တနင်္သာရီမှ NLD အဖွဲ့ဝင်တစ်ဦး ထိန်းသိမ်းခံထားရစဉ် သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်။
တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာမှ စစ်ကောင်စီက ဖမ်းဆီးသွားသည့် NLD အဖွဲ့ဝင် လူငယ် တစ်ဦးနှင့် အမျိုးသမီး ၃ ဦးတို့ အနက် လူငယ်အမျိုးသားသည် စစ်ကြောရေးတွင် သေဆုံးသွားခဲ့သော်လည်း အလောင်း ပြန်မရဟု မိသားစုဝင်များနှင့် ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က တနင်္သာရီမြို့နယ်က စရဖရုံးဝန်းအတွင်း စရဖဗိုလ်ကြီး မင်းဆွေဦး၏ ကား ဗုံး ဖောက်ခွဲခံရမှုနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းရန် ရှိသည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးသွားခြင်း ဖြစ်ပြီး ထို့နောက် စစ်ကြောရေးတွင် သေဆုံးသွားခြင်း ဖြစ်သည်ဟု မိသားစုဝင်တစ်ဦး က ပြောသည်။
“ ဒီအကြောင်း အပြင် မရောက်စေဖို့နဲ့ လိုင်းပေါ်မတင်ဖို့ အရာရှိ တစ်ယောက်က ခြိမ်းခြောက်ထားတော့ မိသား စုတွေက ကြောက်နေကြတယ်။ အလောင်း ပြန်မရလာဘဲ ရွာပြန်ခဲ့ကြရတယ်” ဟု သေဆုံးသူနှင့် ဆွေမျိုးတော် စပ်သူ တစ်ဦးက ပြောသည်။
သေဆုံးသွားသူ လူငယ်အမျိုးသားမှာ အသက် ၂၆ နှစ်အရွယ်၊ ကိုမင်းမင်းသူ ဖြစ်ပြီး ကျေးရွာတွင် အမျိုးသား ဝတ် အင်္ကျီချုပ်ဆိုင် ဖွင့်ထားသူ တစ်ဦးဖြစ်သည်။
ကိုမင်းမင်းသူသည် ကျန်းမာရေးမကောင်း၍ အသက်သေဆုံးသွားခြင်း ဖြစ်ကြောင်း၊ အလောင်းကို မြိတ်စစ် ဆေးရုံတွင် လာရောက် ထုတ်ယူရန် အောက်တိုဘာ ၂၇ရက်နေ့ (ယမန်နေ့) နံနက်အစောပိုင်းက မိသားစုထံ အကြောင်းကြားလာသည်ဟု သေဆုံးသူ၏ ဆွေမျိုးရင်း တော်စပ်သူတစ်ဦး က ပြောသည်။
သို့သော် မြိတ်စစ်ဆေးရုံသို့ ရောက်ချိန်တွင် အလောင်းကိုမပြဘဲ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသွားသည်ဟု မိသားစုဝင်များကို လက်မှတ်ထိုးခိုင်းပြီး အလောင်းကိုပြန်မပေးဘဲ စစ်ကောင်စီက ၎င်းတို့ကသာ မီးသဂြိုလ်ပေး မည်ဟု ပြောဆိုခဲ့ကြောင်း သေဆုံးသူ၏ ဆွေမျိုး တော်စပ်သူ တစ်ဦးကပြောသည်။
ကိုမင်းမင်းသူနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် တစ်ရွာတည်းနေ အသက် ၂၀ ကျော်ခန့် အရွယ် အမျိုးသမီး ၃ ဦးကို အောက်တိုဘာလ ၂၆ ရက်နေ့ ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။
အောက်တိုဘာလ ၂၅ ရက်နေ့၊ ည ၁၂ နာရီ အချိန်ခန့်တွင် စရဖတပ်ဖွဲ့ဝင်များနှင့် အတူ ၅၅၇ တပ်ရင်းမှ တပ်ဖွဲ့ ဝင်များက လာရောက်ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
*** ZAWGYI ***
တနသၤာရီမွ NLD အဖြဲ႕ဝင္တစ္ဦး ထိန္းသိမ္းခံထားရစဥ္ ေသဆုံး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၈ ရက္။
တနသၤာရီၿမိဳ႕နယ္၊ အေရွ႕ေမာ္တုန္းေက်း႐ြာမွ စစ္ေကာင္စီက ဖမ္းဆီးသြားသည့္ NLD အဖြဲ႕ဝင္ လူငယ္ တစ္ဦးႏွင့္ အမ်ိဳးသမီး ၃ ဦးတို႔ အနက္ လူငယ္အမ်ိဳးသားသည္ စစ္ေၾကာေရးတြင္ ေသဆုံးသြားခဲ့ေသာ္လည္း အေလာင္း ျပန္မရဟု မိသားစုဝင္မ်ားႏွင့္ ေဒသခံမ်ားက ေျပာသည္။
ၿပီးခဲ့သည့္ ရက္သတၱပတ္က တနသၤာရီၿမိဳ႕နယ္က စရဖ႐ုံးဝန္းအတြင္း စရဖဗိုလ္ႀကီး မင္းေဆြဦး၏ ကား ဗုံး ေဖာက္ခြဲခံရမႈႏွင့္ ပတ္သက္၍ စစ္ေဆးေမးျမန္းရန္ ရွိသည္ဟုဆိုကာ စစ္ေကာင္စီက ဖမ္းဆီးသြားျခင္း ျဖစ္ၿပီး ထို႔ေနာက္ စစ္ေၾကာေရးတြင္ ေသဆုံးသြားျခင္း ျဖစ္သည္ဟု မိသားစုဝင္တစ္ဦး က ေျပာသည္။
“ ဒီအေၾကာင္း အျပင္ မေရာက္ေစဖို႔နဲ႔ လိုင္းေပၚမတင္ဖို႔ အရာရွိ တစ္ေယာက္က ၿခိမ္းေျခာက္ထားေတာ့ မိသား စုေတြက ေၾကာက္ေနၾကတယ္။ အေလာင္း ျပန္မရလာဘဲ ႐ြာျပန္ခဲ့ၾကရတယ္” ဟု ေသဆုံးသူႏွင့္ ေဆြမ်ိဳးေတာ္ စပ္သူ တစ္ဦးက ေျပာသည္။
ေသဆုံးသြားသူ လူငယ္အမ်ိဳးသားမွာ အသက္ ၂၆ ႏွစ္အ႐ြယ္၊ ကိုမင္းမင္းသူ ျဖစ္ၿပီး ေက်း႐ြာတြင္ အမ်ိဳးသား ဝတ္ အက်ႌခ်ဳပ္ဆိုင္ ဖြင့္ထားသူ တစ္ဦးျဖစ္သည္။
ကိုမင္းမင္းသူသည္ က်န္းမာေရးမေကာင္း၍ အသက္ေသဆုံးသြားျခင္း ျဖစ္ေၾကာင္း၊ အေလာင္းကို ၿမိတ္စစ္ ေဆး႐ုံတြင္ လာေရာက္ ထုတ္ယူရန္ ေအာက္တိုဘာ ၂၇ရက္ေန႔ (ယမန္ေန႔) နံနက္အေစာပိုင္းက မိသားစုထံ အေၾကာင္းၾကားလာသည္ဟု ေသဆုံးသူ၏ ေဆြမ်ိဳးရင္း ေတာ္စပ္သူတစ္ဦး က ေျပာသည္။
သို႔ေသာ္ ၿမိတ္စစ္ေဆး႐ုံသို႔ ေရာက္ခ်ိန္တြင္ အေလာင္းကိုမျပဘဲ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ေသဆုံးသြားသည္ဟု မိသားစုဝင္မ်ားကို လက္မွတ္ထိုးခိုင္းၿပီး အေလာင္းကိုျပန္မေပးဘဲ စစ္ေကာင္စီက ၎တို႔ကသာ မီးသၿဂိဳလ္ေပး မည္ဟု ေျပာဆိုခဲ့ေၾကာင္း ေသဆုံးသူ၏ ေဆြမ်ိဳး ေတာ္စပ္သူ တစ္ဦးကေျပာသည္။
ကိုမင္းမင္းသူႏွင့္အတူ ဖမ္းဆီးခံခဲ့ရသည့္ တစ္႐ြာတည္းေန အသက္ ၂၀ ေက်ာ္ခန႔္ အ႐ြယ္ အမ်ိဳးသမီး ၃ ဦးကို ေအာက္တိုဘာလ ၂၆ ရက္ေန႔ ညေနပိုင္းတြင္ ျပန္လႊတ္ေပးခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
ေအာက္တိုဘာလ ၂၅ ရက္ေန႔၊ ည ၁၂ နာရီ အခ်ိန္ခန႔္တြင္ စရဖတပ္ဖြဲ႕ဝင္မ်ားႏွင့္ အတူ ၅၅၇ တပ္ရင္းမွ တပ္ဖြဲ႕ ဝင္မ်ားက လာေရာက္ဖမ္းဆီးသြားခဲ့ျခင္း ျဖစ္သည္။