ပုသိမ်တွင် “ဒလန်” တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်။

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ ဘူတာဈေးတွင် အောက်တိုဘာ ၂၀ ရက်နေ့
နံနက် ၇ နာရီခွဲ အချိန်ခန့်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ် ခံရသည်ဟု ဒေသခံများက ပြောသည်။

အမှတ် ၅ ရပ်ကွက်၊ ပပဝတီ ၉ လမ်းတွင် နေထိုင်သည့် စစ်တပ်၊ ရဲ သတင်းပေး ဒလန် ဟု လူသိများနေသည့် အသက် ၄၀ ကျော် အရွယ်ခန့်ရှိ ဦးချိုဝင်း ဆိုသူ ဈေး၏ အဝင်အဝ နေရာတွင် ပစ်သတ်ခံရခြင်းဖြစ်သည်။

“အနီးကပ် ပစ်သွားတာ။ သေနတ်သံတောင် မကြားရဘူး။ လဲကျသွားပြီး ဗိုက်ကသွေးတွေ ထွက်လာမှ သေနတ် နဲ့ ပစ်မှန်း သိကြတာ” ဟု မျက်မြင်တွေ့ရှိခဲ့သည့် ဈေးသည်တစ်ဦး က ပြောသည်။

ဝမ်းဗိုက် နှင့် ညာဘက် ရင်ဘတ်တွင် ရရှိထားသည့် သေနတ်ဒဏ်ရာ နှစ်ချက်ကြောင့် ဦးချိုဝင်းကို ပုသိမ်ဆေးရုံ သို့ ပို့ဆောင်စဉ် သေဆုံးသွားသည် ရဲတပ်ဖွဲ့ နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

စစ်တပ် နှင့် ရဲတပ်ဖွဲ့ဝင်များကို ဦးချိုဝင်းက သတင်းပေးသဖြင့် ဘူတာဝင်း၊ ပပဝတီ၊ ဥမ္မာဒန္တီ စသည့် ရပ်ကွက် များအတွင်းက လူငယ်အယောက် ၄၀ နီးပါး အဖမ်းခံထားရသည်ဟု ဒေသခံအချို့ က ပြောသည်။

‌စစ်တပ် နှင့် ရဲ အမာခံ သတင်းပေး ဖြစ်သည့် ပပဝတီ ၉ လမ်းတွင် နေထိုင်သည့် ဦးချိုဝင်းကို တော်လှန်ရေး အတွက် သုတ်သင် ရှင်းလင်းလိုက်ကြောင်း ပုသိမ်မြို့ပြ ပြောက်ကြား တပ်ဖွဲ့ (PSTF)က ထုတ်ဖော် ဝန်ခံထား သည်။

ပုသိမ်မြို့တွင် စစ်ကောင်စီ သတင်းပေး ဒလန်ဟု ဆိုကာ ပစ်သတ်ခံရသူ ၃ ဦး အထိရှိလာပြီး၊ အောက်တိုဘာလ ၁၄ ရက်နေ့က အမှတ် ၈ ရပ်ကွက်မှ တစ်ဦး နှင့် စက်တင်ဘာ ၂၃ ရက်နေ့တွင် ပုသိမ်တစ်ဘက်ကမ်း အမှတ် ၁ဝ ရပ်ကွက်တွင် နေထိုင်သူ တစ်ဦး ပစ်သတ်ခံခဲ့ရသည်။

*** ZAWGYI ***
ပုသိမ္တြင္ “ဒလန္” တစ္ဦး ပစ္သတ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာ ၂၀ ရက္။

ဧရာဝတီတိုင္း ေဒသႀကီး၊ ပုသိမ္ၿမိဳ႕ ဘူတာေဈးတြင္ ေအာက္တိုဘာ ၂၀ ရက္ေန႔
နံနက္ ၇ နာရီခြဲ အခ်ိန္ခန႔္တြင္ အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ ခံရသည္ဟု ေဒသခံမ်ားက ေျပာသည္။

အမွတ္ ၅ ရပ္ကြက္၊ ပပဝတီ ၉ လမ္းတြင္ ေနထိုင္သည့္ စစ္တပ္၊ ရဲ သတင္းေပး ဒလန္ ဟု လူသိမ်ားေနသည့္ အသက္ ၄၀ ေက်ာ္ အ႐ြယ္ခန႔္ရွိ ဦးခ်ိဳဝင္း ဆိုသူ ေဈး၏ အဝင္အဝ ေနရာတြင္ ပစ္သတ္ခံရျခင္းျဖစ္သည္။

“အနီးကပ္ ပစ္သြားတာ။ ေသနတ္သံေတာင္ မၾကားရဘူး။ လဲက်သြားၿပီး ဗိုက္ကေသြးေတြ ထြက္လာမွ ေသနတ္ နဲ႔ ပစ္မွန္း သိၾကတာ” ဟု မ်က္ျမင္ေတြ႕ရွိခဲ့သည့္ ေဈးသည္တစ္ဦး က ေျပာသည္။

ဝမ္းဗိုက္ ႏွင့္ ညာဘက္ ရင္ဘတ္တြင္ ရရွိထားသည့္ ေသနတ္ဒဏ္ရာ ႏွစ္ခ်က္ေၾကာင့္ ဦးခ်ိဳဝင္းကို ပုသိမ္ေဆး႐ုံ သို႔ ပို႔ေဆာင္စဥ္ ေသဆုံးသြားသည္ ရဲတပ္ဖြဲ႕ ႏွင့္ နီးစပ္သူ တစ္ဦးက ေျပာသည္။

စစ္တပ္ ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားကို ဦးခ်ိဳဝင္းက သတင္းေပးသျဖင့္ ဘူတာဝင္း၊ ပပဝတီ၊ ဥမၼာဒႏၲီ စသည့္ ရပ္ကြက္ မ်ားအတြင္းက လူငယ္အေယာက္ ၄၀ နီးပါး အဖမ္းခံထားရသည္ဟု ေဒသခံအခ်ိဳ႕ က ေျပာသည္။

‌စစ္တပ္ ႏွင့္ ရဲ အမာခံ သတင္းေပး ျဖစ္သည့္ ပပဝတီ ၉ လမ္းတြင္ ေနထိုင္သည့္ ဦးခ်ိဳဝင္းကို ေတာ္လွန္ေရး အတြက္ သုတ္သင္ ရွင္းလင္းလိုက္ေၾကာင္း ပုသိမ္ၿမိဳ႕ျပ ေျပာက္ၾကား တပ္ဖြဲ႕ (PSTF)က ထုတ္ေဖာ္ ဝန္ခံထား သည္။

ပုသိမ္ၿမိဳ႕တြင္ စစ္ေကာင္စီ သတင္းေပး ဒလန္ဟု ဆိုကာ ပစ္သတ္ခံရသူ ၃ ဦး အထိရွိလာၿပီး၊ ေအာက္တိုဘာလ ၁၄ ရက္ေန႔က အမွတ္ ၈ ရပ္ကြက္မွ တစ္ဦး ႏွင့္ စက္တင္ဘာ ၂၃ ရက္ေန႔တြင္ ပုသိမ္တစ္ဘက္ကမ္း အမွတ္ ၁ဝ ရပ္ကြက္တြင္ ေနထိုင္သူ တစ္ဦး ပစ္သတ္ခံခဲ့ရသည္။