ရခိုင် ရေဝပ်ဒေသထိန်းသိမ်းရေး ဧရိယာအတွင်း စစ်တပ်ပါဝင် ကင်းလှည့်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။

ရခိုင်ပြည်နယ်ရှိ မြန်မာနိုင်ငံ၏ ဆဋ္ဌမမြောက် ရေဝပ်ဒေသထိန်းသိမ်းရေး-RAMSAR ဒေသဖြစ်သည့် နံ့သာကျွန်းနှင့် မေယုမြစ်ဝတို့တွင် စစ်တပ်က ပါဝင်ပြီး ရှောင်တခင် ကင်းလှည့်စစ်ဆေးမှုများ ပြုလုပ်မည်ဟု ပြည်နယ် သစ်တောဦးစီးဌာန က ပြောသည်။

ရမ်ဆာ ဒေသအတွင်း သစ်ခုတ်ခြင်း၊ အမဲလိုက်ခြင်း၊ ကျူးကျော် ဝင်ရောက်နေထိုင်ခြင်းများ မရှိစေရေးအတွက် စစ်တပ်ကပါဝင်ပြီး ရှောင်တခင် ကင်းလှည့် စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်ဟု ရခိုင်ပြည်နယ် သစ်တောဦးစီး ဌာန တာဝန်ရှိသူက ပြောသည်။

ရခိုင်ပြည်နယ် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်အောင်က “တချို့နေရာတွေက သစ် တောဦးစီးအဖွဲ့တွေ ချည်းပဲသွားဖို့ အခက်အခဲရှိတယ်။ အဲ့ဒီလိုခက်ခဲတဲ့ နေရာတွေ သွား နိုင်ဖို့ အာဏာပိုင်အဖွဲ့ အစည်းတွေနဲ့ စီမံချက်တွေရေးဆွဲပြီး သွားရဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။ ကင်းလှည့် လာမှာကို ကြိုသိ နေကြရင်တော့ စည်းကမ်းမဲ့ လုပ်ဆောင်နေသူတွေ တစ်ယောက်မှတော့ တွေ့ရမယ် မထင်ဘူး“ ဟု ပြောသည်။

ကင်းလှည့်စစ်ဆေးခြင်းကို သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသဆိုင်ရာ အာဏာပိုင်များ အပြင် စစ်တပ်ကပါ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်အောင် က ပြောသည်။

စစ်တပ်ကပါဝင်ပြီး ရှောင်တခင် ကင်းလှည့် စစ်ဆေးမှုများ ပြုလုပ်မည့် ဆဋ္ဌမမြောက် ရမ်ဆာဒေသသည် စစ်တွေမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့ အကြားတွင် တည်ရှိသည်။

အဖိုးတန် သဘာဝနယ်မြေများ ရေရှည်တည်တံ့ရေး၊ စောင့်ရှောက်နိုင်ရေး အတွက် ပြည်သူလူထုကလည်း ဝိုင်း ဝန်းပူးပေါင်း ဆောင်ရွက်ပေးဖို့လိုအပ်သည်ဟု ဦးဇော်ဇော်အောင် က ဆိုသည်။

နံ့သာကျွန်းနှင့် မေယုမြစ်ဝပေါ်တွင် သစ်ခုတ်ခြင်း၊ လိပ်ဥတူးခြင်း၊ ငှက်ထောင်ဖမ်းခြင်းများကို လူအချို့က လုပ် ကိုင် ဆောင်ရွက်လျက်ရှိနေကြသည် ဟု ဒေသခံရွာသားများ က ပြောသည်။

အဆိုပါနေရာဒေသ အနီးတဝိုက်တွင် ကျေးရွာပေါင်း (၈) ရွာ ခန့်ရှိပြီး ဒေသခံများမှာလည်း ၎င်းကျွန်းပေါ်တွင် နေထိုင်ကာ လုပ်ကိုင်စားသောက်လျှက်ရှိသည်။

ကမ္ဘာ့အဆင့် အရေးပါသည့် ရမ်ဆာ ရေဝပ်ဒေသထိန်းသိမ်းရေးနယ်မြေ (Ramsar Site) အဖြစ် နံ့သာကျွန်းနှင့် မေယုမြစ်ဝကို ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲနေ့ (International Day for Biological Diversity) ဖြစ်သည့် ၂၀၂၀ ခုနှစ်၊ မေ ၂၂ ရက်နေ့ တွင် ရမ်ဆာရေဝပ်ဒေသထိန်းသိမ်းရေးနယ်မြေ အဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

နံ့သာကျွန်းနှင့် မေယုမြစ်၀သည် ဧရိယာအားဖြင့် ၈၉၁၆ ဧကခန့်သာ ကျယ်ဝန်းသော်လည်း ငါး၊ ပုစွန်၊ ခရု၊ ဂဏာန်း စသည်တို့ ပေါကြွယ်ဝသော ရွှံ့နွံတော၊ လဟာပြင်များရှိပြီး ဇီ၀ မျိုးစုံမျိုးကွဲများ စုံလင်သည့် နေရာ တစ်ခုဖြစ်သည်။

အထူးသဖြင့် ကမ္ဘာပေါ်တွင် မျိုးတုံးလုနီးပါး အန္တရာယ်ရှိနေပြီး အကောင်ရေအားဖြင့် ၄၀၀ ခန့် သာ ကျန်ရှိတော့ သည့် ရေညှောင့်နှုတ်ဝိုင်း ငှက်ကောင်ရေ ၂၃ ကောင်မှ ၃၆ ကောင်ခန့် အထိ နှစ်စဉ်လာရောက် ဆောင်းခိုလေ့ရှိ သည့် နေရာလည်း ဖြစ်သည်။

မျိုးတုံးရန် အန္တရာယ်ရှိနေသည့် ပင်လယ်လိပ်ကြီးများလည်း တက်ရောက် ဥ ဥကျက်စားလေ့ရှိသည့် နေရာတစ်ခု ဖြစ်ကြောင်းလည်း သိရသည်။

*** ZAWGYI ***
ရခိုင္ ေရဝပ္ေဒသထိန္းသိမ္းေရး ဧရိယာအတြင္း စစ္တပ္ပါဝင္ ကင္းလွည့္မည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၅ ရက္။

ရခိုင္ျပည္နယ္ရွိ ျမန္မာႏိုင္ငံ၏ ဆ႒မေျမာက္ ေရဝပ္ေဒသထိန္းသိမ္းေရး-RAMSAR ေဒသျဖစ္သည့္ နံ႔သာကြၽန္းႏွင့္ ေမယုျမစ္ဝတို႔တြင္ စစ္တပ္က ပါဝင္ၿပီး ေရွာင္တခင္ ကင္းလွည့္စစ္ေဆးမႈမ်ား ျပဳလုပ္မည္ဟု ျပည္နယ္ သစ္ေတာဦးစီးဌာန က ေျပာသည္။

ရမ္ဆာ ေဒသအတြင္း သစ္ခုတ္ျခင္း၊ အမဲလိုက္ျခင္း၊ က်ဴးေက်ာ္ ဝင္ေရာက္ေနထိုင္ျခင္းမ်ား မရွိေစေရးအတြက္ စစ္တပ္ကပါဝင္ၿပီး ေရွာင္တခင္ ကင္းလွည့္ စစ္ေဆးမႈမ်ား ျပဳလုပ္မည္ျဖစ္သည္ဟု ရခိုင္ျပည္နယ္ သစ္ေတာဦးစီး ဌာန တာဝန္ရွိသူက ေျပာသည္။

ရခိုင္ျပည္နယ္ သစ္ေတာဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးေဇာ္ေဇာ္ေအာင္က “တခ်ိဳ႕ေနရာေတြက သစ္ ေတာဦးစီးအဖြဲ႕ေတြ ခ်ည္းပဲသြားဖို႔ အခက္အခဲရွိတယ္။ အဲ့ဒီလိုခက္ခဲတဲ့ ေနရာေတြ သြား ႏိုင္ဖို႔ အာဏာပိုင္အဖြဲ႕ အစည္းေတြနဲ႔ စီမံခ်က္ေတြေရးဆြဲၿပီး သြားရဖို႔ အစီအစဥ္ေတြလည္း ရွိပါတယ္။ ကင္းလွည့္ လာမွာကို ႀကိဳသိ ေနၾကရင္ေတာ့ စည္းကမ္းမဲ့ လုပ္ေဆာင္ေနသူေတြ တစ္ေယာက္မွေတာ့ ေတြ႕ရမယ္ မထင္ဘူး“ ဟု ေျပာသည္။

ကင္းလွည့္စစ္ေဆးျခင္းကို သစ္ေတာဦးစီးဌာနမွ ဝန္ထမ္းမ်ား၊ ေဒသဆိုင္ရာ အာဏာပိုင္မ်ား အျပင္ စစ္တပ္ကပါ ပူးေပါင္း ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးေဇာ္ေဇာ္ေအာင္ က ေျပာသည္။

စစ္တပ္ကပါဝင္ၿပီး ေရွာင္တခင္ ကင္းလွည့္ စစ္ေဆးမႈမ်ား ျပဳလုပ္မည့္ ဆ႒မေျမာက္ ရမ္ဆာေဒသသည္ စစ္ေတြၿမိဳ႕နယ္ႏွင့္ ရေသ့ေတာင္ၿမိဳ႕နယ္တို႔ အၾကားတြင္ တည္ရွိသည္။

အဖိုးတန္ သဘာဝနယ္ေျမမ်ား ေရရွည္တည္တံ့ေရး၊ ေစာင့္ေရွာက္ႏိုင္ေရး အတြက္ ျပည္သူလူထုကလည္း ဝိုင္း ဝန္းပူးေပါင္း ေဆာင္႐ြက္ေပးဖို႔လိုအပ္သည္ဟု ဦးေဇာ္ေဇာ္ေအာင္ က ဆိုသည္။

နံ႔သာကြၽန္းႏွင့္ ေမယုျမစ္ဝေပၚတြင္ သစ္ခုတ္ျခင္း၊ လိပ္ဥတူးျခင္း၊ ငွက္ေထာင္ဖမ္းျခင္းမ်ားကို လူအခ်ိဳ႕က လုပ္ ကိုင္ ေဆာင္႐ြက္လ်က္ရွိေနၾကသည္ ဟု ေဒသခံ႐ြာသားမ်ား က ေျပာသည္။

အဆိုပါေနရာေဒသ အနီးတဝိုက္တြင္ ေက်း႐ြာေပါင္း (၈) ႐ြာ ခန႔္ရွိၿပီး ေဒသခံမ်ားမွာလည္း ၎ကြၽန္းေပၚတြင္ ေနထိုင္ကာ လုပ္ကိုင္စားေသာက္လွ်က္ရွိသည္။

ကမာၻ႔အဆင့္ အေရးပါသည့္ ရမ္ဆာ ေရဝပ္ေဒသထိန္းသိမ္းေရးနယ္ေျမ (Ramsar Site) အျဖစ္ နံ႔သာကြၽန္းႏွင့္ ေမယုျမစ္ဝကို ကမာၻ႔ဇီဝမ်ိဳးစုံမ်ိဳးကြဲေန႔ (International Day for Biological Diversity) ျဖစ္သည့္ ၂၀၂၀ ခုႏွစ္၊ ေမ ၂၂ ရက္ေန႔ တြင္ ရမ္ဆာေရဝပ္ေဒသထိန္းသိမ္းေရးနယ္ေျမ အျဖစ္ သတ္မွတ္လိုက္ျခင္း ျဖစ္သည္။

နံ႔သာကြၽန္းႏွင့္ ေမယုျမစ္၀သည္ ဧရိယာအားျဖင့္ ၈၉၁၆ ဧကခန႔္သာ က်ယ္ဝန္းေသာ္လည္း ငါး၊ ပုစြန္၊ ခ႐ု၊ ဂဏာန္း စသည္တို႔ ေပါႂကြယ္ဝေသာ ႐ႊံ႕ႏြံေတာ၊ လဟာျပင္မ်ားရွိၿပီး ဇီ၀ မ်ိဳးစုံမ်ိဳးကြဲမ်ား စုံလင္သည့္ ေနရာ တစ္ခုျဖစ္သည္။

အထူးသျဖင့္ ကမာၻေပၚတြင္ မ်ိဳးတုံးလုနီးပါး အႏၲရာယ္ရွိေနၿပီး အေကာင္ေရအားျဖင့္ ၄၀၀ ခန႔္ သာ က်န္ရွိေတာ့ သည့္ ေရေညႇာင့္ႏႈတ္ဝိုင္း ငွက္ေကာင္ေရ ၂၃ ေကာင္မွ ၃၆ ေကာင္ခန႔္ အထိ ႏွစ္စဥ္လာေရာက္ ေဆာင္းခိုေလ့ရွိ သည့္ ေနရာလည္း ျဖစ္သည္။

မ်ိဳးတုံးရန္ အႏၲရာယ္ရွိေနသည့္ ပင္လယ္လိပ္ႀကီးမ်ားလည္း တက္ေရာက္ ဥ ဥက်က္စားေလ့ရွိသည့္ ေနရာတစ္ခု ျဖစ္ေၾကာင္းလည္း သိရသည္။