့ပင် မြန်မာနိုင်ငံရှိ ပြည်နယ် နှင့် တိုင်းဒေသကြီးရှိ မြို့ နယ်များတွင်လည်း စစ်ကောင်စီ၏ အုပ်ချုပ်မှု ယန္တရားကို လက်မခံသည့်အတွက် ဒေသခံပြည်သူများမှာ ကိုဗစ်- ၁၉ ကာကွယ်ဆေး သွားရောက် မထိုးသူ များစွာရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် နှစ်လ သုံးလလောက်ခန့်မှ စတင်ကာ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ရှိ ကျောက်ကြီးမြို့နယ် အပါ အဝင် မုန်းနှင့် ညောင်လေးပင် မြို့နယ်ထဲက ကျေးရွာအုပ်စုအားလုံးနီးပါးတွင် ကိုဗစ်-၁၉ ကဲ့သို့သော ရောဂါ လက္ခဏာများ ခံစားနေရပြီး ရွာလုံးကျွတ်ဖျားနာကာ သေဆုံးမှုများရှိနေသည်ဟု ဒေသခံများက ဆိုသည်။

ထိုသို့ဖျားနာမှုများရှိနေသော်လည်း ဒေသခံများမှာ ဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုသမှု ခံယူမှု မပြုလုပ်ပဲ ၎င်းတို့ နီးစပ်ရာ ဒေသအတွင်းက ဆေးကုသသူများနှင့်သာ ဆေးကုသမှုခံယူကြသည်ဟု သိရသည်။

ဒေသအတွင်းက ဆေးကုသူများနှင့် ဆေးကုသမှုများ ခံယူနေသော်လည်း ကုန်စျေးနှုန်းမြှင့်တက်မှုများကြောင့် ဆေးဝါးများမှာ စျေးကြီးခြင်းနှင့် ဝယ်ယူ၍ မရရှိသည့် အခြေအနေများနှင့် ကြုံနေရသည်ဟု ပြောသည်။

*** ZAWGYI ***
စစ္ေကာင္စီကို မေထာက္ခံသျဖင့္ ကိုဗစ္ ကာကြယ္ေဆးမထိုးသူမ်ားရွိ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၄ ရက္။

ပဲခူးတိုင္း ေက်ာက္ႀကီးၿမိဳ႕နယ္တြင္ စစ္ေကာင္စီ၏ က်န္းမာေရးဌာနက ထိုးေပးေနသည့္ ကိုဗစ္-၁၉ ကာကြယ္ေဆး ထိုးျခင္း အစီအစဥ္တြင္ သြားေရာက္ထိုးသူ နည္းပါးသည္ဟု ေညာင္ေလးပင္ခ႐ိုင္ ေက်ာက္ႀကီး ၿမိဳ႕နယ္ ေဒသခံ ကရင့္လူမႈေရးရာအဖြဲ႕ က ေျပာသည္။

အာဏာသိမ္းစစ္ေကာင္စီ၏ ကိုဗစ္-၁၉ ကာကြယ္ေဆး ထိုးေပးေနမႈကို ေဒသခံျပည္သူအခ်ိဳ႕က သြားေရာက္ထိုး ေသာ္လည္း အမ်ားစုက သြားထိုးျခင္း မရွိဘူးဟု ကရင့္လူမႈေရးရာအဖြဲ႕က တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

၎က “ထိုးတဲ့လူမမ်ားဘူးဗ်ာ။ ေက်ာက္ႀကီးၿမိဳ႕နယ္ တစ္ခုလုံးမွာ ထိုးလာၾကတာ ဒီ မုန္း၊ ေက်ာက္ႀကီး နတ္ သံကြင္းတို႔ အဲမွာ ထိုးတာ ငါးေထာင္ေက်ာ္လို႔ပဲ က်ေနာ္ သိတယ္။ လူဦးေရအရ တြက္ၾကည့္မယ္ဆိုရင္ ရာခိုင္ ႏႈန္းက နည္းေတာ့ နည္ေသးတာေပါ” ဟု ေျပာသည္။

ေဒသခံမ်ားက စစ္ေကာင္စီ၏ အာဏာသိမ္းမႈ၊ အုပ္ခ်ဳပ္မႈ ယႏၲရားကို လက္မခံသည့္အတြက္ ၎တို႔ လက္ ေအာက္မွ ျဖစ္ေပၚလာသည့္ ကာကြယ္ေဆးထိုးမႈ လုပ္ငန္းစဥ္တြင္လည္း သြားေရာက္ပါဝင္ထိုးႏွံမႈ မျပဳရျခင္း ျဖစ္သည္ဟု ဆိုသည္။

“တခ်ိဳ႕က သြားမထိုးဘူး ဆိုတာက ေဆးကို စိတ္မခ်လို႔ တစ္ပိုင္း။ တခ်ိဳ႕က်ေတာ့ ဒီအုပ္ခ်ဳပ္ေရး ယႏၲရားကို မေထာက္ခံလို႔ ကိုယ္က နာမည္သြားေပး ေဆးသြားထိုး႐ုံနဲ႔ ကိုယ္က သူ႔ကို ေထာက္ခံတဲ့ပုံစံ အဲလို မထိုးတဲ့ အေၾကာင္းအရင္းကလည္း အဲလိုရွိတယ္ေပါ့ေနာ္။ တခ်ိဳ႕က သူရဲ႕ အုပ္ခ်ဳပ္ေရး ယႏၲရားကို မေထာက္ခံေပမယ့္ ေဆးသိပ္မထိုးရဲၾကဘူးဗ်ာ။ ေဆးက သူတို႔ကေတာ့ အမ်ိဳးမ်ိဳးၾကားေနၾကေတာ့ မထိုးရဲၾကတဲ့ အေနအထားမွာ ရွိတယ္။ တခ်ိဳ႕ၾကေတာ့ သြားမထိုးၾကတာဆိုတာ သူတို႔က အုပ္ခ်ဳပ္ေရး ယႏၲရား အာဏာတည္ေဆာက္မႈကို မပံ့ပိုးခ်င္တဲ့ ပုံစံ လက္မခံဘူး။ မေထာက္ခံဘူးဆိုၿပီးေတာ့ အဲလိုပဲ ေနၾကတယ္” ဟု ကရင့္လူမႈေရးရာအဖြဲ႕က တာဝန္ရွိသူ က ဆက္ေျပာသည္။

ျပည္သူမ်ားအေနျဖင့္ စစ္ေကာင္စီကို မေထာက္ခံသည့္အတြက္ ကိုဗစ္-၁၉ ကာကြယ္ေဆးအား သြားေရာက္ မထိုးေသာ္လည္း ယခုထက္ ေရာဂါပိုမိုကူးစက္ျပန႔္ပြားမႈ ျဖစ္ပြားလာမည္ကို စိုးရိမ္မႈရွိသည္ဟု ဆိုသည္။

ထို႔ေၾကာင့္ စစ္ေကာင္စီ၏ အုပ္ခ်ဳပ္မႈ ယႏၲရား လက္ေအာက္မွ မဟုတ္သည့္ ကိုဗစ္-၁၉ ကာကြယ္ ေဆးထိုးႏွံျခင္း အစီအစဥ္မ်ားကို ေဒသခံမ်ားက ေမွ်ာ္လင့္ေနၾကသည္ဟု ကရင့္လူမႈေရးရာအဖြဲ႕က တာဝန္ရွိသူက ေျပာသည္။

“အျခားအျခားေသာ ေဆး႐ုံ ေဆးခန္းေပါ့ေနာ္ ပုဂၢလိကေတြ အျခားေသာ အဖြဲ႕အစည္းေတြက ဘယ္လိုမ်ိဳးမ်ား ကူညီႏိုင္မလဲေပါ့ေနာ္ ဒီကာကြယ္ေဆးနဲ႔ ပတ္သက္ၿပီးေတာ့ အျခားေသာ နည္းလမ္းေတြမ်ား ရွိမလား ရွိရင္ ေတာ့ ထိုးခ်င္တဲ့လူေတာ့ ရွိတာေပါ့။ အျခားအဖြဲ႕အစည္းေတြ ဘာေတြနဲ႔ သူတို႔မွာ အလႉရွင္ေတြဘာေတြနဲ႔ ေဒသ တစ္ခုမွာ ထိုးမယ္ ထိုးဖို႔ အစီအစဥ္ေတြ ရွိမယ္ဆိုရင္ေတာ့ ထိုးမယ့္လူလည္း ရွိမွာပဲ။ အကုန္လုံးကေတာ့ ဒီေရာ ဂါကို ေၾကာက္ၾကတာပဲေပါ့။ ဒါေပမယ့္ မထိုးတဲ့အေၾကာင္းအရင္းက ခုနအေၾကာင္းေတြေၾကာင့္ မထိုးတာ။”

ပဲခူးတိုင္း ေညာင္ေလးပင္ခ႐ိုင္ ေက်ာက္ႀကီးၿမိဳ႕နယ္ကဲ့သို႔ပင္ ျမန္မာႏိုင္ငံရွိ ျပည္နယ္ ႏွင့္ တိုင္းေဒသႀကီးရွိ ၿမိဳ႕ နယ္မ်ားတြင္လည္း စစ္ေကာင္စီ၏ အုပ္ခ်ဳပ္မႈ ယႏၲရားကို လက္မခံသည့္အတြက္ ေဒသခံျပည္သူမ်ားမွာ ကိုဗစ္- ၁၉ ကာကြယ္ေဆး သြားေရာက္ မထိုးသူ မ်ားစြာရွိသည္ဟု သိရသည္။

ၿပီးခဲ့သည့္ ႏွစ္လ သုံးလေလာက္ခန႔္မွ စတင္ကာ ပဲခူးတိုင္း ေညာင္ေလးပင္ခ႐ိုင္ရွိ ေက်ာက္ႀကီးၿမိဳ႕နယ္ အပါ အဝင္ မုန္းႏွင့္ ေညာင္ေလးပင္ ၿမိဳ႕နယ္ထဲက ေက်း႐ြာအုပ္စုအားလုံးနီးပါးတြင္ ကိုဗစ္-၁၉ ကဲ့သို႔ေသာ ေရာဂါ လကၡဏာမ်ား ခံစားေနရၿပီး ႐ြာလုံးကြၽတ္ဖ်ားနာကာ ေသဆုံးမႈမ်ားရွိေနသည္ဟု ေဒသခံမ်ားက ဆိုသည္။

ထိုသို႔ဖ်ားနာမႈမ်ားရွိေနေသာ္လည္း ေဒသခံမ်ားမွာ ေဆး႐ုံ၊ ေဆးခန္းမ်ားတြင္ ေဆးကုသမႈ ခံယူမႈ မျပဳလုပ္ပဲ ၎တို႔ နီးစပ္ရာ ေဒသအတြင္းက ေဆးကုသသူမ်ားႏွင့္သာ ေဆးကုသမႈခံယူၾကသည္ဟု သိရသည္။

ေဒသအတြင္းက ေဆးကုသူမ်ားႏွင့္ ေဆးကုသမႈမ်ား ခံယူေနေသာ္လည္း ကုန္ေစ်းႏႈန္းျမႇင့္တက္မႈမ်ားေၾကာင့္ ေဆးဝါးမ်ားမွာ ေစ်းႀကီးျခင္းႏွင့္ ဝယ္ယူ၍ မရရွိသည့္ အေျခအေနမ်ားႏွင့္ ႀကဳံေနရသည္ဟု ေျပာသည္။