ဧရာဝတီတိုင်းတွင် သတင်းသမားများနှင့် အထင်ကရ နိုင်ငံရေးခေါင်းဆောင်များ လွတ်မလာသေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်။

ဧရာဝတီတိုင်းအတွင်း ဖမ်းဆီးထိန်းသိမ်းရာမှ ပြန်လွှတ်ပေးသူများတွင် သတင်းစာဆရာများ နှင့် နာမည်ကြီး နိုင်ငံရေးသမားများ မပါဝင်သေးဟု ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ နှင့် ၁၉ ရက်နေ့ နှစ်ရက်အတွင်း ဧရာဝတီတိုင်း အတွင်းရှိ အကျဉ်းထောင်များမှ ပုဒ်မ ၅၀၅ ဖြင့် ဖမ်းထားသူ ၂၀၇ ဦး ကို စစ်ကောင်စီ က ပြန်လည် လွှတ်ပေးခဲ့သည်။

“သူတို့က ကျနော်ကို သံသယနဲ့ အထောက်အထားမရှိဘဲ ဖမ်းပြီး ပုဒ်မ ၅၀၅ တပ်ထားတာ အပြစ်မရှိလည်း ဖမ်းတာ။ အခုလိုပြန်လွှတ်ပေးလည်း ကျေးဇူးတင်စရာအကြောင်း မရှိဘူး” ဟု ပြန်လွတ် မြောက်လာသူ တစ်ဦးကပြောသည်။

သို့သော်လည်း ဧရာဝတီတိုင်းအခြေစိုက် သတင်းသမားများ ဖြစ်ကြသည့် မြန်မာသံတော်ဆင့်မှ ကိုရဲရင့်ထွန်း (ပုသိမ်)၊ Delta News Agency မှ ကိုမျိုးစံစိုး(ဖျာပုံ)၊ မအူပင် ဟစ်တိုင်က ကိုဖြိုးလေးချမ်း (မအူပင်) တို့ မလွှတ်သေးကြောင်း ဧ ရာဝတီတိုင်း အခြေစိုက် လွတ်လပ်သော သတင်းမီဒီယာ ကွန်ရက်က တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့အပြင် ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်မင်းထွဋ် အပါအဝင် တိုင်းလွှတ် တော်ကိုယ်စား လှယ် ၆ ဦး၊ မြောင်းမြမြို့တွင် အဖမ်းခံထားရသည့် ဆရာ/ဆရာမများ၊ ပရိဟိတသမားများလည်း ကို ပြန်မလွှတ် ပေးသေးဘူး ဟု သိရသည်။

“စစ်ကောင်စီဟာ နိုင်ငံတကာနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး အကြပ်အတည်းကနေ သက်သာရာ သက်သာကြောင်း ပုဒ်မ ၅၀၅ တပ်ထားရတဲ့ သူတချို့ကို ဟန်ပြလွှတ်ပေးတာ” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦး က ပြော သည်။

ဧရာဝတီတိုင်းအတွင်းရှိ ထောင် ၅ ထောင် က ပုဒ်မ ၅၀၅ အကျဉ်းသား ၂၀၇ ဦး ကို လွှတ်ပေးခဲ့သော်လည်း မြို့ အသီးသီးရှိ အချုပ်ခန်းများ နတခ စစ်ကြောရေးစခန်း နှင့် ထောင် ၅ ထောင်တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူ ၄၀၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားဆဲ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

*** ZAWGYI ***
ဧရာဝတီတိုင္းတြင္ သတင္းသမားမ်ားႏွင့္ အထင္ကရ ႏိုင္ငံေရးေခါင္းေဆာင္မ်ား လြတ္မလာေသး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၁ ရက္။

ဧရာဝတီတိုင္းအတြင္း ဖမ္းဆီးထိန္းသိမ္းရာမွ ျပန္လႊတ္ေပးသူမ်ားတြင္ သတင္းစာဆရာမ်ား ႏွင့္ နာမည္ႀကီး ႏိုင္ငံေရးသမားမ်ား မပါဝင္ေသးဟု ေဒသခံမ်ားက ေျပာသည္။

ေအာက္တိုဘာလ ၁၈ ရက္ေန႔ ႏွင့္ ၁၉ ရက္ေန႔ ႏွစ္ရက္အတြင္း ဧရာဝတီတိုင္း အတြင္းရွိ အက်ဥ္းေထာင္မ်ားမွ ပုဒ္မ ၅၀၅ ျဖင့္ ဖမ္းထားသူ ၂၀၇ ဦး ကို စစ္ေကာင္စီ က ျပန္လည္ လႊတ္ေပးခဲ့သည္။

“သူတို႔က က်ေနာ္ကို သံသယနဲ႔ အေထာက္အထားမရွိဘဲ ဖမ္းၿပီး ပုဒ္မ ၅၀၅ တပ္ထားတာ အျပစ္မရွိလည္း ဖမ္းတာ။ အခုလိုျပန္လႊတ္ေပးလည္း ေက်းဇူးတင္စရာအေၾကာင္း မရွိဘူး” ဟု ျပန္လြတ္ ေျမာက္လာသူ တစ္ဦးကေျပာသည္။

သို႔ေသာ္လည္း ဧရာဝတီတိုင္းအေျခစိုက္ သတင္းသမားမ်ား ျဖစ္ၾကသည့္ ျမန္မာသံေတာ္ဆင့္မွ ကိုရဲရင့္ထြန္း (ပုသိမ္)၊ Delta News Agency မွ ကိုမ်ိဳးစံစိုး(ဖ်ာပုံ)၊ မအူပင္ ဟစ္တိုင္က ကိုၿဖိဳးေလးခ်မ္း (မအူပင္) တို႔ မလႊတ္ေသးေၾကာင္း ဧ ရာဝတီတိုင္း အေျခစိုက္ လြတ္လပ္ေသာ သတင္းမီဒီယာ ကြန္ရက္က တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

ထို႔အျပင္ ဧရာဝတီတိုင္း လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တတင္ာမင္းထြဋ္ အပါအဝင္ တိုင္းလႊတ္ ေတာ္ကိုယ္စား လွယ္ ၆ ဦး၊ ေျမာင္းျမၿမိဳ႕တြင္ အဖမ္းခံထားရသည့္ ဆရာ/ဆရာမမ်ား၊ ပရိဟိတသမားမ်ားလည္း ကို ျပန္မလႊတ္ ေပးေသးဘူး ဟု သိရသည္။

“စစ္ေကာင္စီဟာ ႏိုင္ငံတကာနဲ႔ ရင္ဆိုင္ေနရတဲ့ ႏိုင္ငံေရး အၾကပ္အတည္းကေန သက္သာရာ သက္သာေၾကာင္း ပုဒ္မ ၅၀၅ တပ္ထားရတဲ့ သူတခ်ိဳ႕ကို ဟန္ျပလႊတ္ေပးတာ” ဟု ႏိုင္ငံေရး အက်ဥ္းသားေဟာင္း တစ္ဦး က ေျပာ သည္။

ဧရာဝတီတိုင္းအတြင္းရွိ ေထာင္ ၅ ေထာင္ က ပုဒ္မ ၅၀၅ အက်ဥ္းသား ၂၀၇ ဦး ကို လႊတ္ေပးခဲ့ေသာ္လည္း ၿမိဳ႕ အသီးသီးရွိ အခ်ဳပ္ခန္းမ်ား နတခ စစ္ေၾကာေရးစခန္း ႏွင့္ ေထာင္ ၅ ေထာင္တြင္ စစ္အာဏာသိမ္းမႈ ဆန႔္က်င္သူ ၄၀၀ ေက်ာ္ကို ဖမ္းဆီးခ်ဳပ္ေႏွာင္ထားဆဲ ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။