ပေါင်းတည်မြို့နယ်အတွင်း စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်။
ပဲခူးတိုင်း အနောက်ခြမ်း ပေါင်းတည်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများရှိ သည် ဟု ဒေသခံများက ပြောသည်။
သစ်ပုတ်ကျေးရွာ အုပ်စုအတွင်းရှိ Mytel ဖုန်းတာဝါတိုင်တွင် လုံခြုံရေး အစောင့်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များနှင့် ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့အကြား အောက်တိုဘာလ ၂၀ ရက်နေ့ (ယနေ့) နံနက် ၂ နာရီ အချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
နှစ်ဘက်အပြန်အလှန် ပစ်ခတ်ဖြစ်သည့် တိုက်ပွဲတွင် တာဝါတိုင်စောင့်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၈ ဦးထဲက ၅ ဦး ခန့် သေဆုံးနိုင်ပြီး အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
“သန်းခေါင်ကျော် လင်းအားကြီးလောက်မှာ ဖြစ်တာ။ သူတို့ အထိနာလို့ အဲ့သတင်းကို ဖုံးထားတာလို့လည်း ပြောနေ ကြတယ်။ ခုအဲ့ဒီရွာဘက်ကို နယ်မြေရှင်းလင်းရေး သွားပြီလို့ သိရတယ်” ဟု ဒေသခံက တစ်ဦးက အတည်ပြု ပြောသည်။
အောက်တိုဘာလ ၁၈ ရက် ညကလည်း ပေါင်းတည်မြို့၊ ဇီးပင်လှကျေးရွာ အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ၃ ချက် အပစ်ခံရပြီး သေဆုံးသွားပြီး အောက်တိုဘာလ ၁၉ ရက်နေ့ ညကလည်း ပျဉ်ပုံအုပ်စု၊ ခြံကြီးထောင့်ကျေးရွာက အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသိန်းထွန်း သေနတ်ဖြင့် အပစ်ခံရသည်။
သို့သော် ခြံကြီးထောင့်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ထိခိုက်မှု မရှိဘူးဟု ဒေသခံများက ပြောသည်။
လက်ရှိ ပေါင်းတည်မြို့၊ အဝင်အထွက်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးခြင်းများ လုပ်ဆောင် လျှက် ရှိနေပြီး၊ ဆိုင်ကယ်တစ်စီးတွင် လူနှစ်ယောက်စီးခွင့်ကိုလည်း တားမြစ်ထားသည်ဟု ဒေသခံများ က ပြော သည်။
*** ZAWGYI ***
ေပါင္းတည္ၿမိဳ႕နယ္အတြင္း စစ္ေကာင္စီနဲ႔ PDF တိုက္ပြဲျဖစ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၀ ရက္။
ပဲခူးတိုင္း အေနာက္ျခမ္း ေပါင္းတည္ၿမိဳ႕နယ္အတြင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ ေပါင္းတည္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕တို႔အၾကား တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီတပ္ဘက္က ထိခိုက္ေသဆုံးမႈမ်ားရွိ သည္ ဟု ေဒသခံမ်ားက ေျပာသည္။
သစ္ပုတ္ေက်း႐ြာ အုပ္စုအတြင္းရွိ Mytel ဖုန္းတာဝါတိုင္တြင္ လုံၿခဳံေရး အေစာင့္ခ်ထားသည့္ စစ္ေကာင္စီတပ္ဖြဲ႕ ဝင္မ်ားႏွင့္ ေပါင္းတည္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ PDF တို႔အၾကား ေအာက္တိုဘာလ ၂၀ ရက္ေန႔ (ယေန႔) နံနက္ ၂ နာရီ အခ်ိန္ခန႔္တြင္ တိုက္ပြဲျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။
ႏွစ္ဘက္အျပန္အလွန္ ပစ္ခတ္ျဖစ္သည့္ တိုက္ပြဲတြင္ တာဝါတိုင္ေစာင့္ေနသည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ ၈ ဦးထဲက ၅ ဦး ခန႔္ ေသဆုံးႏိုင္ၿပီး အခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
“သန္းေခါင္ေက်ာ္ လင္းအားႀကီးေလာက္မွာ ျဖစ္တာ။ သူတို႔ အထိနာလို႔ အဲ့သတင္းကို ဖုံးထားတာလို႔လည္း ေျပာေန ၾကတယ္။ ခုအဲ့ဒီ႐ြာဘက္ကို နယ္ေျမရွင္းလင္းေရး သြားၿပီလို႔ သိရတယ္” ဟု ေဒသခံက တစ္ဦး က အတည္ျပဳ ေျပာသည္။
ေအာက္တိုဘာလ ၁၈ ရက္ ညကလည္း ေပါင္းတည္ၿမိဳ႕၊ ဇီးပင္လွေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ေသနတ္ျဖင့္ ၃ ခ်က္ အပစ္ခံရၿပီး ေသဆုံးသြားၿပီး ေအာက္တိုဘာလ ၁၉ ရက္ေန႔ ညကလည္း ပ်ဥ္ပုံအုပ္စု၊ ၿခံႀကီးေထာင့္ေက်း႐ြာက အုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးသိန္းထြန္း ေသနတ္ျဖင့္ အပစ္ခံရသည္။
သို႔ေသာ္ ၿခံႀကီးေထာင့္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးသိန္းထြန္းက ထိခိုက္မႈ မရွိဘူးဟု ေဒသခံမ်ားက ေျပာသည္။
လက္ရွိ ေပါင္းတည္ၿမိဳ႕၊ အဝင္အထြက္မ်ားကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ပိတ္ဆို႔စစ္ေဆးျခင္းမ်ား လုပ္ေဆာင္ လွ်က္ ရွိေနၿပီး၊ ဆိုင္ကယ္တစ္စီးတြင္ လူႏွစ္ေယာက္စီးခြင့္ကိုလည္း တားျမစ္ထားသည္ဟု ေဒသခံမ်ား က ေျပာ သည္။