မြောင်းမြထောင်တွင် ၅၀၅(က) ဖြင့် ထိန်းသိမ်းထားသော အကျဉ်းသား တစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။
ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြအကျဉ်းထောင်တွင် အိမ်ငှားများ ဖောက်ခွဲရေး လုပ်သည်ဆိုသော သံသယဖြင့် ဖမ်းဆီးထားသည့် အကျဥ်းသား တစ်ဦး သေဆုံးသွားသည်။
ပုဒ်မ ၅၀၅ (က)ဖြင့် ဖမ်းဆီးခံထားရသည့် အသက် ၆၈ နှစ်ရှိ ဦးအင်ဟုတ်သည် အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းအချိန်က ထောင်အတွင်း၌ မူးလဲကျကာ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု မိသားစုများ က ပြောသည်။
ဦးအင်ဟုတ်သည် မြောင်းမြမြို့နယ်၊ ညောင်ခြေထောက် ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ၎င်း၏အိမ်ငှားများက ဖောက်ခွဲရေး လုပ်သည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်များက ဇွန်လ ၃ ရက်နေ့ က လာရောက် ရှာဖွေစဥ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
သံသယဖြင့် အချိန်ကာလ ကြာမြင့်စွာ ချုပ်နှောင်ထားချိန်တွင် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
အောက်တိုဘာ ၁၂ ရက်နေ့ကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ၏ ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး (ငြိမ်း) ဦးတင်စောလည်း ဖမ်းဆီး ထိန်းသိမ်းခံထားရစဉ် အချိန်အတွင်း ကွယ် လွန် ခဲ့သည်။
မြောင်းမြအကျဉ်းထောင်တွင် စစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်ရေးလှုပ်ရှားသူများ နှင့် CDM ဝန်ထမ်းများ အပါအဝင် နိုင်ငံရေးအကျဥ်းသား ၆၀ နီးပါးကို ဖမ်းဆီးချုပ်နှောင်ထားသည်ဟု ဒေသခံများ၏ ပြောပြချက်များ အရ သိရသည်။
*** ZAWGYI ***
ေျမာင္းျမေထာင္တြင္ ၅၀၅(က) ျဖင့္ ထိန္းသိမ္းထားေသာ အက်ဥ္းသား တစ္ဦး ေသဆုံး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၇ ရက္။
ဧရာဝတီတိုင္း ေဒသႀကီး၊ ေျမာင္းျမအက်ဥ္းေထာင္တြင္ အိမ္ငွားမ်ား ေဖာက္ခြဲေရး လုပ္သည္ဆိုေသာ သံသယျဖင့္ ဖမ္းဆီးထားသည့္ အက်ဥ္းသား တစ္ဦး ေသဆုံးသြားသည္။
ပုဒ္မ ၅၀၅ (က)ျဖင့္ ဖမ္းဆီးခံထားရသည့္ အသက္ ၆၈ ႏွစ္ရွိ ဦးအင္ဟုတ္သည္ ေအာက္တိုဘာလ ၂၆ ရက္ေန႔ နံနက္ပိုင္းအခ်ိန္က ေထာင္အတြင္း၌ မူးလဲက်ကာ ေဆး႐ုံသို႔ ပို႔ေဆာင္စဥ္ ေသဆုံးခဲ့ျခင္း ျဖစ္သည္ဟု မိသားစုမ်ား က ေျပာသည္။
ဦးအင္ဟုတ္သည္ ေျမာင္းျမၿမိဳ႕နယ္၊ ေညာင္ေျခေထာက္ ေက်း႐ြာတြင္ ေနထိုင္သူျဖစ္ၿပီး ၎၏အိမ္ငွားမ်ားက ေဖာက္ခြဲေရး လုပ္သည္ဟု စြပ္စြဲခ်က္ျဖင့္ စစ္ေကာင္စီတပ္မ်ားက ဇြန္လ ၃ ရက္ေန႔ က လာေရာက္ ရွာေဖြစဥ္ ဖမ္းဆီးခံခဲ့ရျခင္း ျဖစ္သည္။
သံသယျဖင့္ အခ်ိန္ကာလ ၾကာျမင့္စြာ ခ်ဳပ္ေႏွာင္ထားခ်ိန္တြင္ ေသဆုံးခဲ့ရျခင္း ျဖစ္သည္။
ေအာက္တိုဘာ ၁၂ ရက္ေန႔ကလည္း အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီ ၏ ဧရာဝတီတိုင္း အစိုးရအဖြဲ႕ဝင္ ရခိုင္တိုင္းရင္းသားေရးရာဝန္ႀကီး (ၿငိမ္း) ဦးတင္ေစာလည္း ဖမ္းဆီး ထိန္းသိမ္းခံထားရစဥ္ အခ်ိန္အတြင္း ကြယ္ လြန္ ခဲ့သည္။
ေျမာင္းျမအက်ဥ္းေထာင္တြင္ စစ္တပ္၏ အာဏာသိမ္းမႈကို ဆန္႔က်င္ေရးလႈပ္ရွားသူမ်ား ႏွင့္ CDM ဝန္ထမ္းမ်ား အပါအဝင္ ႏိုင္ငံေရးအက်ဥ္းသား ၆၀ နီးပါးကို ဖမ္းဆီးခ်ဳပ္ေႏွာင္ထားသည္ဟု ေဒသခံမ်ား၏ ေျပာျပခ်က္မ်ား အရ သိရသည္။