ရခိုင်နှင့် မကွေးကြား စစ်ဆေးမှု တင်းကြပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်။

ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးအကြားတွင် စစ်ဆေးမှုများ တင်းကြပ် လျှက်ရှိပြီး ကုန်စည် တင်ပို့ရာတွင်လည်း ခြောက်ဘီးကားများသာ သွားလာခွင့်ရ၍ ဆယ်ဘီးနှင့် ဆယ့်နှစ်ဘီး ယာဉ်များ သွားလာခွင့် မရရှိဟု ယာဉ်မောင်းများက ပြောသည်။

ရခိုင်ပြည်နယ်သို့ မကွေးတိုင်းဒေသကြီးမှ ကူးသန်းသွားလာရာတွင် မှတ်ပုံတင်မူရင်း၊ ကျေးရွာ၊ ရပ်ကွက်များက ထောက်ခံစာ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားပြည့်စုံမှသာ သွားလာခွင့်ရသည်ဟု ယာဉ်မောင်းတစ်ဦး က ပြောသည်။

အမ်းမြို့က အသက်(၄၅)ခန့်ရှိ ခရီးသည် တစ်ဦးက “အထောက်အထား ပြည့်စုံတဲ့ ကုန်ကားတွေက မိုးကာလှန် ပြ ရတယ်။ လူစီးကားတွေကတော့ ခရီးသည် တစ်ဦး ချင်း စစ်ဆေးပြီး ပါတဲ့ ခရီးဆောင် အိပ်တွေပါ စစ်ဆေးကြ တယ်” ဟု ပြောသည်။

မကွေး ဧရာဝတီ အရှေ့၊ အနောက်ထိပ်တို့တွင် စစ်ဆေးခြင်း၊ ငဖဲမြို့နယ် ဂုတ်ကြီးဘက်သို့ စတင်တက်မည် နေရာ တွင် စစ်ဆေးခြင်း၊ ရခိုင်ပြည်နယ် ကန်မြင့်ကန်စခန်းနှင့် အမ်းမြို့အဝင်တို့တွင် စစ်တပ်၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်း တပ် ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ မူးယစ်တပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး စသည် အဖွဲ့များက စစ်ဆေးနေမှုများ ပြုလုပ်နေ သည်ဟု ခရီးသည်များနှင့် ယာဉ်မောင်းများက ပြောသည်။

ယခင်က မကွေးမှ ရခိုင်ပြည်နယ် အမ်းမြို့အထိ မိုးမရွာ၊ တောင်မပြိုလျှင် ခြောက်နာရီခွဲခန့်သာ မောင်းရပြီး ယခု စစ်ဆေးရေးဂိတ်များလာပြီး တင်ကြပ်နေသဖြင့် နံနက်ပိုင်းတွင် ကားစထွက်ရာ ညနေမှသာ ရောက်သည်ဟု ယာဉ်မောင်းတစ်ဦး က ပြောသည်။

ရခိုင်ပြည်နယ်သို့ မကွေးတိုင်းအတွင်းမှ ကြက်သွန်နီ၊ ငရုပ်သီးစိမ်းနှင့် စားသောက်ကုန်များကို ပို့ပေးရပြီး ရခိုင် ပြည်နယ်မှ ဆန်၊ ဖွဲနု၊ ပင်လယ်စာနှင့် ငါးခြောက်များ ပြန်တင်၍ မန္တလေးတိုင်းဒေသကြီး အထိ တင်ပို့ရသည်ဟု ကုန်တင်ယာဉ်မောင်းများက ပြောသည်။

အသက် ၃၀ ကျော် ကုန်တင်ကားမောင်းသူ တစ်ဦးက “ဒီလို မိုးတွင်းကာလမှာ ခြောက်ဘီးကားတွေဘဲ တက်ခွင့် ရသေးတယ်။ ဆယ်ဘီး ဆယ်နှစ်ဘီးကားတွေက ပွင့် လင်းရာသီရောက်မှ တက်ခွင့်ရတာ။ အခုကာလမှာ အစစ် အဆေးကလည်း အရမ်းတင်းကြပ်တယ်။ စားသုံးဆီ များများသယ်ခွင့်တို့ ဟင်းချို့မှုန့်တို့ သယ်လို့မရဘူး။ အပြန်ကုန်မရလို့ ခါလီပြန်ရတွေလည်းရှိတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် အမ်းမြို့အဝင် ကြိုးတံတားကို ဖြတ်သန်းရန် ကုန်အလေးချိန် သတ်မှတ်ချက်ရှိသဖြင့် ကုန်စည်များ ကို ထော်လာဂျီများ၊ ကားအငယ်များဖြင့် တစ်စီးမှ တစ်စီး တဆင့် ကဲ့၍သယ်ရခြင်း၊ ကုန်တင်ကုန်ချ လုပ်သား အခက်အခဲဖြစ်ခြင်းတို့ကြောင့် သုံးရက်အထိ ကြာပြီး မိုးရွာသွန်းမှုများ၍ တောင်ကမ်းပါးယံများ ပြိုကျမှုများ ဖြစ် နေပါက ရက်ပို၍ ရှည်ကြာသည်ဟု ဆိုကြသည်။

လမ်းပန်းဆက်သွယ်ရေး အနေဖြင့်လည်း မကွေးတိုင်းနှင့် ရခိုင်ပြည်နယ် အစပ်အထိ လမ်းကောင်းမွန်သော် လည်း ရခိုင်ပြည်နယ်ထဲသို့ ဝင်ရောက်သည့် လမ်းမကြီးက ကျဉ်းမြှောင်းခြင်း လမ်းပိုင်းများ ပျက်စီးနေခြင်း ကြောင့် ခရီးလမ်း ပိုမိုကြန့်ကြာမှုများ ရှိနေသည်ဟု ယာဉ်မောင်းများ က ပြောသည်။

ထိုသို့ စစ်ဆေးမှုများ တင်းကြပ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းတို့ကြောင့် ခရီးသွား ပြည်သူများ အခက်အခဲဖြစ်နေသည်ဟု ယာဉ်မောင်းများနှင့် ခရီးသည်များက ပြောသည်။

အထူးသဖြင့် မိုးရွာသွန်းမှုများသည့် အခါ တောင်ကမ်းပါးယံများ ပြိုကျမှုများဖြစ်သဖြင့် ဆီသယ် ဘောက်ဆာ ယာဉ်အချို့ လမ်းချော်ပြုတ်ကျခြင်း၊ ခရီးသည်ယာဉ်အချို့ တောင်ကမ်းပါးယံများကို ဝင်တိုက် ပျက်စီးခြင်း များ ရှိနေသည်ဟု ယာဉ်မောင်းများက ဆိုသည်။

*** ZAWGYI ***
ရခိုင္ႏွင့္ မေကြးၾကား စစ္ေဆးမႈ တင္းၾကပ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၈ ရက္။

ရခိုင္ျပည္နယ္ႏွင့္ မေကြးတိုင္းေဒသႀကီးအၾကားတြင္ စစ္ေဆးမႈမ်ား တင္းၾကပ္ လွ်က္ရွိၿပီး ကုန္စည္ တင္ပို႔ရာတြင္လည္း ေျခာက္ဘီးကားမ်ားသာ သြားလာခြင့္ရ၍ ဆယ္ဘီးႏွင့္ ဆယ့္ႏွစ္ဘီး ယာဥ္မ်ား သြားလာခြင့္ မရရွိဟု ယာဥ္ေမာင္းမ်ားက ေျပာသည္။

ရခိုင္ျပည္နယ္သို႔ မေကြးတိုင္းေဒသႀကီးမွ ကူးသန္းသြားလာရာတြင္ မွတ္ပုံတင္မူရင္း၊ ေက်း႐ြာ၊ ရပ္ကြက္မ်ားက ေထာက္ခံစာ၊ ကိုဗစ္-၁၉ ကာကြယ္ေဆးထိုးၿပီးေၾကာင္း အေထာက္အထားျပည့္စုံမွသာ သြားလာခြင့္ရသည္ဟု ယာဥ္ေမာင္းတစ္ဦး က ေျပာသည္။

အမ္းၿမိဳ႕က အသက္(၄၅)ခန႔္ရွိ ခရီးသည္ တစ္ဦးက “အေထာက္အထား ျပည့္စုံတဲ့ ကုန္ကားေတြက မိုးကာလွန္ ျပ ရတယ္။ လူစီးကားေတြကေတာ့ ခရီးသည္ တစ္ဦး ခ်င္း စစ္ေဆးၿပီး ပါတဲ့ ခရီးေဆာင္ အိပ္ေတြပါ စစ္ေဆးၾက တယ္” ဟု ေျပာသည္။

မေကြး ဧရာဝတီ အေရွ႕၊ အေနာက္ထိပ္တို႔တြင္ စစ္ေဆးျခင္း၊ ငဖဲၿမိဳ႕နယ္ ဂုတ္ႀကီးဘက္သို႔ စတင္တက္မည္ ေနရာ တြင္ စစ္ေဆးျခင္း၊ ရခိုင္ျပည္နယ္ ကန္ျမင့္ကန္စခန္းႏွင့္ အမ္းၿမိဳ႕အဝင္တို႔တြင္ စစ္တပ္၊ ရဲတပ္ဖြဲ႕၊ ယာဥ္ထိန္း တပ္ ဖြဲ႕၊ လူဝင္မႈႀကီးၾကပ္ေရး၊ မူးယစ္တပ္ဖြဲ႕၊ အေထြေထြအုပ္ခ်ဳပ္ေရး စသည္ အဖြဲ႕မ်ားက စစ္ေဆးေနမႈမ်ား ျပဳလုပ္ေန သည္ဟု ခရီးသည္မ်ားႏွင့္ ယာဥ္ေမာင္းမ်ားက ေျပာသည္။

ယခင္က မေကြးမွ ရခိုင္ျပည္နယ္ အမ္းၿမိဳ႕အထိ မိုးမ႐ြာ၊ ေတာင္မၿပိဳလွ်င္ ေျခာက္နာရီခြဲခန႔္သာ ေမာင္းရၿပီး ယခု စစ္ေဆးေရးဂိတ္မ်ားလာၿပီး တင္ၾကပ္ေနသျဖင့္ နံနက္ပိုင္းတြင္ ကားစထြက္ရာ ညေနမွသာ ေရာက္သည္ဟု ယာဥ္ေမာင္းတစ္ဦး က ေျပာသည္။

ရခိုင္ျပည္နယ္သို႔ မေကြးတိုင္းအတြင္းမွ ၾကက္သြန္နီ၊ င႐ုပ္သီးစိမ္းႏွင့္ စားေသာက္ကုန္မ်ားကို ပို႔ေပးရၿပီး ရခိုင္ ျပည္နယ္မွ ဆန္၊ ဖြဲႏု၊ ပင္လယ္စာႏွင့္ ငါးေျခာက္မ်ား ျပန္တင္၍ မႏၲေလးတိုင္းေဒသႀကီး အထိ တင္ပို႔ရသည္ဟု ကုန္တင္ယာဥ္ေမာင္းမ်ားက ေျပာသည္။

အသက္ ၃၀ ေက်ာ္ ကုန္တင္ကားေမာင္းသူ တစ္ဦးက “ဒီလို မိုးတြင္းကာလမွာ ေျခာက္ဘီးကားေတြဘဲ တက္ခြင့္ ရေသးတယ္။ ဆယ္ဘီး ဆယ္ႏွစ္ဘီးကားေတြက ပြင့္ လင္းရာသီေရာက္မွ တက္ခြင့္ရတာ။ အခုကာလမွာ အစစ္ အေဆးကလည္း အရမ္းတင္းၾကပ္တယ္။ စားသုံးဆီ မ်ားမ်ားသယ္ခြင့္တို႔ ဟင္းခ်ိဳ႕မႈန႔္တို႔ သယ္လို႔မရဘူး။ အျပန္ကုန္မရလို႔ ခါလီျပန္ရေတြလည္းရွိတယ္” ဟု ေျပာသည္။

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕အဝင္ ႀကိဳးတံတားကို ျဖတ္သန္းရန္ ကုန္အေလးခ်ိန္ သတ္မွတ္ခ်က္ရွိသျဖင့္ ကုန္စည္မ်ား ကို ေထာ္လာဂ်ီမ်ား၊ ကားအငယ္မ်ားျဖင့္ တစ္စီးမွ တစ္စီး တဆင့္ ကဲ့၍သယ္ရျခင္း၊ ကုန္တင္ကုန္ခ် လုပ္သား အခက္အခဲျဖစ္ျခင္းတို႔ေၾကာင့္ သုံးရက္အထိ ၾကာၿပီး မိုး႐ြာသြန္းမႈမ်ား၍ ေတာင္ကမ္းပါးယံမ်ား ၿပိဳက်မႈမ်ား ျဖစ္ ေနပါက ရက္ပို၍ ရွည္ၾကာသည္ဟု ဆိုၾကသည္။

လမ္းပန္းဆက္သြယ္ေရး အေနျဖင့္လည္း မေကြးတိုင္းႏွင့္ ရခိုင္ျပည္နယ္ အစပ္အထိ လမ္းေကာင္းမြန္ေသာ္ လည္း ရခိုင္ျပည္နယ္ထဲသို႔ ဝင္ေရာက္သည့္ လမ္းမႀကီးက က်ဥ္းေျမႇာင္းျခင္း လမ္းပိုင္းမ်ား ပ်က္စီးေနျခင္း ေၾကာင့္ ခရီးလမ္း ပိုမိုၾကန႔္ၾကာမႈမ်ား ရွိေနသည္ဟု ယာဥ္ေမာင္းမ်ား က ေျပာသည္။

ထိုသို႔ စစ္ေဆးမႈမ်ား တင္းၾကပ္ျခင္း၊ လမ္းပန္းဆက္သြယ္ေရး ခက္ခဲျခင္းတို႔ေၾကာင့္ ခရီးသြား ျပည္သူမ်ား အခက္အခဲျဖစ္ေနသည္ဟု ယာဥ္ေမာင္းမ်ားႏွင့္ ခရီးသည္မ်ားက ေျပာသည္။

အထူးသျဖင့္ မိုး႐ြာသြန္းမႈမ်ားသည့္ အခါ ေတာင္ကမ္းပါးယံမ်ား ၿပိဳက်မႈမ်ားျဖစ္သျဖင့္ ဆီသယ္ ေဘာက္ဆာ ယာဥ္အခ်ိဳ႕ လမ္းေခ်ာ္ျပဳတ္က်ျခင္း၊ ခရီးသည္ယာဥ္အခ်ိဳ႕ ေတာင္ကမ္းပါးယံမ်ားကို ဝင္တိုက္ ပ်က္စီးျခင္း မ်ား ရွိေနသည္ဟု ယာဥ္ေမာင္းမ်ားက ဆိုသည္။