ဘိုကလေးတွင် ဧရာဗေဒါ အဖွဲ့က ဒလန် ဆိုသူ တစ်ဦး အား ပစ်သတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်။

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့၊ အမှတ် ၄ ရပ်ကွက်တွင် နေထိုင်သူ ပျူစောထီးခေါင်ဆောင် တစ်ဦးအား သေနတ်သမားတစ်ဦးက အနီးကပ် ပစ်သတ်သွားသည်။

ပျူစောထီးခေါင်းဆောင် ကိုချစ်စမ်းမောင် ၄၀ နှစ် သည် ဘိုကလေးမြို့ ဈေးရုံ အတွင်း၌ သားရေအိတ် ပြုပြင် ရေးလုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး အောက်တိုဘာ ၂၈ ရက်နေ့၊ နံနက် ၁၀ နာရီခွဲအချိန်ခန့်က ၎င်း၏ဆိုင်တွင် သေနတ်ပစ်ခံရ၍ သေဆုံးသွားခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

“သေနတ်နဲ့ တစ်ချက်ထဲပစ်သွားတာ။ နေရာမှာ ပွဲချင်းပြီး သေတာပဲ ဈေးစည်တဲ့အချိန် ဖြစ်နေတော့ ပစ်တဲ့ သူ ကို ဂရုမထားမိကြဘူးပေါ့” ဟု ဘိုကလေးဈေးရုံအတွင်းက စျေးသည် တစ်ဦးကပြောသည်။

ဒေသခံပြောက်ကျား တပ်ဖွဲ့ဖြစ်သည့် “ဧရာဗေဒါ” အဖွဲ့က စစ်ကောင်စီ၏ သတင်းပေး ချစ်စမ်းမောင်ကို ၎င်းတို့ သုတ်သင်လိုက်ကြောင်း ထုတ်ပြန် ဝန်ခံထားသည်။

ပျူစောထီး အဖွဲ့၏ ခေါင်းဆောင်အဖြစ် လူသိများသည့် ကိုချစ်စမ်းမောင်သည် ဈေးရုံ နှင့် ရပ်ကွက်ထဲတွင် စစ် ကောင်စီ သတင်းပေး “ဒလန်” လုပ်နေသူဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ထို့အပြင် ကိုချစ်စမ်းမောင် သည် PDF များကိုလည်း မကြာခဏ ဆဲဆိုလျှက်ရှိပြီး တွေ့သမျှလူကို PDF မကောင်း ကြောင်း ပြောဆို နေသူဖြစ်သည်ဟု ဈေးသည် တစ်ဦးက ပြောသည်။

ဘိုကလေးမြို့ခံ ဦးကိုမြင့်က “ဘိုကလေးမှာတော့ ဒါ ဒလန် ပစ်သတ်ခံရတာ ပထမဆုံး အကြိမ်လို့ ပြောရင်ရ တယ်” ဟု ပြောသည်။

ဘိုကလေးမြို့ တဝိုက်တွင် စစ်တပ်က လေ့ကျင့်ပေးထားသည့် ပျူစောထီး အဖွဲ့များ ရှိနေပြီး ဘိုကလေးမြို့နယ် ရုပ်ဆိုင်ကျေးရွာက ပျူစောထီး အဖွဲ့ဝင် အယောက် ၃၀ ကို ရန်ကုန်မြို့သို့ စက်တင်ဘာ ၂၆ ရက်နေ့ က စေလွှတ် လိုက်သည်များ ရှိခဲ့သည်။

စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ လုံခြုံကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် ဟုဆိုကာ ရုပ်ဆိုင်ကျေးရွာ အုပ်ချုပ် ရေးမှူးက ရန်ကုန်မြို့သို့ လူ ၃၀ ကို စေလွှတ်လိုက်ခြင်း ဖြစ်သည်ဟု အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူများနှင့် ဒေသခံ များ က ပြောသည်။

ပုံစာ – ပစ်သတ်ခံရသည့် ကိုချစ်စမ်းမောင်အား ဘိုကလေးဆေးရုံသို့ ပို့ဆောင်စဥ်

*** ZAWGYI ***
ဘိုကေလးတြင္ ဧရာေဗဒါ အဖြဲ႕က ဒလန္ ဆိုသူ တစ္ဦး အား ပစ္သတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၈ ရက္။

ဧရာဝတီတိုင္း၊ ဖ်ာပုံခ႐ိုင္၊ ဘိုကေလးၿမိဳ႕၊ အမွတ္ ၄ ရပ္ကြက္တြင္ ေနထိုင္သူ ပ်ဴေစာထီးေခါင္ေဆာင္ တစ္ဦးအား ေသနတ္သမားတစ္ဦးက အနီးကပ္ ပစ္သတ္သြားသည္။

ပ်ဴေစာထီးေခါင္းေဆာင္ ကိုခ်စ္စမ္းေမာင္ ၄၀ ႏွစ္ သည္ ဘိုကေလးၿမိဳ႕ ေဈး႐ုံ အတြင္း၌ သားေရအိတ္ ျပဳျပင္ ေရးလုပ္ငန္း လုပ္ကိုင္သူျဖစ္ၿပီး ေအာက္တိုဘာ ၂၈ ရက္ေန႔၊ နံနက္ ၁၀ နာရီခြဲအခ်ိန္ခန႔္က ၎၏ဆိုင္တြင္ ေသနတ္ပစ္ခံရ၍ ေသဆုံးသြားျခင္း ျဖစ္သည္ဟု မ်က္ျမင္ေတြ႕ရွိသူမ်ားက ေျပာသည္။

“ေသနတ္နဲ႔ တစ္ခ်က္ထဲပစ္သြားတာ။ ေနရာမွာ ပြဲခ်င္းၿပီး ေသတာပဲ ေဈးစည္တဲ့အခ်ိန္ ျဖစ္ေနေတာ့ ပစ္တဲ့ သူ ကို ဂ႐ုမထားမိၾကဘူးေပါ့” ဟု ဘိုကေလးေဈး႐ုံအတြင္းက ေစ်းသည္ တစ္ဦးကေျပာသည္။

ေဒသခံေျပာက္က်ား တပ္ဖြဲ႕ျဖစ္သည့္ “ဧရာေဗဒါ” အဖြဲ႕က စစ္ေကာင္စီ၏ သတင္းေပး ခ်စ္စမ္းေမာင္ကို ၎တို႔ သုတ္သင္လိုက္ေၾကာင္း ထုတ္ျပန္ ဝန္ခံထားသည္။

ပ်ဴေစာထီး အဖြဲ႕၏ ေခါင္းေဆာင္အျဖစ္ လူသိမ်ားသည့္ ကိုခ်စ္စမ္းေမာင္သည္ ေဈး႐ုံ ႏွင့္ ရပ္ကြက္ထဲတြင္ စစ္ ေကာင္စီ သတင္းေပး “ဒလန္” လုပ္ေနသူျဖစ္သည္ဟု ေဒသခံမ်ားက ဆိုသည္။

ထို႔အျပင္ ကိုခ်စ္စမ္းေမာင္ သည္ PDF မ်ားကိုလည္း မၾကာခဏ ဆဲဆိုလွ်က္ရွိၿပီး ေတြ႕သမွ်လူကို PDF မေကာင္း ေၾကာင္း ေျပာဆို ေနသူျဖစ္သည္ဟု ေဈးသည္ တစ္ဦးက ေျပာသည္။

ဘိုကေလးၿမိဳ႕ခံ ဦးကိုျမင့္က “ဘိုကေလးမွာေတာ့ ဒါ ဒလန္ ပစ္သတ္ခံရတာ ပထမဆုံး အႀကိမ္လို႔ ေျပာရင္ရ တယ္” ဟု ေျပာသည္။

ဘိုကေလးၿမိဳ႕ တဝိုက္တြင္ စစ္တပ္က ေလ့က်င့္ေပးထားသည့္ ပ်ဴေစာထီး အဖြဲ႕မ်ား ရွိေနၿပီး ဘိုကေလးၿမိဳ႕နယ္ ႐ုပ္ဆိုင္ေက်း႐ြာက ပ်ဴေစာထီး အဖြဲ႕ဝင္ အေယာက္ ၃၀ ကို ရန္ကုန္ၿမိဳ႕သို႔ စက္တင္ဘာ ၂၆ ရက္ေန႔ က ေစလႊတ္ လိုက္သည္မ်ား ရွိခဲ့သည္။

စစ္ေကာင္စီတပ္ႏွင့္ ပူးေပါင္း၍ လုံၿခဳံကိစၥရပ္မ်ား ေဆာင္႐ြက္ရန္အတြက္ ဟုဆိုကာ ႐ုပ္ဆိုင္ေက်း႐ြာ အုပ္ခ်ဳပ္ ေရးမႉးက ရန္ကုန္ၿမိဳ႕သို႔ လူ ၃၀ ကို ေစလႊတ္လိုက္ျခင္း ျဖစ္သည္ဟု အုပ္ခ်ဳပ္ေရးမႉးႏွင့္ နီးစပ္သူမ်ားႏွင့္ ေဒသခံ မ်ား က ေျပာသည္။

ပုံစာ – ပစ္သတ္ခံရသည့္ ကိုခ်စ္စမ္းေမာင္အား ဘိုကေလးေဆး႐ုံသို႔ ပို႔ေဆာင္စဥ္