ဆိုင်ကယ်တိုက်ပြီး ရဲသေဆုံးမှုအတွက် ရွာသားခြောက်ဉီးအား ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။

ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်အတွင်း ရဲတစ်ဦး ဆိုင်ကယ်တိုက်ခံရပြီး သေဆုံးမှုအား PDF လက်ချက်ဟု စွပ်စွဲကာ အနီးပတ်ဝန်းကျင်က ဒေသခံရွာသား ၆ ဦး ကို ဖမ်းဆီးစစ်နေသည်။

အောက်တိုဘာ ၁၁ ရက်နေ့ က မောင်းထောင်ကျေးရွာ အနီး စစ်ကောင်စီ ရဲတပ်ဖွဲ့၏ ဆိုင်ကယ်အုပ်စုကို အမည်မသိ ဆိုင်ကယ်သမား တစ်ဦးက နောက်မှ ဝင်တိုက်ပြီး ထွက်ပြေးလွတ်မြောက်သွားသည့်နောက် ယခုကဲ့သို့ ဒေသခံ ရွာသားများကို ဖမ်းဆီးစစ်ဆေးနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“မောင်းထောင်ရွာမှာ PDF တပ်သားတွေ ရှိ တယ် ဆိုပြီး ခေါ်စစ်နေတာ။ ပြန်လွတ်မလာကြသေးဘူး ရွာနီးချုပ် စပ်က သူတွေပါဖမ်းတာ ဆိုတော့ ၆ဦး လောက်ရှိမယ်” ဟု ဒေသခံ တစ်ဦး က ပြောသည်။

ဆိုင်ကယ်တိုက်မှု ဖြစ်ပွားပြီးနောက် ရဲတစ်ဦးသေပြီးနောက် တိုက်သွားသူမှာ PDF ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ခေါင်း ဆောင်က ပြောဆိုပြီးနောက် ရွာသား ၆ ယောက်ကို အောက်တိုဘာလ ၁၂ ရက်နေ့ ဖမ်းဆီးသွားပြီးနောက် စစ်ဆေးနေသည်ဟု ဒေသခံ အချို့ က ပြောသည်။

ဖြစ်စဉ်မှာ အခြားသော ရဲများ ရှိနေသည့် အကြားတွင် ရှေ့မှ သွားနေသော ရဲဆိုင်ကယ်အား နောက်မှ ဆိုင်ကယ်ဖြင့် ဝင်တိုက်ခြင်း ဖြစ်သည်ဟု ရဲများက ရွာသားများကို ပြောသည်။

မောင်းထောင် ကျေးရွာအုပ်စုတွင် လာရောက် စစ်ဆေးသည့် ရဲဆိုင်ကယ် အုပ်စုမှ ရဲအများစုက အရက်မူးနေကြ သည်ဟု ဒေသခံများက ပြောသည်။

ထိုရဲဆိုင်ကယ်အုပ်စုသည် အောက်တိုဘာလ ၁၁ ရက်နေ့ က မောင်းထောင်ကျေးရွာအုပ်စု မှ အပြန် မောင်း ထောင်ရွာထိပ်၊ ပျဉ်းမကုန်း လမ်းမကြီးပေါ်တွင် ရဲတစ်ဦး ဆိုင်ကယ် တိုက်ခံရ၍ သေဆုံးသွားသည် ဆိုသည့် သတင်း ထွက်လာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

*** ZAWGYI ***
ဆိုင္ကယ္တိုက္ၿပီး ရဲေသဆုံးမႈအတြက္ ႐ြာသားေျခာက္ဉီးအား ဖမ္းဆီး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၅ ရက္။

ဧရာဝတီတိုင္း၊ ဇလြန္ၿမိဳ႕နယ္အတြင္း ရဲတစ္ဦး ဆိုင္ကယ္တိုက္ခံရၿပီး ေသဆုံးမႈအား PDF လက္ခ်က္ဟု စြပ္စြဲကာ အနီးပတ္ဝန္းက်င္က ေဒသခံ႐ြာသား ၆ ဦး ကို ဖမ္းဆီးစစ္ေနသည္။

ေအာက္တိုဘာ ၁၁ ရက္ေန႔ က ေမာင္းေထာင္ေက်း႐ြာ အနီး စစ္ေကာင္စီ ရဲတပ္ဖြဲ႕၏ ဆိုင္ကယ္အုပ္စုကို အမည္မသိ ဆိုင္ကယ္သမား တစ္ဦးက ေနာက္မွ ဝင္တိုက္ၿပီး ထြက္ေျပးလြတ္ေျမာက္သြားသည့္ေနာက္ ယခုကဲ့သို႔ ေဒသခံ ႐ြာသားမ်ားကို ဖမ္းဆီးစစ္ေဆးေနျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

“ေမာင္းေထာင္႐ြာမွာ PDF တပ္သားေတြ ရွိ တယ္ ဆိုၿပီး ေခၚစစ္ေနတာ။ ျပန္လြတ္မလာၾကေသးဘူး ႐ြာနီးခ်ဳပ္ စပ္က သူေတြပါဖမ္းတာ ဆိုေတာ့ ၆ဦး ေလာက္ရွိမယ္” ဟု ေဒသခံ တစ္ဦး က ေျပာသည္။

ဆိုင္ကယ္တိုက္မႈ ျဖစ္ပြားၿပီးေနာက္ ရဲတစ္ဦးေသၿပီးေနာက္ တိုက္သြားသူမွာ PDF ျဖစ္ႏိုင္ေၾကာင္း ရဲတပ္ဖြဲ႕ေခါင္း ေဆာင္က ေျပာဆိုၿပီးေနာက္ ႐ြာသား ၆ ေယာက္ကို ေအာက္တိုဘာလ ၁၂ ရက္ေန႔ ဖမ္းဆီးသြားၿပီး ေနာက္ စစ္ ေဆးေနသည္ဟု ေဒသခံ အခ်ိဳ႕ က ေျပာသည္။

ျဖစ္စဥ္မွာ အျခားေသာ ရဲမ်ား ရွိေနသည့္ အၾကားတြင္ ေရွ႕မွ သြားေနေသာ ရဲဆိုင္ကယ္အား ေနာက္မွ ဆိုင္ကယ္ျဖင့္ ဝင္တိုက္ျခင္း ျဖစ္သည္ဟု ရဲမ်ားက ႐ြာသားမ်ားကို ေျပာသည္။

ေမာင္းေထာင္ ေက်း႐ြာအုပ္စုတြင္ လာေရာက္ စစ္ေဆးသည့္ ရဲဆိုင္ကယ္ အုပ္စုမွ ရဲအမ်ားစုက အရက္မူးေနၾက သည္ဟု ေဒသခံမ်ားက ေျပာသည္။

ထိုရဲဆိုင္ကယ္အုပ္စုသည္ ေအာက္တိုဘာလ ၁၁ ရက္ေန႔ က ေမာင္းေထာင္ေက်း႐ြာအုပ္စု မွ အျပန္ ေမာင္း ေထာင္႐ြာထိပ္၊ ပ်ဥ္းမကုန္း လမ္းမႀကီးေပၚတြင္ ရဲတစ္ဦး ဆိုင္ကယ္ တိုက္ခံရ၍ ေသဆုံးသြားသည္ ဆိုသည့္ သတင္း ထြက္လာျခင္းျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။