ကျန်းမာရေးမှူး တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်း တစ်ဦး အောက်တိုဘာ ၂၅ ရက်နေ့က ပစ်သတ်ခံ လိုက်ရသည်ဟု ဒေသခံများက ပြောသည်။

ကျိုက်ထိုမြို့ သိမ်ဇရပ်မြို့ ဝါးဒတ်ကွင်းကျေးရွာနေ ကျန်းမာရေးမှူး တစ်ဦး ဖြစ်သူ ဦးအောင်မြတ်ထွန်းသည် သေနတ်ဖြင့် ပစ်ခတ်ခံရသော ဒဏ်ရာများဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ ဆောင်နေစဉ် သေဆုံးသွားသည် ကျိုက်ထိုဒေသခံများက ပြောသည်။

“သေနတ်သမားတွေက အိမ်မှာ လာပစ်သွားတယ်လို့ ပြောတယ်၊ သေနတ်ဒဏ်ရာတွေနဲ့ ဆေးရုံပို့ရင်း ဆုံးသွား တယ်လို့ သိရတယ်” ဟု ကျိုက်ထို ဒေသခံ တစ်ဦးက ပြောသည်။

ကျန်းမာရေးမှူး တစ်ဦးဖြစ်သူ ဦးအောင်မြတ်ထွန်းသည် အောက်တိုဘာလ ၂၅ ရက်နေ့ ညနေပိုင်း အချိန်ခန့်က ၎င်း၏နေအိမ်တွင် ရှိနေစဉ် သေနတ်သမားများက လာရောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးမှူး ဦးအောင်မြတ်ထွန်းကို လာရောက် ပစ်ခတ်သွားသူများသည် မည်သူမည်ဝါ မည်သည့် အဖွဲ့အ စည်းက ဖြစ်သည်ကို မသိရသေးဟု မိသားစုဝင်များနှင့် ဒေသခံများ က ပြောသည်။

ကျန်းမာရေးမှူး ဦးအောင်မြတ်ထွန်း ပစ်ခတ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း လာရောက်စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ဆိုသည်။

မွန်ပြည်နယ်တွင် အထူးသဖြင့် သထုံခရိုင်အတွင်းရှိ သထုံ၊ ကျိုက်ထို၊ ဘီလင်းမြို့နယ်တို့ အတွင်း၌ စစ်တပ် က အာဏာသိမ်းပြီးနောက်ပိုင်း အမည်မသိသေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် လူသေဆုံးမှု ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားလာနေသည်။

ထိုသို့ ပစ်ခတ်ခံရသူ အများအားဖြင့်သည် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်တပ်သတင်းပေး ဒလန်ဟု သတ်မှတ်ခံရသူများ၊ နိုင်ငံရေးပါတီဝင်များ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

*** ZAWGYI ***
က်န္းမာေရးမႉး တစ္ဦး ပစ္သတ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၇ ရက္။

မြန္ျပည္နယ္ က်ိဳက္ထိုၿမိဳ႕နယ္တြင္ က်န္းမာေရးဝန္ထမ္း တစ္ဦး ေအာက္တိုဘာ ၂၅ ရက္ေန႔က ပစ္သတ္ခံ လိုက္ရသည္ဟု ေဒသခံမ်ားက ေျပာသည္။

က်ိဳက္ထိုၿမိဳ႕ သိမ္ဇရပ္ၿမိဳ႕ ဝါးဒတ္ကြင္းေက်း႐ြာေန က်န္းမာေရးမႉး တစ္ဦး ျဖစ္သူ ဦးေအာင္ျမတ္ထြန္းသည္ ေသနတ္ျဖင့္ ပစ္ခတ္ခံရေသာ ဒဏ္ရာမ်ားျဖင့္ ေမာ္လၿမိဳင္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ ေဆာင္ေနစဥ္ ေသဆုံးသြားသည္ က်ိဳက္ထိုေဒသခံမ်ားက ေျပာသည္။

“ေသနတ္သမားေတြက အိမ္မွာ လာပစ္သြားတယ္လို႔ ေျပာတယ္၊ ေသနတ္ဒဏ္ရာေတြနဲ႔ ေဆး႐ုံပို႔ရင္း ဆုံးသြား တယ္လို႔ သိရတယ္” ဟု က်ိဳက္ထို ေဒသခံ တစ္ဦးက ေျပာသည္။

က်န္းမာေရးမႉး တစ္ဦးျဖစ္သူ ဦးေအာင္ျမတ္ထြန္းသည္ ေအာက္တိုဘာလ ၂၅ ရက္ေန႔ ညေနပိုင္း အခ်ိန္ခန႔္က ၎၏ေနအိမ္တြင္ ရွိေနစဥ္ ေသနတ္သမားမ်ားက လာေရာက္ ပစ္ခတ္သြားခဲ့ျခင္းျဖစ္သည္။

က်န္းမာေရးမႉး ဦးေအာင္ျမတ္ထြန္းကို လာေရာက္ ပစ္ခတ္သြားသူမ်ားသည္ မည္သူမည္ဝါ မည္သည့္ အဖြဲ႕အ စည္းက ျဖစ္သည္ကို မသိရေသးဟု မိသားစုဝင္မ်ားႏွင့္ ေဒသခံမ်ား က ေျပာသည္။

က်န္းမာေရးမႉး ဦးေအာင္ျမတ္ထြန္း ပစ္ခတ္ခံရသည့္ျဖစ္စဥ္ႏွင့္ ပတ္သက္၍ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ေက်း႐ြာအတြင္း လာေရာက္စစ္ေဆးမႈမ်ား ျပဳလုပ္ေနသည္ဟု ေဒသခံမ်ားက ဆိုသည္။

မြန္ျပည္နယ္တြင္ အထူးသျဖင့္ သထုံခ႐ိုင္အတြင္းရွိ သထုံ၊ က်ိဳက္ထို၊ ဘီလင္းၿမိဳ႕နယ္တို႔ အတြင္း၌ စစ္တပ္ က အာဏာသိမ္းၿပီးေနာက္ပိုင္း အမည္မသိေသနတ္သမားမ်ား၏ ပစ္ခတ္မႈေၾကာင့္ လူေသဆုံးမႈ ျဖစ္စဥ္မ်ား ဆက္တိုက္ ျဖစ္ပြားလာေနသည္။

ထိုသို႔ ပစ္ခတ္ခံရသူ အမ်ားအားျဖင့္သည္ ရပ္ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ား၊ စစ္တပ္သတင္းေပး ဒလန္ဟု သတ္မွတ္ခံရသူမ်ား၊ ႏိုင္ငံေရးပါတီဝင္မ်ား ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။