တနင်္သာရီ မြို့နယ်အတွင်း ပျူစောထီး အဖွဲ့ဝင် ဆိုသူ ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်။
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း ပျူစောထီး အဖွဲ့ဝင် ဆိုသူ တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည်။
တနင်္သာရီ မြို့နယ် တကူကျေးရွာအုပ်စု လမိုင်းကော့ရပ်ကွက်မှ ဦးယုအောင်ကို အဖွဲ့တစ်ဖွဲ့ က အောက်တိုဘာလ ၂၅ ရက်နေ့ ညတွင် ကျေးရွာလမ်းမပေါ်ရှိနေစဉ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
လမိုင်းကော့ရပ်ကွက်က အသက် ၃၀ ကျော်အရွယ် ဒေသခံအမျိုးသား တစ်ဦးက “သေနတ်သုံးချက်လောက် အပစ် ခံရတာ။ ဦးခေါင်းထိတဲ့ တစ်ချက်ကြောင့် နေရာမှာတင် ပွဲချင်းပြီး သေသွားတာ“ ဟု ပြောသည်။
တကူကျေးရွာအုပ်စုတွင် ဦးယုအောင်မှာ ဒလန်ဖြစ်သည်ဟု လူပြောများနေပြီး ပျူစောထီးအဖွဲ့ဝင်ထားသလို စစ် ကောင်စီမှ ပံ့ပိုးထားသည့် လက်နက်များလည်း ဦးယုအောင်တွင် ရှိနေသည့်ဆိုသည့် သတင်းများကြောင့် ယခုကဲ့ သို့ လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု တကူးကျေးရွာအုပ်စု၊ လမိုင်းကော့ရပ်ကွက်က ဒေသခံများ ပြော သည်။
ထိုပစ်ခတ်မှုနှင့် ပတ်သက်၍ ဒေသခံရွာသားများက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မတရား စွပ်စွဲ ဖမ်းဆီး စစ်ဆေးခံရမည်ကို စိုးရိမ်ထိတ်လန့်နေကြပြီး ရွာသားအချို့မှာ တိမ်းရှောင်နေကြသည်ဟု သိရသည်။
နုတ်ထွက်စာတင်ထားသည့် တကူကျေးရွာ၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးသက်နိုင် နေအိမ်တွင်လည်း အောက်တိုဘာလ ၂၁ ရက်နေ့ ညက မတော်တဆ သေနတ်ပေါက်ထွက်ခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့ သည်ဟု ဒေသခံများ က ပြောသည်။
ယင်း သေနတ်ပေါက်ထွက်မှုကြောင့် ဦးသက်နိုင်၏ ယောက်ခထီးဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ခဲ့သည့်အတွက် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု လိမ်လည်ပြောဆိုနေခြင်း ကြောင့် ဒေသခံ PDF (နဂါးစစ်သည်) တပ်ဖွဲ့က ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်း အောက်တိုဘာလ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန် ငြင်းဆိုထားသည်။
*** ZAWGYI ***
တနသၤာရီ ၿမိဳ႕နယ္အတြင္း ပ်ဴေစာထီး အဖြဲ႕ဝင္ ဆိုသူ ပစ္သတ္ခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၆ ရက္။
ၿမိတ္ခ႐ိုင္၊ တနသၤာရီၿမိဳ႕နယ္အတြင္း ပ်ဴေစာထီး အဖြဲ႕ဝင္ ဆိုသူ တစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရသည္။
တနသၤာရီ ၿမိဳ႕နယ္ တကူေက်း႐ြာအုပ္စု လမိုင္းေကာ့ရပ္ကြက္မွ ဦးယုေအာင္ကို အဖြဲ႕တစ္ဖြဲ႕ က ေအာက္တိုဘာလ ၂၅ ရက္ေန႔ ညတြင္ ေက်း႐ြာလမ္းမေပၚရွိေနစဥ္ ပစ္ခတ္ခဲ့ျခင္းျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။
လမိုင္းေကာ့ရပ္ကြက္က အသက္ ၃၀ ေက်ာ္အ႐ြယ္ ေဒသခံအမ်ိဳးသား တစ္ဦးက “ေသနတ္သုံးခ်က္ေလာက္ အပစ္ ခံရတာ။ ဦးေခါင္းထိတဲ့ တစ္ခ်က္ေၾကာင့္ ေနရာမွာတင္ ပြဲခ်င္းၿပီး ေသသြားတာ“ ဟု ေျပာသည္။
တကူေက်း႐ြာအုပ္စုတြင္ ဦးယုေအာင္မွာ ဒလန္ျဖစ္သည္ဟု လူေျပာမ်ားေနၿပီး ပ်ဴေစာထီးအဖြဲ႕ဝင္ထားသလို စစ္ ေကာင္စီမွ ပံ့ပိုးထားသည့္ လက္နက္မ်ားလည္း ဦးယုေအာင္တြင္ ရွိေနသည့္ဆိုသည့္ သတင္းမ်ားေၾကာင့္ ယခုကဲ့ သို႔ လာေရာက္ပစ္ခတ္ခဲ့ျခင္းျဖစ္ႏိုင္သည္ဟု တကူးေက်း႐ြာအုပ္စု၊ လမိုင္းေကာ့ရပ္ကြက္က ေဒသခံမ်ား ေျပာ သည္။
ထိုပစ္ခတ္မႈႏွင့္ ပတ္သက္၍ ေဒသခံ႐ြာသားမ်ားက စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ မတရား စြပ္စြဲ ဖမ္းဆီး စစ္ေဆးခံရမည္ကို စိုးရိမ္ထိတ္လန႔္ေနၾကၿပီး ႐ြာသားအခ်ိဳ႕မွာ တိမ္းေရွာင္ေနၾကသည္ဟု သိရသည္။
ႏုတ္ထြက္စာတင္ထားသည့္ တကူေက်း႐ြာ၏ စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉး ဦးသက္ႏိုင္ ေနအိမ္တြင္လည္း ေအာက္တိုဘာလ ၂၁ ရက္ေန႔ ညက မေတာ္တဆ ေသနတ္ေပါက္ထြက္ခဲ့သည့္ ျဖစ္စဥ္တစ္ခုလည္း ျဖစ္ပြားခဲ့ သည္ဟု ေဒသခံမ်ား က ေျပာသည္။
ယင္း ေသနတ္ေပါက္ထြက္မႈေၾကာင့္ ဦးသက္ႏိုင္၏ ေယာက္ခထီးျဖစ္သူ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီးေနာက္ ေဒသခံ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕က ပစ္ခတ္ခဲ့သည့္အတြက္ ဒဏ္ရာရရွိခဲ့ျခင္း ျဖစ္သည္ဟု လိမ္လည္ေျပာဆိုေနျခင္း ေၾကာင့္ ေဒသခံ PDF (နဂါးစစ္သည္) တပ္ဖြဲ႕က ၎တို႔၏ လက္ခ်က္မဟုတ္ေၾကာင္း ေအာက္တိုဘာလ ၂၂ ရက္ေန႔တြင္ သတင္းထုတ္ျပန္ ျငင္းဆိုထားသည္။