ထားဝယ်ခရိုင် မြို့နယ်အချို့မှ နိုင်ငံခြားသားများ ထွက်ခွာရန် ညွှန်ကြား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။
လုံခြုံရေးအခြေအနေ စိုးရိမ်ရသဖြင့် ထားဝယ်ခရိုင် အတွင်း နေထိုင်ကြသည့် နိုင်ငံခြားသားများ ကို ထွက်ခွာပေးရန် ညွန်ကြားထားသည်ဟု တနင်္သာရီတိုင်းကောင်စီ လူမှုရေးဝန်ကြီး က ပြောသည်။
ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်များမှ နိုင်ငံခြားသားများ ထွက်ခွာရန် အောက်တိုဘာ ၁၁ရက်နေ့ ကတည်းက ညွှန်ကြားထားခြင်းဖြစ်သည်ဟု တိုင်းကောင်စီ လူမှုရေးဝန်ကြီး ဦးယဉ် ထွေး က ပြောသည်။
ထိုကိစ္စနှင့် ပတ်သက်၍ လောင်းလုံးမြို့တွင် နေထိုင်သူ နိုင်ငံခြားဘာသာ စကားပြန်လုပ်ကိုင်နေသူတစ်ဦး က
“တိုင်းကောင်စီက အမေရိကန် နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ သတ်မှတ်မြို့နယ်ထဲက အမြန်ထွက်ခွာသွားဖို့ လာ အကြောင်းကြားလို့ အတော်များများ ပြန်သွားကြပြီ“ ဟု ပြောသည်။
အဆိုပါ သုံးမြို့နယ်အတွင်း စီးပွားရေးလုပ်ငန်းကုမ္ပဏီများ ထူထောင်ကာ နိုင်ငံခြားသားများ အခြေချနေထိုင် လျက်ရှိသည်။
နိုင်ငံကူးလက်မှတ်-passport သက်တမ်း မကုန်သေးသူ နိုင်ငံခြားသားများအနေဖြင့် ယင်းသုံးမြို့နယ်မှ လွဲ၍ အခြား မြို့နယ်များသို့ ပြောင်းရွှေ့နေထိုင်၍ရကြောင်း ဦးယဉ်ထွေးက ပြောသည်။
နိုင်ငံခြားသားများ ထွက်ခွာရန် အချိန်သတ်မှတ်ထားခြင်းမရှိသော်လည်း အမြန်ဆုံးထွက်ခွာပေးရမည် ဖြစ် ကြောင်း ဦးယဉ်ထွေးကပြောသည်။
သရက်ချောင်းမြို့နယ်အတွင်း နယ်မြေခံ TYC-PDF နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ အကြား မကြာခဏ နှစ်ဖက် အပြန် အလှန် ပစ်ခတ်မူများ ဖြစ်ပွားလျက်ရှိနေပြီး လောင်းလုံးနှင့် ထားဝယ်မြို့နယ်တို့တွင်လည်း ပေါက်ကွဲမှုများ၊ အသတ်ခံရသည့် အမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
နိုင်ငံခြားသားများ၏ လုံခြုံရေး အာမခံချက်မရှိဟုဆိုကာ အမေရိကန်သံရုံးကလည်း ယင်းနေရာသုံးနေရာက ၎င်း တို့၏ နိုင်ငံသားများကို အမြန်ဆုံးထွက်ခွာကြဖို့ အောက်တိုဘာလ ၁၄ ရက် က သတိပေးချက် ထုတ်ပြန်ထား သည်။
*** ZAWGYI ***
ထားဝယ္ခ႐ိုင္ ၿမိဳ႕နယ္အခ်ိဳ႕မွ ႏိုင္ငံျခားသားမ်ား ထြက္ခြာရန္ ၫႊန္ၾကား
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၅ ရက္။
လုံၿခဳံေရးအေျခအေန စိုးရိမ္ရသျဖင့္ ထားဝယ္ခ႐ိုင္ အတြင္း ေနထိုင္ၾကသည့္ ႏိုင္ငံျခားသားမ်ား ကို ထြက္ခြာေပးရန္ ၫြန္ၾကားထားသည္ဟု တနသၤာရီတိုင္းေကာင္စီ လူမႈေရးဝန္ႀကီး က ေျပာသည္။
ထားဝယ္၊ ေလာင္းလုံး၊ သရက္ေခ်ာင္းၿမိဳ႕နယ္မ်ားမွ ႏိုင္ငံျခားသားမ်ား ထြက္ခြာရန္ ေအာက္တိုဘာ ၁၁ရက္ေန႔ ကတည္းက ၫႊန္ၾကားထားျခင္းျဖစ္သည္ဟု တိုင္းေကာင္စီ လူမႈေရးဝန္ႀကီး ဦးယဥ္ ေထြး က ေျပာသည္။
ထိုကိစၥႏွင့္ ပတ္သက္၍ ေလာင္းလုံးၿမိဳ႕တြင္ ေနထိုင္သူ ႏိုင္ငံျခားဘာသာ စကားျပန္လုပ္ကိုင္ေနသူတစ္ဦး က
“တိုင္းေကာင္စီက အေမရိကန္ ႏိုင္ငံသားေတြနဲ႔ ႏိုင္ငံျခားသားေတြ သတ္မွတ္ၿမိဳ႕နယ္ထဲက အျမန္ထြက္ခြာသြားဖို႔ လာ အေၾကာင္းၾကားလို႔ အေတာ္မ်ားမ်ား ျပန္သြားၾကၿပီ“ ဟု ေျပာသည္။
အဆိုပါ သုံးၿမိဳ႕နယ္အတြင္း စီးပြားေရးလုပ္ငန္းကုမၸဏီမ်ား ထူေထာင္ကာ ႏိုင္ငံျခားသားမ်ား အေျခခ်ေနထိုင္ လ်က္ရွိသည္။
ႏိုင္ငံကူးလက္မွတ္-passport သက္တမ္း မကုန္ေသးသူ ႏိုင္ငံျခားသားမ်ားအေနျဖင့္ ယင္းသုံးၿမိဳ႕နယ္မွ လြဲ၍ အျခား ၿမိဳ႕နယ္မ်ားသို႔ ေျပာင္းေ႐ႊ႕ေနထိုင္၍ရေၾကာင္း ဦးယဥ္ေထြးက ေျပာသည္။
ႏိုင္ငံျခားသားမ်ား ထြက္ခြာရန္ အခ်ိန္သတ္မွတ္ထားျခင္းမရွိေသာ္လည္း အျမန္ဆုံးထြက္ခြာေပးရမည္ ျဖစ္ ေၾကာင္း ဦးယဥ္ေထြးကေျပာသည္။
သရက္ေခ်ာင္းၿမိဳ႕နယ္အတြင္း နယ္ေျမခံ TYC-PDF ႏွင့္ စစ္ေကာင္စီတပ္ဖြဲ႕တို႔ အၾကား မၾကာခဏ ႏွစ္ဖက္ အျပန္ အလွန္ ပစ္ခတ္မူမ်ား ျဖစ္ပြားလ်က္ရွိေနၿပီး ေလာင္းလုံးႏွင့္ ထားဝယ္ၿမိဳ႕နယ္တို႔တြင္လည္း ေပါက္ကြဲမႈမ်ား၊ အသတ္ခံရသည့္ အမႈမ်ား မၾကာခဏ ျဖစ္ပြားလ်က္ရွိသည္။
ႏိုင္ငံျခားသားမ်ား၏ လုံၿခဳံေရး အာမခံခ်က္မရွိဟုဆိုကာ အေမရိကန္သံ႐ုံးကလည္း ယင္းေနရာသုံးေနရာက ၎ တို႔၏ ႏိုင္ငံသားမ်ားကို အျမန္ဆုံးထြက္ခြာၾကဖို႔ ေအာက္တိုဘာလ ၁၄ ရက္ က သတိေပးခ်က္ ထုတ္ျပန္ထား သည္။