သတင်းပေးဆိုသူ တစ်ဦး ပုသိမ်တွင် ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။
ပုသိမ်မြို့ အမှတ် ၈ ရပ်ကွက် မှ စစ်ကောင်စီ သတင်းပေးဟု နာမည်ထွက်နေသူ တစ်ဦး အောက်တိုဘာ ၁၄ ရက်နေ့ ည ၇ နာရီခန့် က ပစ်သတ်ခံ လိုက်ရသည်။
အမှတ် ၈ ရပ်ကွက် မငြိမ်းလှကုန်းရပ်တွင် နေထိုင်သူ အသက် ၄၅ နှစ် ဝန်းကျင်ရှိ ဦးအောင်စိုး ဆိုသူကို အမည် မသိ သေနတ်သမားများ က ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ပစ်သတ်သွားခြင်းဖြစ်သည်ဟု ဒေသခံများ က ပြော သည်။
“သေနတ်သံ သုံးချက်ကြားရတယ်။ နောက် ဆိုင်ကယ်တစ်စီး မောင်းထွက်သွားတယ်။ ရပ်ကွက်ထဲက လူတွေ သွားကြည့်တော့ ကိုအောင်စိုး က သွေးတွေနဲ့ လဲနေတယ်၊ လဲကျနေတဲ့ နေရာမှာပဲ ပွဲချင်းပြီးသေတယ်” ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦး က ပြောသည်။
ဦးအောင်စိုးသည် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် ဖြစ်ပြီး စစ်တပ်၊ ရဲတပ်ဖွဲ့များနှင့် ပေါင်းကာ ရပ်ကွက်တွင်း နေထိုင်သူများကို အနိုင်ကျင့်တတ်သူဖြစ်ကြောင်း ၎င်း၏ သတင်းပေးမှုကြောင့်လည်း စစ်အာဏာ သိမ်းမှု ဆန့်ကျင် ဆန္ဒပြသူ အချို့ အဖမ်းခံထားရသည်ဟု ရပ်ကွက်အတွင်း နေထိုင်သူ အချို့က ပြောသည်။
အသက် ၅၀ နှစ် အရွယ် မြို့ခံ ဦးရဲဝင်း က “PDF တွေက သူတို့ ရှင်းလိုက်တယ်လို့ ထုတ်ပြန်ထားတယ်။ ဝန်ခံထား တယ်။ ဒါပေမယ့် စစ်တပ်နဲ့ ရဲက မဆိုင်သူလည်း ဖမ်းကြတော့ ရပ်ကွက်ထဲမှာ စိုးရိမ်နေကြတယ်” ဟု ပြော သည်။
ပုသိမ်မြို့ ပြောက်ကျားတပ်ဖွဲ့ (PSTF) ကလည်း တော်လှန်ရေးအတွက် အောင်စိုး ကို ရှင်းလင်း သုတ်သင်ခဲ့ သည် ဟု အောက်တိုဘာ ၁၄ ရက်နေ့ ညမှာပင် သတင်းထုတ်ပြန် ခဲ့သည်။
ပုသိမ်မြို့တွင် စစ်ကောင်စီ သတင်းပေး ဦးအောင်စီုး ပစ်သတ်ခံရမှုမှာ ဒုတိယ အကြိမ်မြောက် ဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်နေ့က ပုသိမ်မြို့ တစ်ဘက်ကမ်းက ဒလန်ဟု လူပြောများနေသူ ကြံခိုင်ရေးပါတီ မြို့နယ် စည်းရုံးမှူး ဦးကျော်သိန်းထွန်း ပစ်ခတ်ခံ ခဲ့ရသည်။
*** ZAWGYI ***
သတင္းေပးဆိုသူ တစ္ဦး ပုသိမ္တြင္ ပစ္သတ္ခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၅ ရက္။
ပုသိမ္ၿမိဳ႕ အမွတ္ ၈ ရပ္ကြက္ မွ စစ္ေကာင္စီ သတင္းေပးဟု နာမည္ထြက္ေနသူ တစ္ဦး ေအာက္တိုဘာ ၁၄ ရက္ေန႔ ည ၇ နာရီခန႔္ က ပစ္သတ္ခံ လိုက္ရသည္။
အမွတ္ ၈ ရပ္ကြက္ မၿငိမ္းလွကုန္းရပ္တြင္ ေနထိုင္သူ အသက္ ၄၅ ႏွစ္ ဝန္းက်င္ရွိ ဦးေအာင္စိုး ဆိုသူကို အမည္ မသိ ေသနတ္သမားမ်ား က ဆိုင္ကယ္ျဖင့္ ေရာက္ရွိလာၿပီး ပစ္သတ္သြားျခင္းျဖစ္သည္ဟု ေဒသခံမ်ား က ေျပာ သည္။
“ေသနတ္သံ သုံးခ်က္ၾကားရတယ္။ ေနာက္ ဆိုင္ကယ္တစ္စီး ေမာင္းထြက္သြားတယ္။ ရပ္ကြက္ထဲက လူေတြ သြားၾကည့္ေတာ့ ကိုေအာင္စိုး က ေသြးေတြနဲ႔ လဲေနတယ္၊ လဲက်ေနတဲ့ ေနရာမွာပဲ ပြဲခ်င္းၿပီးေသတယ္” ဟု မ်က္ျမင္ေတြ႕ရွိသူ ေဒသခံတစ္ဦး က ေျပာသည္။
ဦးေအာင္စိုးသည္ ျပည္ေထာင္စု ႀကံခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရး ပါတီဝင္ ျဖစ္ၿပီး စစ္တပ္၊ ရဲတပ္ဖြဲ႕မ်ားႏွင့္ ေပါင္းကာ ရပ္ကြက္တြင္း ေနထိုင္သူမ်ားကို အႏိုင္က်င့္တတ္သူျဖစ္ေၾကာင္း ၎၏ သတင္းေပးမႈေၾကာင့္လည္း စစ္အာဏာ သိမ္းမႈ ဆန႔္က်င္ ဆႏၵျပသူ အခ်ိဳ႕ အဖမ္းခံထားရသည္ဟု ရပ္ကြက္အတြင္း ေနထိုင္သူ အခ်ိဳ႕က ေျပာသည္။
အသက္ ၅၀ ႏွစ္ အ႐ြယ္ ၿမိဳ႕ခံ ဦးရဲဝင္း က “PDF ေတြက သူတို႔ ရွင္းလိုက္တယ္လို႔ ထုတ္ျပန္ထားတယ္။ ဝန္ခံထား တယ္။ ဒါေပမယ့္ စစ္တပ္နဲ႔ ရဲက မဆိုင္သူလည္း ဖမ္းၾကေတာ့ ရပ္ကြက္ထဲမွာ စိုးရိမ္ေနၾကတယ္” ဟု ေျပာ သည္။
ပုသိမ္ၿမိဳ႕ ေျပာက္က်ားတပ္ဖြဲ႕ (PSTF) ကလည္း ေတာ္လွန္ေရးအတြက္ ေအာင္စိုး ကို ရွင္းလင္း သုတ္သင္ခဲ့ သည္ ဟု ေအာက္တိုဘာ ၁၄ ရက္ေန႔ ညမွာပင္ သတင္းထုတ္ျပန္ ခဲ့သည္။
ပုသိမ္ၿမိဳ႕တြင္ စစ္ေကာင္စီ သတင္းေပး ဦးေအာင္စီုး ပစ္သတ္ခံရမႈမွာ ဒုတိယ အႀကိမ္ေျမာက္ ျဖစ္ၿပီး ၿပီးခဲ့သည့္ စက္တင္ဘာ ၂၃ ရက္ေန႔က ပုသိမ္ၿမိဳ႕ တစ္ဘက္ကမ္းက ဒလန္ဟု လူေျပာမ်ားေနသူ ႀကံခိုင္ေရးပါတီ ၿမိဳ႕နယ္ စည္း႐ုံးမႉး ဦးေက်ာ္သိန္းထြန္း ပစ္ခတ္ခံ ခဲ့ရသည္။