မတ္တရာမှ ရွာသား သုံးဦး PDF ဟု စွပ်စွဲပြီး ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။

မန္တလေးတိုင်း မတ္တရာမြို့နယ်မှ ရွာသား သုံးဦးကို PDF ဟု စွပ်စွဲပြီး စစ်ကောင်စီက အောက်တိုဘာလ ၂၇ ရက်နေ့ (ယနေ့) နံနက်ပိုင်းက ဖမ်းဆီး သွား သည်ဟု ဒေသခံများက ပြောသည်။

ဖမ်းဆီးခံလိုက်ရသည့် အမျိုးသား ၃ ဦးမှာ ကင်းရွာက ကိုထွန်းထွန်း၊ ကိုအားနိုးနှင့် ကိုစိုးသူအောင်တို့ ဖြစ်ကြသည်။

မတ္တရာမြို့အရှေ့ပိုင်း ကျေးရွာများဖြစ်သည့် ဇီးဖြူပင်၊ တောင်နီ၊ တောင်ခေါင်း၊ ကင်းရွာကျေးရွာများကို စစ် ကောင်စီတပ်ဖွဲ့များ ဝင်မွှေစဉ် အသက် ၂၃ နှစ် အရွယ် မူယစ်ဆေးသုံးသူ လူငယ်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင် စစ်ကြော ပြီးနောက် ယခုကဲ့သို့ အခြားအမျိုးသား ၃ ဦး ထပ်မံဖမ်းဆီးခံရခြင်း ဖြစ်သည်။

“သူတို့က တခုခုဖြစ်ရင် အရင်ဖမ်းပြလိုက်တယ်။ ပြီးတော့မှ ငွေယူပြီး ပြန်လွတ်ပေးတယ်။ အပေါ်ကလည်း ကိုယ်ထူကိုယ်ထ ကိုယ်ဟာကို ရှာစား ရတာ ယူလို့ ပြောထားပုံရတယ်“ ဟု ၈၈ မျိုးဆက်ကျောင်းသား တစ်ဦးက ပြောသည်။

အဆိုပါ ရွာသား ၃ ဦးကို လာရောက်ဖမ်းဖမ်းဆီးစဉ် စစ်သား ၂၅ ယောက်ခန့်ပါဝင်ပြီး ယခုခါ မန္တလေးနန်းတွင်းသို့ ခေါ်ဆောင်သွားပြီဟု သိရသည်။

ယခုနောက်ပိုင်း ဗုံးကွဲမှုများ၊ ဒလန်သုတ်သင်မှုများ၊ မိုင်တဲဖုန်းတာဝါတိုင်ဖောက်ခွဲဖျက်ဆီးမှုများ ဆက်တိုက် ဖြစ် ပွားနေသည့်အတွက် အောက်ခြေ စစ်ကောင်စီတပ်သားများ အထက်အရာရှိ၊ အာဏာရှိသူများ၏ ဖိအားကို ရှောင် လွဲရန် နီးစပ်ရာ ပြည်သူများကို အဖမ်းပြနေရသည့် ပုံစံများလည်း ရှိနေသည်ဟု အထက်ပါ ၈၈ မျိုးဆက်ကျောင်း သား က ပြောသည်။

*** ZAWGYI ***
မတၱရာမွ ႐ြာသား သုံးဦး PDF ဟု စြပ္စြဲၿပီး ဖမ္းဆီးခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၇ ရက္။

မႏၲေလးတိုင္း မတၱရာၿမိဳ႕နယ္မွ ႐ြာသား သုံးဦးကို PDF ဟု စြပ္စြဲၿပီး စစ္ေကာင္စီက ေအာက္တိုဘာလ ၂၇ ရက္ေန႔ (ယေန႔) နံနက္ပိုင္းက ဖမ္းဆီး သြား သည္ဟု ေဒသခံမ်ားက ေျပာသည္။

ဖမ္းဆီးခံလိုက္ရသည့္ အမ်ိဳးသား ၃ ဦးမွာ ကင္း႐ြာက ကိုထြန္းထြန္း၊ ကိုအားႏိုးႏွင့္ ကိုစိုးသူေအာင္တို႔ ျဖစ္ၾကသည္။

မတၱရာၿမိဳ႕အေရွ႕ပိုင္း ေက်း႐ြာမ်ားျဖစ္သည့္ ဇီးျဖဴပင္၊ ေတာင္နီ၊ ေတာင္ေခါင္း၊ ကင္း႐ြာေက်း႐ြာမ်ားကို စစ္ ေကာင္စီတပ္ဖြဲ႕မ်ား ဝင္ေမႊစဥ္ အသက္ ၂၃ ႏွစ္ အ႐ြယ္ မူယစ္ေဆးသုံးသူ လူငယ္တစ္ဦးကို ဖမ္းဆီးေခၚေဆာင္ စစ္ေၾကာ ၿပီးေနာက္ ယခုကဲ့သို႔ အျခားအမ်ိဳးသား ၃ ဦး ထပ္မံဖမ္းဆီးခံရျခင္း ျဖစ္သည္။

“သူတို႔က တခုခုျဖစ္ရင္ အရင္ဖမ္းျပလိုက္တယ္။ ၿပီးေတာ့မွ ေငြယူၿပီး ျပန္လြတ္ေပးတယ္။ အေပၚကလည္း ကိုယ္ထူကိုယ္ထ ကိုယ္ဟာကို ရွာစား ရတာ ယူလို႔ ေျပာထားပုံရတယ္“ ဟု ၈၈ မ်ိဳးဆက္ေက်ာင္းသား တစ္ဦးက ေျပာသည္။

အဆိုပါ ႐ြာသား ၃ ဦးကို လာေရာက္ဖမ္းဖမ္းဆီးစဥ္ စစ္သား ၂၅ ေယာက္ခန႔္ပါဝင္ၿပီး ယခုခါ မႏၲေလးနန္းတြင္းသို႔ ေခၚေဆာင္သြားၿပီဟု သိရသည္။

ယခုေနာက္ပိုင္း ဗုံးကြဲမႈမ်ား၊ ဒလန္သုတ္သင္မႈမ်ား၊ မိုင္တဲဖုန္းတာဝါတိုင္ေဖာက္ခြဲဖ်က္ဆီးမႈမ်ား ဆက္တိုက္ ျဖစ္ ပြားေနသည့္အတြက္ ေအာက္ေျခ စစ္ေကာင္စီတပ္သားမ်ား အထက္အရာရွိ၊ အာဏာရွိသူမ်ား၏ ဖိအားကို ေရွာင္ လြဲရန္ နီးစပ္ရာ ျပည္သူမ်ားကို အဖမ္းျပေနရသည့္ ပုံစံမ်ားလည္း ရွိေနသည္ဟု အထက္ပါ ၈၈ မ်ိဳးဆက္ေက်ာင္း သား က ေျပာသည္။