စစ်ကားအတွင်း ဗုံးပစ်သွင်း။ စစ်သား ၃ ဦးနှင့် ဗုံးပစ်သူ တစ်ဦး သေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်။
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်တွင် စစ်ကောင်စီကားတစ်စီး ဗုံးပစ်သွင်း တိုက် ခိုက်ခံရပြီး စစ်သား ၃ ဦး သေဆုံးပြီး ဗုံးပစ်ခဲ့သူများကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ် ဖမ်းဆီးခဲ့ရာ တစ်ဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီ ကျော်ဝန်းကျင်အချိန်ခန့်က ပုသိမ်-ရန်ကုန် လမ်းမကြီး၏ ပုသိမ်-ကန်ကြီးထောင့်လမ်းပိုင်းပေါ်ရှိ ကညင်ငူကျေးရွာအနီးတွင် ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးက စစ်ကားအနီး အရောက်တွင် ဗုံးပစ်သွင်းခဲ့ခြင်း ဖြစ်သည်။
ထိုကြောင့် ကားပေါ်တွင်ပါလာသည့် စစ်သား ၃ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများကို ပုသိမ်စစ်ဆေးရုံတွင် ဆေးကုသပေးထားသည်ဟု ဆေးရုံတာဝန်ရှိသူများက ပြောသည်။
စစ်ကားကို ဗုံးခွဲတိုက်ခိုက်ခဲ့သည့် ဆိုင်ကယ်ကို စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပြန်ပစ်ရာ ဆိုင်ကယ်တွင်ပါ လာသည့် လူငယ် ၂ ဦးအနက် ၁ ဦးက လွတ်မြောက်သွားပြီး၊ သေနတ်ကျည် ထိမှန်၍ ကျန်ခဲ့သည့် လူငယ်က ကန်ကြီးထောင့် ဆေးရုံသို့ ပို့ဆောင်စဉ်သေဆုံးသွားသည်ဟု လူမှုကူညီရေးအဖွဲ့နှင့် နီးစပ်သူက ပြောသည်။
”သေနတ်ဒဏ်ရာနဲ့ မိသွားတဲ့ ကောင်လေးကို ဒေါသတကြီးနဲ့ ဝိုင်းကန်ထိုးကျိတ်ကြတယ်“ ဟု မျက်မြင်တွေ့ လိုက်သူ တစ်ဦး က ပြောသည်။
ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ ပုသိမ်ခရိုင်က ထိုတိုက်ခိုက်မှုတွင် ၎င်းတို့၏ ရဲဘော် မောင်ကျော် ကျဆုံးသွား သဖြင့် ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုဖြစ်ပွားသည့် နေရာသည် ကန်ကြီးထောင့်မြို့ အဝင် လမ်းဆုံ နှင့် ၁ မိုင်ခန့်သာ ကွာဝေးပြီး ပုသိမ်မြို့မှ ၁၅ မိုင်ခန့်ကွာ ဝေးသည်ဟု ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့ ညအချိန်တုန်းကလည်း ကန်ကြီးထောင့်မြို့နယ်၊ မဂူကျွန်းကျေးရွာ အနီး တောတွင်းရှိ မြို့ပြ ပြောက်ကျားတပ်ဖွဲ့၏ စခန်းငယ် တစ်ခုကို အင်အား ၃၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့သော်လည်း နှစ်ဘက် ထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
*** ZAWGYI ***
စစ္ကားအတြင္း ဗုံးပစ္သြင္း။ စစ္သား ၃ ဦးႏွင့္ ဗုံးပစ္သူ တစ္ဦး ေသ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၅ ရက္။
ဧရာဝတီတိုင္း၊ ကန္ႀကီးေထာင့္ၿမိဳ႕နယ္တြင္ စစ္ေကာင္စီကားတစ္စီး ဗုံးပစ္သြင္း တိုက္ ခိုက္ခံရၿပီး စစ္သား ၃ ဦး ေသဆုံးၿပီး ဗုံးပစ္ခဲ့သူမ်ားကိုလည္း စစ္ေကာင္စီတပ္ဖြဲ႕က ပစ္ခတ္ ဖမ္းဆီးခဲ့ရာ တစ္ဦး ေသဆုံးသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။
ေအာက္တိုဘာလ ၂၄ ရက္ေန႔ ညေန ၆ နာရီ ေက်ာ္ဝန္းက်င္အခ်ိန္ခန႔္က ပုသိမ္-ရန္ကုန္ လမ္းမႀကီး၏ ပုသိမ္-ကန္ႀကီးေထာင့္လမ္းပိုင္းေပၚရွိ ကညင္ငူေက်း႐ြာအနီးတြင္ ဆိုင္ကယ္စီးလာသည့္ လူငယ္ႏွစ္ဦးက စစ္ကားအနီး အေရာက္တြင္ ဗုံးပစ္သြင္းခဲ့ျခင္း ျဖစ္သည္။
ထိုေၾကာင့္ ကားေပၚတြင္ပါလာသည့္ စစ္သား ၃ ဦးေသဆုံးၿပီး ၂ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့သည္။ ထိခိုက္ဒဏ္ရာ ရရွိခဲ့သူမ်ားကို ပုသိမ္စစ္ေဆး႐ုံတြင္ ေဆးကုသေပးထားသည္ဟု ေဆး႐ုံတာဝန္ရွိသူမ်ားက ေျပာသည္။
စစ္ကားကို ဗုံးခြဲတိုက္ခိုက္ခဲ့သည့္ ဆိုင္ကယ္ကို စစ္ေကာင္စီတပ္ဖြဲ႕က ေသနတ္ျဖင့္ ျပန္ပစ္ရာ ဆိုင္ကယ္တြင္ပါ လာသည့္ လူငယ္ ၂ ဦးအနက္ ၁ ဦးက လြတ္ေျမာက္သြားၿပီး၊ ေသနတ္က်ည္ ထိမွန္၍ က်န္ခဲ့သည့္ လူငယ္က ကန္ ႀကီးေထာင့္ ေဆး႐ုံသို႔ ပို႔ေဆာင္စဥ္ေသဆုံးသြားသည္ဟု လူမႈကူညီေရးအဖြဲ႕ႏွင့္ နီးစပ္သူက ေျပာသည္။
”ေသနတ္ဒဏ္ရာနဲ႔ မိသြားတဲ့ ေကာင္ေလးကို ေဒါသတႀကီးနဲ႔ ဝိုင္းကန္ထိုးက်ိတ္ၾကတယ္“ ဟု မ်က္ျမင္ေတြ႕ လိုက္သူ တစ္ဦး က ေျပာသည္။
ပုသိမ္ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕ ပုသိမ္ခ႐ိုင္က ထိုတိုက္ခိုက္မႈတြင္ ၎တို႔၏ ရဲေဘာ္ ေမာင္ေက်ာ္ က်ဆုံးသြား သျဖင့္ ဝမ္းနည္းေၾကာင္း သဝဏ္လႊာ ထုတ္ျပန္ထားသည္။
တိုက္ခိုက္မႈျဖစ္ပြားသည့္ ေနရာသည္ ကန္ႀကီးေထာင့္ၿမိဳ႕ အဝင္ လမ္းဆုံ ႏွင့္ ၁ မိုင္ခန႔္သာ ကြာေဝးၿပီး ပုသိမ္ၿမိဳ႕မွ ၁၅ မိုင္ခန႔္ကြာ ေဝးသည္ဟု ေဒသခံမ်ားက ဆိုသည္။
ၿပီးခဲ့သည့္ စက္တင္ဘာလ ၂၁ ရက္ေန႔ ညအခ်ိန္တုန္းကလည္း ကန္ႀကီးေထာင့္ၿမိဳ႕နယ္၊ မဂူကြၽန္းေက်း႐ြာ အနီး ေတာတြင္းရွိ ၿမိဳ႕ျပ ေျပာက္က်ားတပ္ဖြဲ႕၏ စခန္းငယ္ တစ္ခုကို အင္အား ၃၀ ခန႔္ရွိသည့္ စစ္ေကာင္စီတပ္ဖြဲ႕ က စီးနင္းတိုက္ခိုက္ခဲ့ေသာ္လည္း ႏွစ္ဘက္ ထိခိုက္က်ဆုံးမႈ မရွိခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။