ပေါင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ဥက္ကဌ နေအိမ်တွင် ဗုံးကွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးကျော်လင်းဦး၏ နေအိမ်တွင် ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဦးကျော်လင်းဦး နေအိမ်သို့ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၄ နာရီဝန်းကျင် အချိန်ခန့်က အမည်မသိ လူ နှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး နေအိမ်ထဲ ဗုံးပစ်သွင်းခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ဦးကျော်လင်းဦးအိမ်မှာ ဖြစ်သွားတဲ့ ဗုံးပေါက်ကွဲမှုက လူထိခိုက်တာ မရှိဘူးလို့ သိရတယ်။ အိမ်ထဲကို ဗုံးလာ ပစ် သွင်းတာတဲ့ အခုတလော ကျနော်တို့ ပေါင်မှာ ဗုံးပေါက်တဲ့ဖြစ်စဥ်တွေကတော့ နေ့တိုင်းလိုလို ဖြစ်ပွားနေ တယ်။ တစ်နေရာ မဟုတ်တစ်နေရာ ဖြစ်နေတယ်” ဟု ပေါင်မြို့ခံ တစ်ဦး က ပြောသည်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိသော်လည်း နေအိမ်အဆောက်အဦ အချို့ ထိခိုက်ပျက်စီးခဲ့သည်။
ဦးကျော်လင်းဦးသည် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ပေါင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) တွင် ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူ တစ်ဦးဖြစ်သည်။
လက်ရှိတွင် ဦးကျော်လင်းဦးသည် ပေါင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် တာဝန်ထမ်း ဆောင်နေသူလည်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ပေါင်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ် လောင်း ဒေါ်မေသူဝင်း၏ နေအိမ်တွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။
ပေါင်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ရဲစခန်း၊ လျှပ်စစ်ရုံးနှင့် လွှတ်တော်ကိုယ်စားများ၏ နေအိမ်များ၊ စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူများ၏ နေအိမ်တို့တွင် ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားလျှက် ရှိသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်များနှင့် ပတ်သက်၍ ပေါင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့ လုပ်ဆောင်ခဲ့ ခြင်း ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
*** ZAWGYI ***
ေပါင္ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရး ဥကၠဌ ေနအိမ္တြင္ ဗုံးကြဲ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၈ ရက္။
မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ဥကၠဌ ဦးေက်ာ္လင္းဦး၏ ေနအိမ္တြင္ ဗုံးေပါက္ကြဲမႈ တစ္ခုျဖစ္ပြားခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
ဦးေက်ာ္လင္းဦး ေနအိမ္သို႔ ေအာက္တိုဘာလ ၂၈ ရက္ေန႔ နံနက္ ၄ နာရီဝန္းက်င္ အခ်ိန္ခန႔္က အမည္မသိ လူ ႏွစ္ဦးက ဆိုင္ကယ္ျဖင့္ ေရာက္ရွိလာၿပီး ေနအိမ္ထဲ ဗုံးပစ္သြင္းခဲ့ရာမွ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
“ဦးေက်ာ္လင္းဦးအိမ္မွာ ျဖစ္သြားတဲ့ ဗုံးေပါက္ကြဲမႈက လူထိခိုက္တာ မရွိဘူးလို႔ သိရတယ္။ အိမ္ထဲကို ဗုံးလာ ပစ္ သြင္းတာတဲ့ အခုတေလာ က်ေနာ္တို႔ ေပါင္မွာ ဗုံးေပါက္တဲ့ျဖစ္စဥ္ေတြကေတာ့ ေန႔တိုင္းလိုလို ျဖစ္ပြားေန တယ္။ တစ္ေနရာ မဟုတ္တစ္ေနရာ ျဖစ္ေနတယ္” ဟု ေပါင္ၿမိဳ႕ခံ တစ္ဦး က ေျပာသည္။
ဗုံးေပါက္ကြဲမႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူ မရွိေသာ္လည္း ေနအိမ္အေဆာက္အဦ အခ်ိဳ႕ ထိခိုက္ပ်က္စီးခဲ့သည္။
ဦးေက်ာ္လင္းဦးသည္ ၂၀၂၀ ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ ေပါင္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္ အမွတ္ (၁) တြင္ ဝင္ေရာက္ယွဥ္ ၿပိဳင္ခဲ့ၿပီး ရႈံးနိမ့္ခဲ့သူ တစ္ဦးျဖစ္သည္။
လက္ရွိတြင္ ဦးေက်ာ္လင္းဦးသည္ ေပါင္ၿမိဳ႕နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီတြင္ အဖြဲ႕ဝင္အျဖစ္ တာဝန္ထမ္း ေဆာင္ေနသူလည္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။
ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း ေပါင္ၿမိဳ႕ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ လႊတ္ေတာ္ ကိုယ္စားလွယ္ ေလာင္း ေဒၚေမသူဝင္း၏ ေနအိမ္တြင္လည္း ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ေသးသည္။
ေပါင္ၿမိဳ႕နယ္တြင္ ယခုရက္ပိုင္းအတြင္း ရဲစခန္း၊ လွ်ပ္စစ္႐ုံးႏွင့္ လႊတ္ေတာ္ကိုယ္စားမ်ား၏ ေနအိမ္မ်ား၊ စစ္တပ္ သတင္းေပးဟု သတ္မွတ္ခံရသူမ်ား၏ ေနအိမ္တို႔တြင္ ဗုံးေပါက္ကြဲမႈ ဆက္တိုက္ျဖစ္ပြားလွ်က္ ရွိသည္။
အဆိုပါ ေပါက္ကြဲမႈျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ ေပါင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က ၎တို႔ လုပ္ေဆာင္ခဲ့ ျခင္း ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ထားသည္။