ဝါးခယ်မ ရဲကင်း ဗုံးခွဲ တိုက်ခိုက်ခံရ၊ ထိခိုက်မှု မရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်။

ဧရာဝတီတိုင်း ဒေသကြီး၊ ဝါးခယ်မမြို့၊ ရဲကင်းတစ်ခုတွင် အောက်တိုဘာ ၁၆ ရက်နေ့၊ နံနက် ၆ နာရီ ခွဲ အချိန်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်။

ဝါးခယ်မမြို့နယ်၊ ရွေလောင်းတံတား အဆင်းရှိ ရဲကင်းစခန်းကို မြစ်ဝ ကျွန်းပေါ် ပြောက်ကျား စစ်ဆင်ရေး တပ် ပေါင်းစု နှင့် ဝါးခယ်မမြို့နယ် STF( special task force) တို့က ဗုံးခွဲခဲ့ခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန် ထား သည်။

ရွှေလောင်းကျေးရွာ တံတား အဆင်းအတက်တွင် စစ်ဆေးသည့် ယာယီ ဝါး-ဓနိ ကင်းတဲ တစ်ခုကို လက်လုပ်မိုင်းဖြင့် ဖောက်ခွဲ ဖျက် ဆီး ခံရခြင်း ဖြစ်သည်ဟု စစ်ကောင်စီတပ်ဖွဲ့နှင့် နီးစပ်သူ အချို့က ပြောသည်။

“အဲ့ကင်းတဲက လူအမြဲစောင့်တဲ့ ကင်းတဲမဟုတ်ဘူး။ တစ်ခါတစ်လေပဲ စောင့်ကြတာဆိုတော့ လူမထိတာ” ဟု ရွှေလောင်းကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာသို့ စစ်ကောင်စီ တပ်ဖွဲ့က အင်အား ၂၀ ခန့်ဖြင့် ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ် ခဲ့သော်လည်း ဖမ်းဆီးခံရသူ မရှိဘူးဟု ဒေသခံများက ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ PDF တပ်ဖွဲ့များက ပုသိမ်မြို့ရှိ သင်္ဘောကျဉ်း နယ်မြေ ရဲစခန်းကို စက်တင်ဘာ လ ဒုတိယအပတ်တုန်းက ဗုံးနှစ်လုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ယခုလ အောက်တိုဘာ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် မအူပင်မြို့မ ရဲစခန်းကို ဗုံးနှစ်လုံးခြင့် ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။

ထိုဖောက်ခွဲ တိုက်ခိုက်မှုတွင် မည်သူမျှ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ဟု ဒေသခံများက ဆိုသည်။

*** ZAWGYI ***
ဝါးခယ္မ ရဲကင္း ဗုံးခြဲ တိုက္ခိုက္ခံရ၊ ထိခိုက္မႈ မရွိ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၈ ရက္။

ဧရာဝတီတိုင္း ေဒသႀကီး၊ ဝါးခယ္မၿမိဳ႕၊ ရဲကင္းတစ္ခုတြင္ ေအာက္တိုဘာ ၁၆ ရက္ေန႔၊ နံနက္ ၆ နာရီ ခြဲ အခ်ိန္ခန႔္က ဗုံးေပါက္ကြဲမႈ ျဖစ္ပြားသည္။

ဝါးခယ္မၿမိဳ႕နယ္၊ ေ႐ြေလာင္းတံတား အဆင္းရွိ ရဲကင္းစခန္းကို ျမစ္ဝ ကြၽန္းေပၚ ေျပာက္က်ား စစ္ဆင္ေရး တပ္ ေပါင္းစု ႏွင့္ ဝါးခယ္မၿမိဳ႕နယ္ STF( special task force) တို႔က ဗုံးခြဲခဲ့ျခင္း ျဖစ္သည္ဟု သတင္းထုတ္ျပန္ ထား သည္။

ေ႐ႊေလာင္းေက်း႐ြာ တံတား အဆင္းအတက္တြင္ စစ္ေဆးသည့္ ယာယီ ဝါး-ဓနိ ကင္းတဲ တစ္ခုကို လက္လုပ္မိုင္းျဖင့္ ေဖာက္ခြဲ ဖ်က္ ဆီး ခံရျခင္း ျဖစ္သည္ဟု စစ္ေကာင္စီတပ္ဖြဲ႕ႏွင့္ နီးစပ္သူ အခ်ိဳ႕က ေျပာသည္။

“အဲ့ကင္းတဲက လူအၿမဲေစာင့္တဲ့ ကင္းတဲမဟုတ္ဘူး။ တစ္ခါတစ္ေလပဲ ေစာင့္ၾကတာဆိုေတာ့ လူမထိတာ” ဟု ေ႐ႊေလာင္းေက်း႐ြာက ေဒသခံတစ္ဦးက ေျပာသည္။

ေပါက္ကြဲမႈျဖစ္ပြားခဲ့သည့္ ေနရာသို႔ စစ္ေကာင္စီ တပ္ဖြဲ႕က အင္အား ၂၀ ခန႔္ျဖင့္ ပိတ္ဆို႔ စစ္ေဆးမႈမ်ား ျပဳလုပ္ ခဲ့ေသာ္လည္း ဖမ္းဆီးခံရသူ မရွိဘူးဟု ေဒသခံမ်ားက ဆိုသည္။

ဧရာဝတီတိုင္းေဒသႀကီးအတြင္း၌ PDF တပ္ဖြဲ႕မ်ားက ပုသိမ္ၿမိဳ႕ရွိ သေဘၤာက်ဥ္း နယ္ေျမ ရဲစခန္းကို စက္တင္ဘာ လ ဒုတိယအပတ္တုန္းက ဗုံးႏွစ္လုံးေဖာက္ခြဲ တိုက္ခိုက္ခဲ့ၿပီး ယခုလ ေအာက္တိုဘာ ၁၆ ရက္ေန႔ နံနက္ပိုင္းတြင္ မအူပင္ၿမိဳ႕မ ရဲစခန္းကို ဗုံးႏွစ္လုံးျခင့္ ထပ္မံေဖာက္ခြဲ တိုက္ခိုက္ခဲ့သည္။

ထိုေဖာက္ခြဲ တိုက္ခိုက္မႈတြင္ မည္သူမွ် ထိခိုက္ဒဏ္ရာ ရရွိမႈ မရွိခဲ့ဟု ေဒသခံမ်ားက ဆိုသည္။