ရခိုင်တိုင်းရင်းသား ရေးရာ ဝန်ကြီး ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် ကွယ်လွန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ၏ ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး (ငြိမ်း) ဦးတင်စောသည် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်အတွင်း အောက်တိုဘာလ ၁၂ ရက်နေ့ညက ကွယ်လွန်သွားသည်။
ဝန်ကြီး(ငြိမ်း) ဦးတင်စောသည် စစ်တပ်က အာဏာစသိမ်းသည့်အချိန်က ထိန်းသိမ်းခံခဲ့ရပြီး ကျန်းမာရေး ယိုယွင်းလာ၍ ရန်ကုန်ဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူနေစဉ် အောက်တိုဘာလ ၁၂ရက်နေ့ ည ၁၀နာရီအချိန် က ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများ ထံကသိရသည်။
“ဘာကြောင့် ဆုံးသွားလဲ မေးကြည့်တော့ ကျန်းမာရေး မကောင်းလို့ ဆုံးသွားတယ်ပဲ ပြောတယ်” ဟု မိသားစု နှင့် နီးစပ်သူ ဒေါ် ကြီးမေ က ပြောသည်။
အောက်တိုဘာ ၁၃ ရက်နေ့ ၁၀ နာရီဝန်းကျင်ခန့်က ဝန်ကြီး၏ နာရေးသတင်းကို ဇာတိမြို့ဖြစ်သည့် မြောင်းမြ မြို့တွင် အသံချဲ့ စက်ဖြင့် လိုက်ကြေငြာသဖြင့် သိရကြောင်း မြောင်းမြမြို့ခံ အချို့က ပြောသည်။
ဖမ်းဆီးချုပ်နှောင်ထားစဉ် သေဆုံးခြင်း ဖြစ်သောကြောင့် စစ်ကောင်စီ အနေဖြင့် ယခုသေဆုံးမှု နှင့် ပတ်သက် ၍ တာဝန်ရှိကြောင်း ဧရာဝတီတိုင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ဝင် တစ်ဦးက ပြောသည်။
ဦးတင်စောသည် ယခင်က မြို့နယ်ပညာရေးမှူး အငြိမ်းစားဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၂ နှစ်ရှိပြီ ဖြစ် သည်။
ဦးတင်စောသည် ၂၀၁၅ ခုနှစ်မှစတင်၍ ဧရာဝတီတိုင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် တာဝန်ယူဆောင် ရွက်ခဲ့ကြောင်း ဧရာဝတီတိုင်း တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ရုံးမှတ်တမ်းအရ သိရသည်။
သို့သော် ဦးတင်စောသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခြင်း မရှိခဲ့ကြောင်း စစ်ကောင်စီက ၎င်းကို ပုသိမ်မြို့ ဝန်ကြီးများ အိမ်ယာဝန်းတွင် နေအိမ်အကျယ်ချုပ်အဖြစ် ကွယ်လွန်ချိန် အထိ ဖမ်းဆီးထားခြင်း ဖြစ် သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။
*** ZAWGYI ***
ရခိုင္တိုင္းရင္းသား ေရးရာ ဝန္ႀကီး ဖမ္းဆီးထိန္းသိမ္းခံထားရစဥ္ ကြယ္လြန္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၅ ရက္။
အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီ ၏ ဧရာဝတီတိုင္းအစိုးရအဖြဲ႕ဝင္ ရခိုင္တိုင္းရင္းသားေရးရာ ဝန္ႀကီး (ၿငိမ္း) ဦးတင္ေစာသည္ ဖမ္းဆီးထိန္းသိမ္းခံထားရစဥ္အတြင္း ေအာက္တိုဘာလ ၁၂ ရက္ေန႔ညက ကြယ္လြန္သြားသည္။
ဝန္ႀကီး(ၿငိမ္း) ဦးတင္ေစာသည္ စစ္တပ္က အာဏာစသိမ္းသည့္အခ်ိန္က ထိန္းသိမ္းခံခဲ့ရၿပီး က်န္းမာေရး ယိုယြင္းလာ၍ ရန္ကုန္ေဆး႐ုံႀကီး၌ ေဆးဝါးကုသမႈ ခံယူေနစဥ္ ေအာက္တိုဘာလ ၁၂ရက္ေန႔ ည ၁၀နာရီအခ်ိန္ က ကြယ္လြန္သြားျခင္း ျဖစ္ေၾကာင္း မိသားစုႏွင့္ နီးစပ္သူမ်ား ထံကသိရသည္။
“ဘာေၾကာင့္ ဆုံးသြားလဲ ေမးၾကည့္ေတာ့ က်န္းမာေရး မေကာင္းလို႔ ဆုံးသြားတယ္ပဲ ေျပာတယ္” ဟု မိသားစု ႏွင့္ နီးစပ္သူ ေဒၚ ႀကီးေမ က ေျပာသည္။
ေအာက္တိုဘာ ၁၃ ရက္ေန႔ ၁၀ နာရီဝန္းက်င္ခန႔္က ဝန္ႀကီး၏ နာေရးသတင္းကို ဇာတိၿမိဳ႕ျဖစ္သည့္ ေျမာင္းျမ ၿမိဳ႕တြင္ အသံခ်ဲ႕ စက္ျဖင့္ လိုက္ေၾကျငာသျဖင့္ သိရေၾကာင္း ေျမာင္းျမၿမိဳ႕ခံ အခ်ိဳ႕က ေျပာသည္။
ဖမ္းဆီးခ်ဳပ္ေႏွာင္ထားစဥ္ ေသဆုံးျခင္း ျဖစ္ေသာေၾကာင့္ စစ္ေကာင္စီ အေနျဖင့္ ယခုေသဆုံးမႈ ႏွင့္ ပတ္သက္ ၍ တာဝန္ရွိေၾကာင္း ဧရာဝတီတိုင္း ႏိုင္ငံေရး အက်ဥ္းသားေဟာင္းမ်ား အဖြဲ႕ဝင္ တစ္ဦးက ေျပာသည္။
ဦးတင္ေစာသည္ ယခင္က ၿမိဳ႕နယ္ပညာေရးမႉး အၿငိမ္းစားျဖစ္ၿပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၇၂ ႏွစ္ရွိၿပီ ျဖစ္ သည္။
ဦးတင္ေစာသည္ ၂၀၁၅ ခုႏွစ္မွစတင္၍ ဧရာဝတီတိုင္း ရခိုင္တိုင္းရင္းသားေရးရာ ဝန္ႀကီးအျဖစ္ တာဝန္ယူေဆာင္ ႐ြက္ခဲ့ေၾကာင္း ဧရာဝတီတိုင္း တိုင္းရင္းသားေရးရာ ဝန္ႀကီးဌာန ႐ုံးမွတ္တမ္းအရ သိရသည္။
သို႔ေသာ္ ဦးတင္ေစာသည္ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ပါဝင္ ယွဥ္ၿပိဳင္ျခင္း မရွိခဲ့ေၾကာင္း စစ္ေကာင္စီက ၎ကို ပုသိမ္ၿမိဳ႕ ဝန္ႀကီးမ်ား အိမ္ယာဝန္းတြင္ ေနအိမ္အက်ယ္ခ်ဳပ္အျဖစ္ ကြယ္လြန္ခ်ိန္ အထိ ဖမ္းဆီးထားျခင္း ျဖစ္ သည္ဟု အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္႐ုံး တာဝန္ရွိသူ၏ ေျပာျပခ်က္အရ သိရသည္။