မအူပင် ခရိုင်ရဲတပ်ဖွဲ့မှူး နေအိမ်ရှေ့ ဗုံး နှစ်လုံး ဆက်တိုက်ပေါက်
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်။
ဧရာဝတီတိုင်း၊ မအူပင်မြို့ရှိ ခရိုင်ရဲတပ်ဖွဲ့မှူး၏ နေအိမ်ခြံရှေ့တွင် ၁၀ မိနစ်စီခြားပြီး ဗုံးနှစ်လုံး ဆက်တိုက်ပေါက် ကွဲ ခဲ့သည်။
မအူပင်မြို့၊ အမှတ် ၁ ရပ်ကွက်ရှိ မအူပင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး အေးလွင် ၏ နေအိမ်ခြံရှေ့တွင် အောက်တိုဘာလ ၂၄ ရက်နေ့ ညနေက ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
“နှစ်လုံးဆက်တိုက်ဆိုတော့ အသံက အတော်ကျယ်တယ်။ အထိအခိုက်တောာ့ မကြားမိဘူး။ စစ်ကောင်စီ တပ် ကတော့ ထုံးစံတိုင်း စစ်ဆေးတာ ဖမ်းတာလုပ်နေတယ်” ဟု ယင်းလမ်းအတွင်း နေထိုင်သူ တစ်ဦးကပြောသည်။
အောက်တိုဘာလ ၂၄ ရက်နေ့၊ ညနေ ၆ နာရီ ၁၅ မိနစ်နှင့် ညနေ ၆ နာရီ ၂၅ မိနစ်တို့တွင် ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
မအူပင်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများ၊ ၎င်းတို့၏ ဒလန်များက အနိုင်ကျင့် ငွေညှစ်မှု ရှိနေသည့် အပြင် အကြောင်းမဲ့ဖမ်းဆီးပြီး ပြည်သူများကို အနိုင်ကျင့်မှုများ ရှိနေသည်ဟု ဒေသခံများက ဆိုသည်။
မအူပင် မြို့ခံတစ်ဦး က “စစ်တပ်နဲ့ ရဲက အနိုင်ကျင့်နေတာ တော်တော်ဆိုးတယ်။ ဧရာဝတီတိုင်းထဲမှာတော့ အဆိုးဆုံးပဲ။ ကုန်ထမ်းနေလို့ ဖိနပ် မစီးတာကို ဒဏ်ငွေရိုက်တဲ့ မြို့ဆိုတာ မအူပင်မြို့ပဲရှိမယ်” ဟု ပြောသည်။
မအူပင်မြို့ တွင် အောက်တိုဘာလအတွင်း ပေါက်ကွဲမှု ၁၀ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ပေ။
သို့သော် အောက်တိုဘာလ ၂၂ ရက်နေ့က စစ်တပ်နှင့် ရဲအား သတင်းပေး ဒလန် ဟု နာမည်ကြီးသူ ရာအိမ်မှူး တစ် ဦးကို မအူပင်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သုတ်သင်ရှင်းလင်းခဲ့သည်ဟု သတင်းထုတ်ပြန် ထားသည်။
*** ZAWGYI ***
မအူပင္ ခ႐ိုင္ရဲတပ္ဖြဲ႕မႉး ေနအိမ္ေရွ႕ ဗုံး ႏွစ္လုံး ဆက္တိုက္ေပါက္
သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၅ ရက္။
ဧရာဝတီတိုင္း၊ မအူပင္ၿမိဳ႕ရွိ ခ႐ိုင္ရဲတပ္ဖြဲ႕မႉး၏ ေနအိမ္ၿခံေရွ႕တြင္ ၁၀ မိနစ္စီျခားၿပီး ဗုံးႏွစ္လုံး ဆက္တိုက္ေပါက္ ကြဲ ခဲ့သည္။
မအူပင္ၿမိဳ႕၊ အမွတ္ ၁ ရပ္ကြက္ရွိ မအူပင္ခ႐ိုင္ ရဲတပ္ဖြဲ႕မႉး ဒုတိယ ရဲမႉးႀကီး ေအးလြင္ ၏ ေနအိမ္ၿခံေရွ႕တြင္ ေအာက္တိုဘာလ ၂၄ ရက္ေန႔ ညေနက ဗုံးႏွစ္လုံး ဆက္တိုက္ေပါက္ကြဲခဲ့ျခင္း ျဖစ္သည္။
“ႏွစ္လုံးဆက္တိုက္ဆိုေတာ့ အသံက အေတာ္က်ယ္တယ္။ အထိအခိုက္ေတာာ့ မၾကားမိဘူး။ စစ္ေကာင္စီ တပ္ ကေတာ့ ထုံးစံတိုင္း စစ္ေဆးတာ ဖမ္းတာလုပ္ေနတယ္” ဟု ယင္းလမ္းအတြင္း ေနထိုင္သူ တစ္ဦးကေျပာသည္။
ေအာက္တိုဘာလ ၂၄ ရက္ေန႔၊ ညေန ၆ နာရီ ၁၅ မိနစ္ႏွင့္ ညေန ၆ နာရီ ၂၅ မိနစ္တို႔တြင္ ဗုံးႏွစ္လုံး ဆက္တိုက္ ေပါက္ကြဲခဲ့ျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။
မအူပင္ၿမိဳ႕တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ ရဲမ်ား၊ ၎တို႔၏ ဒလန္မ်ားက အႏိုင္က်င့္ ေငြညႇစ္မႈ ရွိေနသည့္ အျပင္ အေၾကာင္းမဲ့ဖမ္းဆီးၿပီး ျပည္သူမ်ားကို အႏိုင္က်င့္မႈမ်ား ရွိေနသည္ဟု ေဒသခံမ်ားက ဆိုသည္။
မအူပင္ ၿမိဳ႕ခံတစ္ဦး က “စစ္တပ္နဲ႔ ရဲက အႏိုင္က်င့္ေနတာ ေတာ္ေတာ္ဆိုးတယ္။ ဧရာဝတီတိုင္းထဲမွာေတာ့ အဆိုးဆုံးပဲ။ ကုန္ထမ္းေနလို႔ ဖိနပ္ မစီးတာကို ဒဏ္ေငြ႐ိုက္တဲ့ ၿမိဳ႕ဆိုတာ မအူပင္ၿမိဳ႕ပဲရွိမယ္” ဟု ေျပာသည္။
မအူပင္ၿမိဳ႕ တြင္ ေအာက္တိုဘာလအတြင္း ေပါက္ကြဲမႈ ၁၀ ႀကိမ္ခန႔္ ျဖစ္ပြားခဲ့ၿပီး လူထိခိုက္မႈ မရွိခဲ့ေပ။
သို႔ေသာ္ ေအာက္တိုဘာလ ၂၂ ရက္ေန႔က စစ္တပ္ႏွင့္ ရဲအား သတင္းေပး ဒလန္ ဟု နာမည္ႀကီးသူ ရာအိမ္မႉး တစ္ ဦးကို မအူပင္ၿမိဳ႕ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ က သုတ္သင္ရွင္းလင္းခဲ့သည္ဟု သတင္းထုတ္ျပန္ ထားသည္။