ပုသိမ် စစ်တပ်ထောက်ခံပွဲ လူစိမ်းများ ပါဝင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် အောက်တိုဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်း ၃နာရီ အချိန်ခန့်က မြို့ခံမဟုတ်သူ လူဦး ရေ ၃၀၀ ဝန်းကျင်ခန့် က စစ်တပ်ထောက်ခံပွဲ လာရောက်ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

အမှတ် ၃ ရပ်ကွက်၊ ကန်သုံးဆင့်နဘေးရှိ ဟစ်တိုင်ကွင်းတွင် အမျိုးဘာသာ သာသနာအား စောင့်ရှောက်ကာကွယ်နေသည့် တပ်မတော်ကို ထောက်ခံကြောင်း လူစုများ ရုံးကာ ဟောပြောပွဲလုပ်သွားသည်ဟု ဒေသခံများ ပြောသည်။

“မြို့ပေါ်က မဟုတ်တဲ့ မျက်နှာစိမ်းတွေများတယ်။ တနေရာရာက ခေါ် လာကြတာ ဖြစ်မယ်။ ဟောပြောတာလည်း နာရီဝက်ကျော် လောက်ပဲကြာတယ်” ဟု မျက်မြင်တွေ့ ရှိသူ ပုသိမ်မြို့ခံ တစ်ဦးက ပြောသည်။

အမျိုးဘာသာ သာသနာအား စောင့်ရှောက်ကာကွယ်နေသည့် တပ်မတော်ကို ထောက်ခံကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ထားသည်ဟု ဆိုကြသည်။

တပ်ထောက်ခံပွဲကို လာသူများသည် လိုက်ထရပ် (light truck) ကား ၁၅ စီးခန့် ဖြင့် ရောက်ရှိစုဝေးကြပြီး အခမ်းအနား ပြီးဆုံး သော အခါ အဆိုပါကားများဖြင့် အချို့က အနောက်တောင်တိုင်း စစ်ဌာနချုပ်ရှိရာ တပ်နယ်ဘက်သို့ ပြန်သွားပြီး အချို့ကားများက ပုသိမ်မြို့ပြင်သို့ ပြန်ထွက်ခွာသွားသည်ဟု ဒေသခံများက ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့ထုတ်ပြန်ထားသည့် လူ ၅ ဦးထက် ပိုစုဝေးခြင်း မပြုရဆိုသည့် ပုဒ်မ-၁၄၄ ကို ချိုးဖောက်၍ တပ်ထောက်ခံပွဲကို လုံခြုံရေး ယူပေးကာ အားပေးအားမြောက်ပြုပေးနေသည်ဟု ဧရာဝတီ တိုင်း ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် တစ်ဦးက ထောက်ပြသည်။

ပုသိမ်မြို့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလအတွင်းက တပ်ထောက်ခံသည့် တန်ပြန်ဆန္ဒ ထုတ်ဖော်ပွဲကို တပ်ထောက်ခံသူများက လူအင်အား ၈၀၀ ခန့်ဖြင့် နှစ်ကြိမ် ပြုလုပ်ခဲ့ရာ ပုသိမ်မြို့ခံများက သံပုံးတီးကာ မောင်းထုတ်ခဲ့ ကြသည်။

ပုသိမ်မြို့ခံများက ဖေဖော်ရီလအတွင်း က စစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း နေ့စဉ် အင်အား ၅၀၀၀၀ နှင့် ၁၀၀၀၀၀ အကြား ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ပြည်လုံးကျွတ် “၂၂၂၂၂” နှစ်ငါးလုံး သပိတ်တွင် လူ အင် အား ၄ သိန်းကျော် ပါဝင်ခဲ့ကြသည်။

*** ZAWGYI ***
ပုသိမ္ စစ္တပ္ေထာက္ခံပြဲ လူစိမ္းမ်ား ပါဝင္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၅ ရက္။

ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕တြင္ ေအာက္တိုဘာလ ၂၅ ရက္ေန႔ မြန္းလြဲပိုင္း ၃နာရီ အခ်ိန္ခန႔္က ၿမိဳ႕ခံမဟုတ္သူ လူဦး ေရ ၃၀၀ ဝန္းက်င္ခန႔္ က စစ္တပ္ေထာက္ခံပြဲ လာေရာက္ျပဳလုပ္ခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

အမွတ္ ၃ ရပ္ကြက္၊ ကန္သုံးဆင့္နေဘးရွိ ဟစ္တိုင္ကြင္းတြင္ အမ်ိဳးဘာသာ သာသနာအား ေစာင့္ေရွာက္ကာ ကြယ္ ေနသည့္ တပ္မေတာ္ကို ေထာက္ခံေၾကာင္း လူစုမ်ား ႐ုံးကာ ေဟာေျပာပြဲလုပ္သြားသည္ဟု ေဒသခံမ်ား ေျပာသည္။

“ၿမိဳ႕ေပၚက မဟုတ္တဲ့ မ်က္ႏွာစိမ္းေတြမ်ားတယ္။ တေနရာရာက ေခၚ လာၾကတာ ျဖစ္မယ္။ ေဟာေျပာတာ လည္း နာရီဝက္ေက်ာ္ ေလာက္ပဲၾကာတယ္” ဟု မ်က္ျမင္ေတြ႕ ရွိသူ ပုသိမ္ၿမိဳ႕ခံ တစ္ဦးက ေျပာသည္။

အမ်ိဳးဘာသာ သာသနာအား ေစာင့္ေရွာက္ကာကြယ္ေနသည့္ တပ္မေတာ္ကို ေထာက္ခံေၾကာင္း ဆိုင္းဘုတ္မ်ား ကိုင္ေဆာင္ထားသည္ဟု ဆိုၾကသည္။

တပ္ေထာက္ခံပြဲကို လာသူမ်ားသည္ လိုက္ထရပ္ (light truck) ကား ၁၅ စီးခန႔္ ျဖင့္ ေရာက္ရွိစုေဝးၾကၿပီး အခမ္းအနား ၿပီးဆုံး ေသာ အခါ အဆိုပါကားမ်ားျဖင့္ အခ်ိဳ႕က အေနာက္ေတာင္တိုင္း စစ္ဌာနခ်ဳပ္ရွိရာ တပ္နယ္ဘက္သို႔ ျပန္သြားၿပီး အခ်ိဳ႕ကားမ်ားက ပုသိမ္ၿမိဳ႕ျပင္သို႔ ျပန္ထြက္ခြာသြားသည္ဟု ေဒသခံမ်ားက ဆိုသည္။

အာဏာသိမ္း စစ္ေကာင္စီသည္ ၎တို႔ထုတ္ျပန္ထားသည့္ လူ ၅ ဦးထက္ ပိုစုေဝးျခင္း မျပဳရဆိုသည့္ ပုဒ္မ-၁၄၄ ကို ခ်ိဳးေဖာက္၍ တပ္ေထာက္ခံပြဲကို လုံၿခဳံေရး ယူေပးကာ အားေပးအားေျမာက္ျပဳေပးေနသည္ဟု ဧရာဝတီ တိုင္း ဥပေဒ အေထာက္အကူျပဳ အဖြဲ႕ဝင္ တစ္ဦးက ေထာက္ျပသည္။

ပုသိမ္ၿမိဳ႕တြင္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ေဖေဖာ္ဝါရီလအတြင္းက တပ္ေထာက္ခံသည့္ တန္ျပန္ဆႏၵ ထုတ္ေဖာ္ပြဲကို တပ္ေထာက္ခံသူမ်ားက လူအင္အား ၈၀၀ ခန႔္ျဖင့္ ႏွစ္ႀကိမ္ ျပဳလုပ္ခဲ့ရာ ပုသိမ္ၿမိဳ႕ခံမ်ားက သံပုံးတီးကာ ေမာင္းထုတ္ခဲ့ ၾကသည္။

ပုသိမ္ၿမိဳ႕ခံမ်ားက ေဖေဖာ္ရီလအတြင္း က စစ္အာဏာသိမ္းမႈကို အလိုမရွိေၾကာင္း ေန႔စဥ္ အင္အား ၅၀၀၀၀ ႏွင့္ ၁၀၀၀၀၀ အၾကား ဆႏၵေဖာ္ထုတ္ခဲ့ၾကၿပီး ျပည္လုံးကြၽတ္ “၂၂၂၂၂” ႏွစ္ငါးလုံး သပိတ္တြင္ လူ အင္ အား ၄ သိန္းေက်ာ္ ပါဝင္ခဲ့ၾကသည္။