SSPP ၊TNLA ပူးပေါင်းအဖွဲ့နှင့် RCSS တို့ တိုက်ပွဲကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရ
ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့နယ်ထဲမှာ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ပေါင်းစုနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး လက်နက်ကြီးကျည်စထိမှန်တာကြောင့် ကလေးငယ်တစ်ယောက် အပါအဝင် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။