ပြည် လျှပ်စစ် မီတာရုံးနှင့် ရပ်ကွက်ရုံးတို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်။

ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့ရှိ လျှပ်စစ်မီတာရုံးနှင့် ရပ်ကွက်ရုံးတို့တွင် အောက်တိုဘာ ၁၉ ရက်နေ့၊ ည ၈ နာရီခွဲ အချိန်ခန့်က ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ က ပြောသည်။

ရွှေဆံတော်ဘုရား ဦးတိုက်မြောက်စောင်းတန်းလမ်းရှိ လျှပ်စစ်မီတာရုံးနှင့် ဆံတော်ရပ်ကွက်ရုံး နေရာနှစ်နေရာ တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုများကို အတည်ပြုနေဆဲ ဖြစ်သည်။

”ညက မီတာရုံး အရင်ပေါက်တယ်။ နောက်ဆံတော် ရပ်ကွက် ရုံးပေါက်တယ်။ ပေါက်ပြီး မကြာဘူး ရဲတွေ၊ စစ် သားတွေ အရပ်ဝတ်တွေရော သွားကြတာတွေ့လိုက်တယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဗုံးမပေါက်ကွဲမှီ PUGF ပြည်မြို့ မြေအောက်ပျောက်ကျားတပ်ဖွဲ့ ၏ လူမှုကွန်ယက်စာမျက်နှာတွင် ပြည်သူများသို့ ဟု ဆိုကာ ကြိုတင် အသိပေးခဲ့သည့် ပို့စ်တင်ထားခဲ့သည်။ ထို့နောက် အဆိုပါ အသိပေးစာကို မိနစ်ပိုင်း အတွင်း ပြန်လည် ဖြုတ်ချခံခဲ့ရသည်။

”ပေါက်ကွဲ အပြီး ၁ နာရီ ကြာလောက်မှ စစ်ကောက်စီတပ်တွေ လမ်းပေါ်မှာ ပိတ်ဆို့ ဆဲကြတော့တာဘဲ။ အဲ့ အချိန် လုပ်တဲ့ သူတွေက ဘေးကင်းစွာ နေရာပြန်ရောက်ပြီလို့ ရေးတင်ထားတာ တွေ့လိုက်ရတယ်” ဟု ပြည်မြို့ခံ တစ်ဦး က ပြောသည်။

ပထမတွင် အသံသိပ်မကျယ်သည့် ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပြီး မကြာခင်တွင် ရပ်ကွက်ရုံး အပါအဝင် နောက် ထပ် နှစ်လုံး စုစုပေါင်း ဗုံး ၃ လုံး ပေါက်သံကြားရသည်ဟု ပြည်မြို့ခံများက ဆိုသည်။

ပြည်မြို့နယ် ဝက်ထီးကန် ရဲသင်တန်းကျောင်းအနီးက ရပ်ကွက်ရုံးကိုလည်း အောက်တိုဘာ ၁၈ ရက်နေ့ တွင် ဗုံးခွဲ တိုက်ခိုက်ခံရသည်ဟု ဒေသခံများက ပြောသည်။

*** ZAWGYI ***
ျပည္ လွ်ပ္စစ္ မီတာ႐ုံးႏွင့္ ရပ္ကြက္႐ုံးတို႔တြင္ ဗုံးေပါက္ကြဲမႈမ်ား ျဖစ္ပြား

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၀ ရက္။

ပဲခူးတိုင္း အေနာက္ျခမ္း ျပည္ၿမိဳ႕ရွိ လွ်ပ္စစ္မီတာ႐ုံးႏွင့္ ရပ္ကြက္႐ုံးတို႔တြင္ ေအာက္တိုဘာ ၁၉ ရက္ေန႔၊ ည ၈ နာရီခြဲ အခ်ိန္ခန႔္က ဗုံးေပါက္ကြဲမႈ ဆက္တိုက္ျဖစ္ပြားခဲ့သည္ဟု ေဒသခံမ်ား က ေျပာသည္။

ေ႐ႊဆံေတာ္ဘုရား ဦးတိုက္ေျမာက္ေစာင္းတန္းလမ္းရွိ လွ်ပ္စစ္မီတာ႐ုံးႏွင့္ ဆံေတာ္ရပ္ကြက္႐ုံး ေနရာႏွစ္ေနရာ တြင္ ေပါက္ကြဲခဲ့ျခင္းျဖစ္ၿပီး ထိခိုက္ပ်က္စီးမႈမ်ားကို အတည္ျပဳေနဆဲ ျဖစ္သည္။

”ညက မီတာ႐ုံး အရင္ေပါက္တယ္။ ေနာက္ဆံေတာ္ ရပ္ကြက္ ႐ုံးေပါက္တယ္။ ေပါက္ၿပီး မၾကာဘူး ရဲေတြ၊ စစ္ သားေတြ အရပ္ဝတ္ေတြေရာ သြားၾကတာေတြ႕လိုက္တယ္” ဟု ေဒသခံ တစ္ဦးက ေျပာသည္။

ဗုံးမေပါက္ကြဲမွီ PUGF ျပည္ၿမိဳ႕ ေျမေအာက္ေပ်ာက္က်ားတပ္ဖြဲ႕ ၏ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ျပည္သူမ်ားသို႔ ဟု ဆိုကာ ႀကိဳတင္ အသိေပးခဲ့သည့္ ပို႔စ္တင္ထားခဲ့သည္။ ထို႔ေနာက္ အဆိုပါ အသိေပးစာကို မိနစ္ပိုင္း အတြင္း ျပန္လည္ ျဖဳတ္ခ်ခံခဲ့ရသည္။

”ေပါက္ကြဲ အၿပီး ၁ နာရီ ၾကာေလာက္မွ စစ္ေကာက္စီတပ္ေတြ လမ္းေပၚမွာ ပိတ္ဆို႔ ဆဲၾကေတာ့တာဘဲ။ အဲ့ အခ်ိန္ လုပ္တဲ့ သူေတြက ေဘးကင္းစြာ ေနရာျပန္ေရာက္ၿပီလို႔ ေရးတင္ထားတာ ေတြ႕လိုက္ရတယ္” ဟု ျပည္ၿမိဳ႕ခံ တစ္ဦး က ေျပာသည္။

ပထမတြင္ အသံသိပ္မက်ယ္သည့္ ဗုံးတစ္လုံးေပါက္ကြဲမႈျဖစ္ၿပီး မၾကာခင္တြင္ ရပ္ကြက္႐ုံး အပါအဝင္ ေနာက္ ထပ္ ႏွစ္လုံး စုစုေပါင္း ဗုံး ၃ လုံး ေပါက္သံၾကားရသည္ဟု ျပည္ၿမိဳ႕ခံမ်ားက ဆိုသည္။

ျပည္ၿမိဳ႕နယ္ ဝက္ထီးကန္ ရဲသင္တန္းေက်ာင္းအနီးက ရပ္ကြက္႐ုံးကိုလည္း ေအာက္တိုဘာ ၁၈ ရက္ေန႔ တြင္ ဗုံးခြဲ တိုက္ခိုက္ခံရသည္ဟု ေဒသခံမ်ားက ေျပာသည္။