ပျူစောထီး သုံးဦးကို လက်နက် ၈ လက်နှင့် အတူ ဖမ်းမိကြောင်း ပုလော PDF ကြေညာ
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။
တနင်္သာရီတိုင်း ပုလောြမို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် ပျူစောထီးအဖွဲ့ဝင် ဆိုသူ သုံးဦးကို လက်နက် ၈ လက်နှင့်အတူ သိမ်းဆည်း ရမိသည်ဟု ပုလောပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF-Palaw မှ သတင်းနှင့် ပြန်ကြားရေး အရာရှိက ပြောသည်။
စစ်ကောင်စီ၏ ခလရ ၂၈၅ တပ်ရင်းမှ တပ်ဖွဲ့များနှင့် ဒေသခံ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၂၆ ရက်နေ့တွင် နယ်မြေရှင်းလင်းခဲ့စဉ် ဖမ်းမိခြင်းဖြစ်သည်ဟု ပြောသည်။
PDF-Plaw တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိက “သူတို့ကို အနိုင်ကျင့် ရိုက်နှက်စစ်ဆေးတာ မျိုး ကျနော်တို့မလုပ်ပါဘူး။ နိုင်ငံတကာစံနှုံးနဲ့အညီ လုံခြုံတဲ့နေရာ တခုမှာ ထိန်းသိမ်းထားပါတယ်။ ဥပဒေနဲ့ အညီ ဆောင်ရွက်အရေးယူနိုင်ဖို့ လုပ်နေပါတယ်” ဟု ပြောသည်။
ပုလောမြို့နယ် မိကျောင်းသိုက်ကျေးရွာ အနီးတဝိုက်တွင် အောက်တိုဘာလ ၂၁ ရက်နေ့ မှ ၂၄ ရက်နေ့ အထိ ၄ ရက် အတွင်း PDF- Palaw၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ PRDF၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ LPDF တို့ ၃ဖွဲ့ ပူးပေါင်း ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့သည်ဟုလည်း ၎င်းတို့က သတင်းထုတ်ပြန်ထားသည်။
PDF-Plaw အဖွဲ့၏ အောက်တိုဘာ ၂၇ရက်နေ့ (ယနေ့) နံနက်ပိုင်း သတင်းထုတ်ပြန်ချက်တွင် လက်နက်များ အပါ အဝင် စစ်ကောင်စီတပ်၏ ယူနီဖောင်းများ၊ ကျည်နဲ့ ငွေကြေးအချို့တို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ဓါတ်ပုံ နှင့်တကွ ဖော်ပြထားသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိ ၁ ဦး အပါအဝင် ၆ ဦး သေဆုံးပြီး၊ အယောက် ၂၀ ဝန်းကျင် ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်ဟု သတင်းထုတ်ပြန်ထားသည်။
DF-Plaw အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘက်တွင် သေဆုံးမှုနှင့် ပြင်းထန်ဒဏ် ရာရရှိသူ တစ်ဦးမှ မရှိဘူးဟု သိရသည်။
ယခုဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါ။
Photo – PDF (ပုလော)
*** ZAWGYI ***
ပ်ဴေစာထီး သုံးဦးကို လက္နက္ ၈ လက္ႏွင့္ အတူ ဖမ္းမိေၾကာင္း ပုေလာ PDF ေၾကညာ
သတင္းႏွင့္ မီဒီယာ ကြန္ရက္
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၇ ရက္။
တနသၤာရီတိုင္း ပုေလာၿမိဳ႕နယ္အတြင္း နယ္ေျမရွင္းလင္းစဥ္ ပ်ဴေစာထီးအဖြဲ႕ဝင္ ဆိုသူ သုံးဦးကို လက္နက္ ၈ လက္ႏွင့္အတူ သိမ္းဆည္း ရမိသည္ဟု ပုေလာျပည္သူ႔ ကာကြယ္ေရး တပ္ဖြဲ႕ PDF-Palaw မွ သတင္းႏွင့္ ျပန္ၾကားေရး အရာရွိက ေျပာသည္။
စစ္ေကာင္စီ၏ ခလရ ၂၈၅ တပ္ရင္းမွ တပ္ဖြဲ႕မ်ားႏွင့္ ေဒသခံ PDF ပူးေပါင္းအဖြဲ႕တို႔ တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ၿပီး ေအာက္တိုဘာ ၂၆ ရက္ေန႔တြင္ နယ္ေျမရွင္းလင္းခဲ့စဥ္ ဖမ္းမိျခင္းျဖစ္သည္ဟု ေျပာသည္။
PDF-Plaw တပ္ဖြဲ႕မွ သတင္းႏွင့္ ျပန္ၾကားေရး တာဝန္ရွိက “သူတို႔ကို အႏိုင္က်င့္ ႐ိုက္ႏွက္စစ္ေဆးတာ မ်ိဳး က်ေနာ္တို႔မလုပ္ပါဘူး။ ႏိုင္ငံတကာစံႏႈံးနဲ႔အညီ လုံၿခဳံတဲ့ေနရာ တခုမွာ ထိန္းသိမ္းထားပါတယ္။ ဥပေဒနဲ႔ အညီ ေဆာင္႐ြက္အေရးယူႏိုင္ဖို႔ လုပ္ေနပါတယ္” ဟု ေျပာသည္။
ပုေလာၿမိဳ႕နယ္ မိေက်ာင္းသိုက္ေက်း႐ြာ အနီးတဝိုက္တြင္ ေအာက္တိုဘာလ ၂၁ ရက္ေန႔ မွ ၂၄ ရက္ေန႔ အထိ ၄ ရက္ အတြင္း PDF- Palaw၊ ေဒသကာကြယ္ေရးတပ္ဖြဲ႕ PRDF၊ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ LPDF တို႔ ၃ဖြဲ႕ ပူးေပါင္း ကာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို တိုက္ခိုက္ခဲ့သည္ဟုလည္း ၎တို႔က သတင္းထုတ္ျပန္ထားသည္။
PDF-Plaw အဖြဲ႕၏ ေအာက္တိုဘာ ၂၇ရက္ေန႔ (ယေန႔) နံနက္ပိုင္း သတင္းထုတ္ျပန္ခ်က္တြင္ လက္နက္မ်ား အပါ အဝင္ စစ္ေကာင္စီတပ္၏ ယူနီေဖာင္းမ်ား၊ က်ည္နဲ႔ ေငြေၾကးအခ်ိဳ႕တို႔ကိုလည္း သိမ္းဆည္းရရွိခဲ့သည္ဟု ဓါတ္ပုံ ႏွင့္တကြ ေဖာ္ျပထားသည္။
တိုက္ပြဲမ်ားအတြင္း စစ္ေကာင္စီတပ္ဘက္က အရာရွိ ၁ ဦး အပါအဝင္ ၆ ဦး ေသဆုံးၿပီး၊ အေယာက္ ၂၀ ဝန္းက်င္ ခန႔္ ထိခိုက္ဒဏ္ရာရရွိခဲ့ၾကသည္ဟု သတင္းထုတ္ျပန္ထားသည္။
DF-Plaw အဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္အရ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ ဘက္တြင္ ေသဆုံးမႈႏွင့္ ျပင္းထန္ဒဏ္ ရာရရွိသူ တစ္ဦးမွ မရွိဘူးဟု သိရသည္။
ယခုျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ စစ္ေကာင္စီဘက္မွ တစ္စုံတစ္ရာ သတင္းထုတ္ျပန္ထားျခင္း မရွိေသးပါ။
Photo – PDF (ပုေလာ)