ဧရာဝတီတိုင်း CDM ရဲတပ်ဖွဲ့က တိုက်ပွဲစဖော်၊ ယာဉ်ထိန်းရဲ နှစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်။

ဧရာဝတီတိုင်းမှ CDM ရဲများနှင့် ဖွဲ့စည်းထားသည် CDM Police Defence Force (Ayeyarwaddy) သည် တိုင်းရဲ တပ်ဖွဲ့မှူး အိမ်ရှေ့ လမ်းတစ်ဘက်ရှိ မြကျွန်းသာမီးပွိုင့် ယာဉ်ထိန်းရဲရုံးကို ပစ်ခတ် တိုက်ခိုက်ခြင်းဖြင့် တိုက်ပွဲစတင် ဖော်ဆောင်ခဲ့ရာ ရဲနှစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံများက အတည်ပြု ပြောသည်။

အောက်တိုဘာ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခွဲ အချိန်တွင် ပုသိမ် အနောက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (P.W. D.F) တို့ ပူးပေါင်းကာ မဟာဗန္ဓုလ လမ်းမကြီးရှိ တိုင်းရဲတပ်ရင်းနှင့် မီတာ ၂၀၀ ကျော်ခန့် အကွာရှိ မြကျွန်းသာ ယာဉ် ထိန်းရဲရုံးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပုသိမ်ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

“ဖောင်း ဖောင်း ဖောင်း ဆိုပြီး သေနတ်သံ ၁၀ ချက် လောက်ကြားရတယ်။ မော်တော်ပီကယ် နှစ်ယောက်သေ သွားတယ်” ဟု ယင်းလမ်းအတွင်း နေထိုင်သူ တစ်ဦး က ပြောသည်။

ပြည်သူများထံက အဓမ္မ ငွေတောင်းကာ အနှောက်အယှက် ပြုနေသည့် ယာဉ်ထိန်းရဲ ၂ ဦး ရှိနေသည့် အတွက် ထို မြကျွန်းသာမီးပွိုင့် ယာဉ်ထိန်းရဲရုံးကို ပစ်မှတ်ထားပြီး တိုက်ခိုက်ရခြင်း ဖြစ်သည်ဟု ပုသိမ် ပြောက်ကျား တပ်ဖွဲ့ က ပြောသည်။

မြကျွန်းသာမီးပွိုင့်တွင် ရှိနေသည့် ယာဉ်ထိန်းရဲ တပ်ကြပ် ဇော်မင်းထက်(မိုးညို)နှင့် ယာဉ်ထိန်းရဲ မြတ်မင်းဦး (မိုးကောင်း) တို့ သေဆုံးသွားသည်ဟုလည်း ရဲမှုခင်း သတင်းထောက်များ က အတည်ပြု ပြောဆိုသည်။

မော်တော်ပီကယ်၊ စရဖ၊ SB ၊ နယ်ထိန်း နှင့် စည်ပင်သာယာ ဝန်ထမ်း အချို့က ဒေသခံများကို အနိုင်ကျင့်ပြီး ငွေညှစ်နေကြကြောင်း၊ EPC လျှပ်စစ်ရုံးဝန်ထမ်းများကလည်း မီတာခများကို အဆမတန် တိုးမြင့်ကောက် ခံ နေ သည်ဟု ဒေသခံ အချို့က ပြောသည်။

ယခုလုပ်ဆောင်မှုသည် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်းအတွင်း၌ CDM ရဲတပ်ဖွဲ့ဝင်များက စစ်ကောင်စီ လက်အောက်ခံ ရဲများကို ပထမဆုံးအကြိမ် ပစ်ခတ် တိုက်ခိုက်ခြင်းဖြင့် တိုက်ပွဲ ဖော်ဆောင်လိုက် ခြင်း ဖြစ်သည် ဟု ဒေသခံများက ဆိုသည်။

*** ZAWGYI ***
ဧရာဝတီတိုင္း CDM ရဲတပ္ဖြဲ႕က တိုက္ပြဲစေဖာ္၊ ယာဥ္ထိန္းရဲ ႏွစ္ဦး ေသဆုံး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၈ ရက္။

ဧရာဝတီတိုင္းမွ CDM ရဲမ်ားႏွင့္ ဖြဲ႕စည္းထားသည္ CDM Police Defence Force (Ayeyarwaddy) သည္ တိုင္းရဲ တပ္ဖြဲ႕မႉး အိမ္ေရွ႕ လမ္းတစ္ဘက္ရွိ ျမကြၽန္းသာမီးပြိဳင့္ ယာဥ္ထိန္းရဲ႐ုံးကို ပစ္ခတ္ တိုက္ခိုက္ျခင္းျဖင့္ တိုက္ပြဲစတင္ ေဖာ္ေဆာင္ခဲ့ရာ ရဲႏွစ္ဦးေသဆုံးခဲ့သည္ဟု ေဒသခံမ်ားက အတည္ျပဳ ေျပာသည္။

ေအာက္တိုဘာ ၂၈ ရက္ေန႔ နံနက္ ၁၁ နာရီခြဲ အခ်ိန္တြင္ ပုသိမ္ အေနာက္ ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕ (P.W. D.F) တို႔ ပူးေပါင္းကာ မဟာဗႏၶဳလ လမ္းမႀကီးရွိ တိုင္းရဲတပ္ရင္းႏွင့္ မီတာ ၂၀၀ ေက်ာ္ခန႔္ အကြာရွိ ျမကြၽန္းသာ ယာဥ္ ထိန္းရဲ႐ုံးကို ပစ္မွတ္ထား တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္ဟု ပုသိမ္ေျပာက္က်ားတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

“ေဖာင္း ေဖာင္း ေဖာင္း ဆိုၿပီး ေသနတ္သံ ၁၀ ခ်က္ ေလာက္ၾကားရတယ္။ ေမာ္ေတာ္ပီကယ္ ႏွစ္ေယာက္ေသ သြားတယ္” ဟု ယင္းလမ္းအတြင္း ေနထိုင္သူ တစ္ဦး က ေျပာသည္။

ျပည္သူမ်ားထံက အဓမၼ ေငြေတာင္းကာ အေႏွာက္အယွက္ ျပဳေနသည့္ ယာဥ္ထိန္းရဲ ၂ ဦး ရွိေနသည့္ အတြက္ ထို ျမကြၽန္းသာမီးပြိဳင့္ ယာဥ္ထိန္းရဲ႐ုံးကို ပစ္မွတ္ထားၿပီး တိုက္ခိုက္ရျခင္း ျဖစ္သည္ဟု ပုသိမ္ ေျပာက္က်ား တပ္ဖြဲ႕ က ေျပာသည္။

ျမကြၽန္းသာမီးပြိဳင့္တြင္ ရွိေနသည့္ ယာဥ္ထိန္းရဲ တပ္ၾကပ္ ေဇာ္မင္းထက္(မိုးညိဳ)ႏွင့္ ယာဥ္ထိန္းရဲ ျမတ္မင္းဦး (မိုးေကာင္း) တို႔ ေသဆုံးသြားသည္ဟုလည္း ရဲမႈခင္း သတင္းေထာက္မ်ား က အတည္ျပဳ ေျပာဆိုသည္။

ေမာ္ေတာ္ပီကယ္၊ စရဖ၊ SB ၊ နယ္ထိန္း ႏွင့္ စည္ပင္သာယာ ဝန္ထမ္း အခ်ိဳ႕က ေဒသခံမ်ားကို အႏိုင္က်င့္ၿပီး ေငြညႇစ္ေနၾကေၾကာင္း၊ EPC လွ်ပ္စစ္႐ုံးဝန္ထမ္းမ်ားကလည္း မီတာခမ်ားကို အဆမတန္ တိုးျမင့္ေကာက္ ခံ ေန သည္ဟု ေဒသခံ အခ်ိဳ႕က ေျပာသည္။

ယခုလုပ္ေဆာင္မႈသည္ စစ္ေကာင္စီက အာဏာသိမ္းၿပီးေနာက္ ဧရာဝတီတိုင္းအတြင္း၌ CDM ရဲတပ္ဖြဲ႕ဝင္မ်ားက စစ္ေကာင္စီ လက္ေအာက္ခံ ရဲမ်ားကို ပထမဆုံးအႀကိမ္ ပစ္ခတ္ တိုက္ခိုက္ျခင္းျဖင့္ တိုက္ပြဲ ေဖာ္ေဆာင္လိုက္ ျခင္း ျဖစ္သည္ ဟု ေဒသခံမ်ားက ဆိုသည္။