စစ်တပ်ထောက်ခံပွဲလာသူများအား ဒေသခံ လူထုက သံပုံးတီး နှင်ထုတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်။

စစ်တပ်ထောက်ခံပွဲလာသည့် ယာဉ်တန်းကို မကွေးတိုင်းဒေသကြီး အောင်လံမြို့နေ ဒေသပြည်သူများက သံပုံးတီး၍ နှင်ထုတ်ခဲ့ကြသည်။

အောက်တိုဘာလ ၂၅ ရက်နေ့က တပ်မတော်ထောက်ခံပွဲပြုလုပ်ရန် အတွက် အောင်လံမြို့နယ် အားကစားကွင်း သို့ ထော်လာဂျီများ၊ ကားများဖြင့် ပြည်-အောင်လံ လမ်းမအတိုင်း ချီတက်လာစဉ် မြို့နေ ဒေသခံပြည်သူများက အာဏာလု အကြမ်းဖက်စစ်တပ် အလိုမရှိကြောင်း သံပုံးတီး၍နှင်ထုတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

အောင်လံမြို့ခံ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက “စစ်တပ် ထောက်ခံပွဲ လာလုပ်တာကလည်း လူ ဦးရေ နည်းနည်းပါဘဲ။ သူ့တို အသိုင်းအဝိုင်းထဲက သူတွေလောက်ပါပဲ တကယ်တန်း အာဏာသိမ်း စစ်ကောင်စီ ကို အလိုမရှိကြောင်း လူထုဆန္ဒထုတ်ဖော်ပွဲ လုပ်ရရင် လမ်းမပေါ် ပြည့်သွားမယ်” ဟု ပြောသည်။

စစ်ကောင်စီကို ထောက်ခံသူများက တပ်မတော်ထောက်ခံပွဲ ခေါင်းစဉ်ဖြင့် မကွေးတိုင်း အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် တပြိုင်တည်း ထောက်ခံပွဲတွေ လုပ်နေကြခြင်းသည် ပြည်သူ့တော်လှန်ရေး၏ ပုံရိပ်ကို ထိခိုက်စေရန်ရည်ရွယ်ပုံရသည်ဟု တော်လှန်ရေးအင်အားစု PDF အဖွဲ့ ၆ ဖွဲ့ထဲတွင်ပါသည့် ဗိဿနိုးနယ်မြေ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ် က ပြောသည်။

တပ်မတော် ထောက်ခံနေသူများ၏ အနီးပတ်ဝန်းကျင်ကို မသွားလာကြရန် မကွေးတိုင်းအခြေပြု PDF အင်အားစု အဖွဲ့ ၆ ဖွဲ့က သတိပေးစာ ထုတ်ပြန်ထားသည်။

PRA Magway၊ Pwintphyu PDF၊ ဗိဿနိုး PDF၊ Salin PDF၊ Magway PDF, No Chair Guerrilla အဖွဲ့ ၆ ဖွဲ့က မိဘ ပြည်သူများအနေဖြင့် တစ်စုံတစ်ရာ ထိခိုက်မှု မရှိစေရေး တပ်မတော်ထောက်ခံသူများ၏ အနီးဝန်းကျင်ကို သွား လာလှုပ်ရှားခြင်း မပြုလုပ်ကြရန် သတိပေး မေတ္တာရပ်ခံစာကို ထုတ်ပြန်ထားသည်။

မကွေးတိုင်းအတွင်း မကွေး၊ စလင်း၊ စေတုတ္တရာ၊ ငဖဲ၊ ကံမ၊ ဆင်ပေါင်ဝဲ၊ မင်းလှနှင့် အောင်လံမြို့တို့တွင် တပ်မ တော် ထောက်ခံပွဲပြုလုပ်ခဲ့ကြပြီး ထိုပွဲများသို့ တပ်ထောက်ခံသူ မိသားစုဝင်များ၊ ကြံ့ခိုင်ရေးပါတီဝင်များ နှင့် စစ် ကောင်စီ၏ မိတ်ဖက်ပါတီအချို့က တက်ရောက်ခဲ့ကြသည်။

*** ZAWGYI ***
စစ္တပ္ေထာက္ခံပြဲလာသူမ်ားအား ေဒသခံ လူထုက သံပုံးတီး ႏွင္ထုတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၆ ရက္။

စစ္တပ္ေထာက္ခံပြဲလာသည့္ ယာဥ္တန္းကို မေကြးတိုင္းေဒသႀကီး ေအာင္လံၿမိဳ႕ေန ေဒသျပည္သူမ်ားက သံပုံးတီး၍ ႏွင္ထုတ္ခဲ့ၾကသည္။

ေအာက္တိုဘာလ ၂၅ ရက္ေန႔က တပ္မေတာ္ေထာက္ခံပြဲျပဳလုပ္ရန္ အတြက္ ေအာင္လံၿမိဳ႕နယ္ အားကစားကြင္း သို႔ ေထာ္လာဂ်ီမ်ား၊ ကားမ်ားျဖင့္ ျပည္-ေအာင္လံ လမ္းမအတိုင္း ခ်ီတက္လာစဥ္ ၿမိဳ႕ေန ေဒသခံျပည္သူမ်ားက အာဏာလု အၾကမ္းဖက္စစ္တပ္ အလိုမရွိေၾကာင္း သံပုံးတီး၍ႏွင္ထုတ္ျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္ဟု ေဒသခံမ်ားက ေျပာသည္။

ေအာင္လံၿမိဳ႕ခံ အသက္ ၄၀ ေက်ာ္အ႐ြယ္ အမ်ိဳးသားတစ္ဦးက “စစ္တပ္ ေထာက္ခံပြဲ လာလုပ္တာကလည္း လူ ဦးေရ နည္းနည္းပါဘဲ။ သူ႔တို အသိုင္းအဝိုင္းထဲက သူေတြေလာက္ပါပဲ တကယ္တန္း အာဏာသိမ္း စစ္ေကာင္စီ ကို အလိုမရွိေၾကာင္း လူထုဆႏၵထုတ္ေဖာ္ပြဲ လုပ္ရရင္ လမ္းမေပၚ ျပည့္သြားမယ္” ဟု ေျပာသည္။

စစ္ေကာင္စီကို ေထာက္ခံသူမ်ားက တပ္မေတာ္ေထာက္ခံပြဲ ေခါင္းစဥ္ျဖင့္ မေကြးတိုင္း အပါအဝင္ တိုင္းႏွင့္ ျပည္နယ္အခ်ိဳ႕တြင္ တၿပိဳင္တည္း ေထာက္ခံပြဲေတြ လုပ္ေနၾကျခင္းသည္ ျပည္သူ႔ေတာ္လွန္ေရး၏ ပုံရိပ္ကို ထိခိုက္ေစရန္ရည္႐ြယ္ပုံရသည္ဟု ေတာ္လွန္ေရးအင္အားစု PDF အဖြဲ႕ ၆ ဖြဲ႕ထဲတြင္ပါသည့္ ဗိႆႏိုးနယ္ေျမ ျပည္သူ႔ကာ ကြယ္ေရးတပ္မေတာ္ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္ထန္ထြဋ္ က ေျပာသည္။

တပ္မေတာ္ ေထာက္ခံေနသူမ်ား၏ အနီးပတ္ဝန္းက်င္ကို မသြားလာၾကရန္ မေကြးတိုင္းအေျချပဳ PDF အင္အားစု အဖြဲ႕ ၆ ဖြဲ႕က သတိေပးစာ ထုတ္ျပန္ထားသည္။

PRA Magway၊ Pwintphyu PDF၊ ဗိႆႏိုး PDF၊ Salin PDF၊ Magway PDF, No Chair Guerrilla အဖြဲ႕ ၆ ဖြဲ႕က မိဘ ျပည္သူမ်ားအေနျဖင့္ တစ္စုံတစ္ရာ ထိခိုက္မႈ မရွိေစေရး တပ္မေတာ္ေထာက္ခံသူမ်ား၏ အနီးဝန္းက်င္ကို သြား လာလႈပ္ရွားျခင္း မျပဳလုပ္ၾကရန္ သတိေပး ေမတၱာရပ္ခံစာကို ထုတ္ျပန္ထားသည္။

မေကြးတိုင္းအတြင္း မေကြး၊ စလင္း၊ ေစတုတၱရာ၊ ငဖဲ၊ ကံမ၊ ဆင္ေပါင္ဝဲ၊ မင္းလွႏွင့္ ေအာင္လံၿမိဳ႕တို႔တြင္ တပ္မ ေတာ္ ေထာက္ခံပြဲျပဳလုပ္ခဲ့ၾကၿပီး ထိုပြဲမ်ားသို႔ တပ္ေထာက္ခံသူ မိသားစုဝင္မ်ား၊ ႀကံ့ခိုင္ေရးပါတီဝင္မ်ား ႏွင့္ စစ္ ေကာင္စီ၏ မိတ္ဖက္ပါတီအခ်ိဳ႕က တက္ေရာက္ခဲ့ၾကသည္။