CDM မလုပ်သော ဝန်ထမ်းနှင့် မိသားစုများ ဖယ်ခုံ PDF နယ်တွင် လက်မခံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်။
လူထုအာဏာဖီဆန်မှု မလုပ်သော စစ်ကောင်စီတပ်များနှင့် ပူးပေါင်းသွားသည့် (Non-CDM)ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ ဖယ်ခုံ PDF နယ်မြေအတွင်းတွင် လက်ခံမည်မဟုတ်ဟု ဒေသခံ PDF အဖွဲ့က ထုတ်ပြန် ထားသည်။
အောက်တိုဘာလ ၂၈ ရက်နေ့ ယနေ့ ဖယ်ခုံ PDF ၏ ထုတ်ပြန်ချက်ထဲတွင် “ဖယ်ခုံ PDF စိုးမိုးနယ်မြေအတွင်း စစ် ရှောင်ပြည်သူများ ရောက်ရှိနေထိုင်ချိန်တွင် အားပေးကူညီ ဆောင်ရွက်လျှက် ရှိသော်လည်း စစ်ကောင်စီနှင့် ပူး ပေါင်း လျှက်ရှိသော CDM မလုပ်သေးသည့် Non-CDM ဝန်ထမ်းနှင့် မိသားစုများ မိမိတို့ PDF နယ်မြေ အတွင်း ရောက်ရှိနေထိုင်ခြင်းကို လက်ခံလိမ့်မည်မဟုတ်ပါ” ဟု ပါရှိသည်။
လက်ရှိတွင် ဖယ်ခုံမြို့ မြို့ပေါ်ရပ်ကွက်များနှင့် ကုန်းဆုံကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီ တပ်များ၏ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်နေမှုများ၊ လူမဆန်စွာ ဖမ်းဆီးနှိပ်စက်နေမှုများ၊ သေနတ် များဖြင့် ချိန်ရွယ်စစ်ဆေးနေမှုများကြောင့် ဒေသခံလူထုများသည် ဖယ်ခုံ PDF စိုးမိုးနယ်မြေများတွင် စစ်ရှောင် နေကြရသည်ဟု ဆိုသည်။
ယခု ထုတ်ပြန်ချက်ကို မလိုက်နာသည့် Non-CDM ဝန်ထမ်းနှင့် မိသားစုများ ဖယ်ခုံ PDF နယ်မြေအတွင်း ဝင်ရောက်လာပါက တပ်ဖွဲ့ဝင်များကို ပစ်မိန့်ပေးထားသည်ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။
“ထုတ်ပြန်ချက်ကိုလိုက်နာခြင်းမရှိဘဲ ဖယ်ခုံ PDF စိုးမိုးနယ်မြေများ အတွင်းသို့ Non – CDM ဝန်ထမ်းများ ဖြတ် သန်း သွားလာရောက်ရှိ နေထိုင်မှု ရှိလာပါက ပစ်ခတ်ဖမ်းဆီးရန် ဖယ်ခုံ PDF တပ်ဖွဲ့ဝင်များကို ပစ်မိန့် တစ်ရပ် ထုတ်ပြန်ထားပြီးလည်း ဖြစ်ပါသောကြောင့် တိကျစွာ လိုက်နာသွားရန် သတိပေးထုတ်ပြန်အပ်ပါသည်” ဟု ဖယ်ခုံ PDF က ပြောသည်။
လက်ရှိတွင် ကရင်နီပြည်နယ်ထဲတွင် စစ်ကောင်စီနှင့် နယ်မြေခံ ကာကွယ်ရေးတပ်များ၊ ကရင်နီတပ်မတော် KA နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်တို့ အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး ဒေသခံများလည်း တောထဲတောင်ထဲများထဲတွင် စစ်ဘေးရှောင်နေကြရသည်။
အဆိုပါ စစ်ရှောင်များသည် စားဝတ်နေရေး၊ ကျန်းမာရေးနှင့် အခက်အခဲများစွာကို ရင်ဆိုင်နေကြရသည်ဟု သိရ သည်။
*** ZAWGYI ***
CDM မလုပ္ေသာ ဝန္ထမ္းႏွင့္ မိသားစုမ်ား ဖယ္ခုံ PDF နယ္တြင္ လက္မခံ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၈ ရက္။
လူထုအာဏာဖီဆန္မႈ မလုပ္ေသာ စစ္ေကာင္စီတပ္မ်ားႏွင့္ ပူးေပါင္းသြားသည့္ (Non-CDM)ဝန္ထမ္းမ်ားႏွင့္ ၎တို႔၏ မိသားစုဝင္မ်ား ဖယ္ခုံ PDF နယ္ေျမအတြင္းတြင္ လက္ခံမည္မဟုတ္ဟု ေဒသခံ PDF အဖြဲ႕က ထုတ္ျပန္ ထားသည္။
ေအာက္တိုဘာလ ၂၈ ရက္ေန႔ ယေန႔ ဖယ္ခုံ PDF ၏ ထုတ္ျပန္ခ်က္ထဲတြင္ “ဖယ္ခုံ PDF စိုးမိုးနယ္ေျမအတြင္း စစ္ ေရွာင္ျပည္သူမ်ား ေရာက္ရွိေနထိုင္ခ်ိန္တြင္ အားေပးကူညီ ေဆာင္႐ြက္လွ်က္ ရွိေသာ္လည္း စစ္ေကာင္စီႏွင့္ ပူး ေပါင္း လွ်က္ရွိေသာ CDM မလုပ္ေသးသည့္ Non-CDM ဝန္ထမ္းႏွင့္ မိသားစုမ်ား မိမိတို႔ PDF နယ္ေျမ အတြင္း ေရာက္ရွိေနထိုင္ျခင္းကို လက္ခံလိမ့္မည္မဟုတ္ပါ” ဟု ပါရွိသည္။
လက္ရွိတြင္ ဖယ္ခုံၿမိဳ႕ ၿမိဳ႕ေပၚရပ္ကြက္မ်ားႏွင့္ ကုန္းဆုံေက်း႐ြာအုပ္စုရွိ ေက်း႐ြာမ်ားအတြင္းသို႔ စစ္ေကာင္စီ တပ္မ်ား၏ လက္နက္ႀကီး လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ေနမႈမ်ား၊ လူမဆန္စြာ ဖမ္းဆီးႏွိပ္စက္ေနမႈမ်ား၊ ေသနတ္ မ်ားျဖင့္ ခ်ိန္႐ြယ္စစ္ေဆးေနမႈမ်ားေၾကာင့္ ေဒသခံလူထုမ်ားသည္ ဖယ္ခုံ PDF စိုးမိုးနယ္ေျမမ်ားတြင္ စစ္ေရွာင္ ေနၾကရသည္ဟု ဆိုသည္။
ယခု ထုတ္ျပန္ခ်က္ကို မလိုက္နာသည့္ Non-CDM ဝန္ထမ္းႏွင့္ မိသားစုမ်ား ဖယ္ခုံ PDF နယ္ေျမအတြင္း ဝင္ေရာက္လာပါက တပ္ဖြဲ႕ဝင္မ်ားကို ပစ္မိန႔္ေပးထားသည္ဟု ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္းထားသည္။
“ထုတ္ျပန္ခ်က္ကိုလိုက္နာျခင္းမရွိဘဲ ဖယ္ခုံ PDF စိုးမိုးနယ္ေျမမ်ား အတြင္းသို႔ Non – CDM ဝန္ထမ္းမ်ား ျဖတ္ သန္း သြားလာေရာက္ရွိ ေနထိုင္မႈ ရွိလာပါက ပစ္ခတ္ဖမ္းဆီးရန္ ဖယ္ခုံ PDF တပ္ဖြဲ႕ဝင္မ်ားကို ပစ္မိန္႔ တစ္ရပ္ ထုတ္ျပန္ထားၿပီးလည္း ျဖစ္ပါေသာေၾကာင့္ တိက်စြာ လိုက္နာသြားရန္ သတိေပးထုတ္ျပန္အပ္ပါသည္” ဟု ဖယ္ခုံ PDF က ေျပာသည္။
လက္ရွိတြင္ ကရင္နီျပည္နယ္ထဲတြင္ စစ္ေကာင္စီႏွင့္ နယ္ေျမခံ ကာကြယ္ေရးတပ္မ်ား၊ ကရင္နီတပ္မေတာ္ KA ႏွင့္ ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္တို႔ အၾကား တိုက္ပြဲမ်ား ျပင္းထန္လ်က္ရွိၿပီး ေဒသခံမ်ားလည္း ေတာထဲေတာင္ထဲမ်ားထဲတြင္ စစ္ေဘးေရွာင္ေနၾကရသည္။
အဆိုပါ စစ္ေရွာင္မ်ားသည္ စားဝတ္ေနေရး၊ က်န္းမာေရးႏွင့္ အခက္အခဲမ်ားစြာကို ရင္ဆိုင္ေနၾကရသည္ဟု သိရ သည္။