“ဧရာဗေဒါ” အဖွဲ့က Mytel တာဝါတိုင် တစ်တိုင်ကို ဖောက်ခွဲဖျက်ဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်က ဒေသခံ ပြောက်ကျား တပ်ဖွဲ့ဖြစ်သည့် “ဧရာဗေဒါ”အဖွဲ့က အာဏာသိမ်း စစ်တပ်ပိုင် Mytel ဖုန်းတာဝါတိုင် တစ်တိုင်ကို မိုင်းခွဲဖျက်ဆီး လိုက်သည်။

ကျိုက်လတ်မြို့နယ် အတွင်းရှိ ဖောင်ရိုးဆိပ် ကျေးရွာ အုပ်စု၊ မင်းဇံကျေးရွာရှိ မိုင်တဲဖုန်း တာဝါတိုင်ကို အောက် တိုဘာလ ၂၆ ရက်နေ့ နံ နက် ၃ နာရီ ၅၀ မိနစ်က အောင်မြင်စွာ မိုင်းခွဲ ဖျက်ဆီးနိုင်ခဲ့ကြောင်း “ဧရာဗေဒါ “အဖွဲ့ က ပြောသည်။

မင်းဇံကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး က “အဲ့ပေါက်ကွဲမှုကို စစ်တပ်က လာစစ်တယ်။ တိုင်ခြေကဟာတွေ အကုန်တော့ ပျက်စီးကုန်တယ် လူထိခိုက်တာတော့ မရှိဘူး” ဟု ပြောသည်။

ဧရာဗေဒါ ပြောက်ကျားတပ်ဖွဲ့က စစ်ကောင်စီ၏ စီးပွားရေး ဒေါက်တိုင်များ၊ အုပ်ချုပ်ရေး ထောက်တိုင်များ ကို တိုက်ခိုက်သွားမည် ဖြစ်၍ ပြည်သူများ အနေဖြင့် စစ်ကောင်စီအဖွဲ့များ၏ အနီးနှင့် ၎င်းတို့နှင့် သက်ဆိုင်သည့် အဆောက်အဦများအနီး သွားလာနေထိုင်ခြင်း မပြုရန်လည်း မေတ္တာရပ်ခံထားသည်။

ယမန်နေ့က မိုင်းခွဲဖောက်ခဲနိုင်ခဲ့သည့် မိုင်တဲဖုန်း တာဝါတိုင်၏ အောက်ခြေရှိ ဆိုလာပြားများ၊ စက်ကရိယာများ နှင့် ဝါယာကြိုးများ ပျက်စီးသွားဟု အုပ်ချုပ်ရေးအဖွဲ့ဝင်က ပြောသည်။

မိုင်းပေါက်ကွဲမှု နှင့် ပါတ်သက်၍ မသက်ဆိုင်သည့်သူများကို စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက အကြောင်းမဲ့ ဖမ်း ဆီးစစ်ဆေးမည်ကိုလည်း ဒေသခံများက စိုးရိမ်နေ ကြသည်။

ဒေသခံ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးက “ပထမ အကြိမ် မိုင်တဲတာဝါတိုင် ကိစ္စတုန်းက မသင်္ကာလို့ ဖမ်းထားတဲ့ သူတချို့ကို အခုထိ ပြန်မလွှတ်သေးဘူး” ဟု ပြောသည်။

စက်တင်ဘာ ၁၉ ရက်နေ့က ကျိုတ်လတ်မြို့နယ်၊ စစ်ကုန်းကျေးရွာအနီးရှိ မိုင်တဲ ဖုန်း တာဝါတိုင်ကို FTR (FreeTiger Ranger) ကျိုက်လတ်မြို့နယ်အဖွဲ့ခွဲက မီးရှို့ဖျက်စီးခဲ့သည်။

*** ZAWGYI ***
“ဧရာေဗဒါ” အဖြဲ႕က Mytel တာဝါတိုင္ တစ္တိုင္ကို ေဖာက္ခြဲဖ်က္ဆီး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၇ ရက္။

ဧရာဝတီတိုင္း၊ က်ိဳက္လတ္ၿမိဳ႕နယ္က ေဒသခံ ေျပာက္က်ား တပ္ဖြဲ႕ျဖစ္သည့္ “ဧရာေဗဒါ”အဖြဲ႕က အာဏာသိမ္း စစ္တပ္ပိုင္ Mytel ဖုန္းတာဝါတိုင္ တစ္တိုင္ကို မိုင္းခြဲဖ်က္ဆီး လိုက္သည္။

က်ိဳက္လတ္ၿမိဳ႕နယ္ အတြင္းရွိ ေဖာင္႐ိုးဆိပ္ ေက်း႐ြာ အုပ္စု၊ မင္းဇံေက်း႐ြာရွိ မိုင္တဲဖုန္း တာဝါတိုင္ကို ေအာက္ တိုဘာလ ၂၆ ရက္ေန႔ နံ နက္ ၃ နာရီ ၅၀ မိနစ္က ေအာင္ျမင္စြာ မိုင္းခြဲ ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း “ဧရာေဗဒါ “အဖြဲ႕ က ေျပာသည္။

မင္းဇံေက်း႐ြာ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္တစ္ဦး က “အဲ့ေပါက္ကြဲမႈကို စစ္တပ္က လာစစ္တယ္။ တိုင္ေျခကဟာေတြ အကုန္ေတာ့ ပ်က္စီးကုန္တယ္ လူထိခိုက္တာေတာ့ မရွိဘူး” ဟု ေျပာသည္။

ဧရာေဗဒါ ေျပာက္က်ားတပ္ဖြဲ႕က စစ္ေကာင္စီ၏ စီးပြားေရး ေဒါက္တိုင္မ်ား၊ အုပ္ခ်ဳပ္ေရး ေထာက္တိုင္မ်ား ကို တိုက္ခိုက္သြားမည္ ျဖစ္၍ ျပည္သူမ်ား အေနျဖင့္ စစ္ေကာင္စီအဖြဲ႕မ်ား၏ အနီးႏွင့္ ၎တို႔ႏွင့္ သက္ဆိုင္သည့္ အေဆာက္အဦမ်ားအနီး သြားလာေနထိုင္ျခင္း မျပဳရန္လည္း ေမတၱာရပ္ခံထားသည္။

ယမန္ေန႔က မိုင္းခြဲေဖာက္ခဲႏိုင္ခဲ့သည့္ မိုင္တဲဖုန္း တာဝါတိုင္၏ ေအာက္ေျခရွိ ဆိုလာျပားမ်ား၊ စက္ကရိယာမ်ား ႏွင့္ ဝါယာႀကိဳးမ်ား ပ်က္စီးသြားဟု အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္က ေျပာသည္။

မိုင္းေပါက္ကြဲမႈ ႏွင့္ ပါတ္သက္၍ မသက္ဆိုင္သည့္သူမ်ားကို စစ္ေကာင္စီ၏ တပ္ဖြဲ႕ဝင္မ်ားက အေၾကာင္းမဲ့ ဖမ္း ဆီးစစ္ေဆးမည္ကိုလည္း ေဒသခံမ်ားက စိုးရိမ္ေန ၾကသည္။

ေဒသခံ ႏိုင္ငံေရး အက်ဥ္းသားေဟာင္း တစ္ဦးက “ပထမ အႀကိမ္ မိုင္တဲတာဝါတိုင္ ကိစၥတုန္းက မသကၤာလို႔ ဖမ္းထားတဲ့ သူတခ်ိဳ႕ကို အခုထိ ျပန္မလႊတ္ေသးဘူး” ဟု ေျပာသည္။

စက္တင္ဘာ ၁၉ ရက္ေန႔က က်ိဳတ္လတ္ၿမိဳ႕နယ္၊ စစ္ကုန္းေက်း႐ြာအနီးရွိ မိုင္တဲ ဖုန္း တာဝါတိုင္ကို FTR (FreeTiger Ranger) က်ိဳက္လတ္ၿမိဳ႕နယ္အဖြဲ႕ခြဲက မီးရႈိ႕ဖ်က္စီးခဲ့သည္။