မြိတ်မှလာသော စစ်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ၊ စစ်သား အချို့ သေဆုံးဟု ဒေသခံများပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။
မြိတ်မှ ပုလောဘက်သို့ မောင်းနှင်နေသည့် စစ်ကားကြီး ၁၅ စီး ပါဝင်သည့် ယာဉ်တန်းကို အဖွဲ့တစ်ဖွဲ့ က အောက်တိုဘာ ၂၆ ရက်နေ့၊ နံနက် ပိုင်းက မိုင်းဆွဲတိုက်ခိုက်ရာ တပ်ဖွဲ့ဝင် ၆ ဦးခန့် သေဆုံးသည်ဟု ဒေသခံများက ပြောသည်။
မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့အနီး စက်တော်ရာကျေးရွာနှင့် တပိုကျေးရွာအကြားရှိ ဘုရားကုန်းနေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရရာ စစ်ကား ၃ စီး တိမ်း မှောက်သွားသည်။
“အုန်း အုန်း အုန်းနဲ့ ပေါက်ကွဲသံက လေးငါးချက် ဆက်တိုက်ကြားရတယ်။ နောက်တော့ စစ်ကား ၃ စီး ထိတယ် ကြားတယ်၊ ဘယ်သူမှတော့ သွားမကြည့်ရဲဘူး။ ရွာသားတွေဆိုရင် ကြောက်လန့်ပြီး ဈေးဝယ်တောင် မထွက်ရဲ ကြတော့ဘူး” အသက် ၄၀ အရွယ်ခန့်ရှိသည့် တပို့ရွာသား တစ်ဦး က ပြောသည်။
မိုင်းခွဲတိုက်ခိုက်သူများကို စစ်သားများက အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းအထိ တောနင်းရှာဖွေနေသည်ဟုလည်း ဒေသခံများက ပြောသည်။
ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်သားများက သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် လူနေအိမ် အချို့ ထိမှန်မှုများရှိခဲ့သည်။
အဆိုပါတိုက်ခိုက်မှုသည် ပုလောဒေသခံ PDF နှင့် PRDF ပူးပေါင်းအဖွဲ့တို့၏ လုပ်ဆောင်မှု ဖြစ်နိုင်သည်ဟုလည်း ဒေသခံရွာသားအချို့ ခန့်မှန်း ပြောဆိုနေ ကြသည်။
*** ZAWGYI ***
ၿမိတ္မွလာေသာ စစ္ယာဥ္တန္း မိုင္းဆြဲ တိုက္ခိုက္ခံရ၊ စစ္သား အခ်ိဳ႕ ေသဆုံးဟု ေဒသခံမ်ားေျပာ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၇ ရက္။
ၿမိတ္မွ ပုေလာဘက္သို႔ ေမာင္းႏွင္ေနသည့္ စစ္ကားႀကီး ၁၅ စီး ပါဝင္သည့္ ယာဥ္တန္းကို အဖြဲ႕တစ္ဖြဲ႕ က ေအာက္တိုဘာ ၂၆ ရက္ေန႔၊ နံနက္ ပိုင္းက မိုင္းဆြဲတိုက္ခိုက္ရာ တပ္ဖြဲ႕ဝင္ ၆ ဦးခန႔္ ေသဆုံးသည္ဟု ေဒသခံမ်ားက ေျပာသည္။
ၿမိတ္ခ႐ိုင္၊ ပုေလာၿမိဳ႕နယ္၊ ပလၿမိဳ႕အနီး စက္ေတာ္ရာေက်း႐ြာႏွင့္ တပိုေက်း႐ြာအၾကားရွိ ဘုရားကုန္းေနရာတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားလိုက္ပါလာသည့္ ယာဥ္တန္း မိုင္းခြဲတိုက္ခိုက္ခံရရာ စစ္ကား ၃ စီး တိမ္း ေမွာက္သြားသည္။
“အုန္း အုန္း အုန္းနဲ႔ ေပါက္ကြဲသံက ေလးငါးခ်က္ ဆက္တိုက္ၾကားရတယ္။ ေနာက္ေတာ့ စစ္ကား ၃ စီး ထိတယ္ ၾကားတယ္၊ ဘယ္သူမွေတာ့ သြားမၾကည့္ရဲဘူး။ ႐ြာသားေတြဆိုရင္ ေၾကာက္လန႔္ၿပီး ေဈးဝယ္ေတာင္ မထြက္ရဲ ၾကေတာ့ဘူး” အသက္ ၄၀ အ႐ြယ္ခန႔္ရွိသည့္ တပို႔႐ြာသား တစ္ဦး က ေျပာသည္။
မိုင္းခြဲတိုက္ခိုက္သူမ်ားကို စစ္သားမ်ားက ေအာက္တိုဘာ ၂၇ ရက္ နံနက္ပိုင္းအထိ ေတာနင္းရွာေဖြေနသည္ဟုလည္း ေဒသခံမ်ားက ေျပာသည္။
ယာဥ္တန္း တိုက္ခိုက္ခံရၿပီး စစ္သားမ်ားက ေသနတ္ျဖင့္ ရမ္းသန္းပစ္ခတ္မႈေၾကာင့္ လူေနအိမ္ အခ်ိဳ႕ ထိမွန္မႈမ်ားရွိခဲ့သည္။
အဆိုပါတိုက္ခိုက္မႈသည္ ပုေလာေဒသခံ PDF ႏွင့္ PRDF ပူးေပါင္းအဖြဲ႕တို႔၏ လုပ္ေဆာင္မႈ ျဖစ္ႏိုင္သည္ဟုလည္း ေဒသခံ႐ြာသားအခ်ိဳ႕ ခန႔္မွန္း ေျပာဆိုေန ၾကသည္။